ဘဝရဲ့တန်ဖိုးကို နားလည်နိုင်ဖို့ အသက်ရှင်လျက်နဲ့ အခေါင်းထဲမှာ အိပ်ခဲ့ကြတဲ့ သူများ

59
Source: The New York Times



Source: New York Times




Source: New York Times





Source: New York Times

ကိုးရီးယားနိုင်ငံမှာ လက်တလော ခေတ်စားနေတာက ထူးဆန်းတဲ့ စိတ်ကျန်းမာရေး ကုသမှု တစ်ခုဖြစ်ပြီး၊ အဲဒါကတော့ အသက်ရှင်လျက်နဲ့ အခေါင်းထဲမှာ အိပ်ရတာပါ။ လူပေါင်း (၂) သောင်းခွဲဟာ ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့က Hyowon Healing Center ကို သွားပြီး အခေါင်းထဲမှာ အိပ်ကြပါတယ်။

လူတစ်ဦးက အခေါင်းထဲမှာ အိပ်လိုက်တော့ လူ့ဘဝကို ပို တန်ဖိုးထားတယ်လို့ ပြောပါတယ်။အသက် (၇၅) နှစ်အရွယ် Cho Jae-Hee က “သေခြင်းတရားကို သိပြီး၊ တစ်ခါ ကြုံဖူးတယ် ဆိုရင် အသက်ရှင်ပုံ ပြောင်းလဲလာပါလိမ့်မယ်”လို့ ပြောခဲ့ပါတယ်။ အသက်အရွယ်မရွေးဘဲ ကလေးကနေ ပင်စင်ယူ လူကြီးအထိ၊ အခေါင်းထဲမှာ အိပ်ကြပါတယ်။

Source: The New York Times

ပါဝင်ကြတဲ့ သူတွေဟာ လူသေအဝတ်ကိုဝတ်ပြီး၊ သေတမ်းစာကို ရေးပြီးရင်တော့ အခေါင်းထဲမှာ (၁၀) မိနစ်ကြာ အိပ်စက်ကြရပါတယ်။

တက္ကသိုလ် ကျောင်းသား တစ်ဦးက အခေါင်းထဲမှာ (၁၀) မိနစ်ကြာ အိပ်ပြီးတဲ့ အချိန်မှာ သူ့ရဲ့ ဘဝကို လူတွေနဲ့ ယှဉ်ပြိုင်ပြီး ကုန်ဆုံးခဲ့တာကို သိသွားတယ်လို့ ပြောသွားပါတယ်။

Hyowon ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးမှု Jeong Yong-mun က အခေါင်းထဲ အိပ်ရတဲ့ ရည်ရွယ်ချက်ကို ပြောခဲ့ပါတယ်။ သူက လူတွေအနေနဲ့ သူတို့ရဲ့ ဘဝကို တန်ဖိုးထားဖို့၊ ခွင့်လွတ်ဖို့ နဲ့ ပြန်ပြေလည်ဖို့ပါလို့ ပြောခဲ့ပါတယ်။

Jeong Yong-mun က တစ်ချို့ လူတွေဟာ အချိန်အကြာပြီး ရန်ငြိုးထားကြပြီး၊ လူ တစ်ဦးသေပြီးမှ ပြန်ပြေလည်ကြတယ်လို့ ပြောခဲ့ပါတယ်။

ဒါကြောင့်၊ သူဟာ လူတွေကို သေဆုံးတရားကို သိရှိစေပြီး ပြန်ပြေလည်ကြဖို့ မျှော်လင့်နေတာပါ။ ကုမ္ပဏီရဲ့ နောက်ထပ် ရည်ရွယ်ချက် တစ်ခုကတော့ လူတွေ သူတို့ကိုယ်သူတို့ သတ်သေမှုကို လျှော့ချဖို့ ဖြစ်ပြီး၊ စတင် အကောင်အထည် ဖော်ဆောင်နေပါပြီ။

Ko Khant ( D Nae Khit Media )