ပထမဆုံး မြန်မာကယ်ဆယ်ရေးအဖွဲ့ အီရတ် စစ်မက်ဖြစ်ပွားရာဒေသကို သွားကူ

76

အီရတ်နိုင်ငံ စစ်မက်ဖြစ်ပွားရာဒေသမှာ ထိခိုက်ဒါဏ်ရာရသူတွေကို သွားရောက် အကူအညီပေးခဲ့တဲ့ Free Burma Rangers အဖွဲ့ ဟာ အဲ့ဒီမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတာ သုံးနှစ်လောက်ရှိပါပြီ။

ကရင်၊ ကရင်နီနှင့် ကချင် စတဲ့တိုင်းရင်းသားတွေ ပါဝင်တဲ့ FBR အဖွဲ့ဟာ အီရတ်အစိုးရရဲ့ ဖိတ်ခေါ်ချက်အရ အီရတ်နှင့် ဆီးရီးယား နိုင်ငံကIS တိုက်ခိုက်မှုကြောင့် စစ်မြေပြင်မှာ ထိခိုက်ဒါဏ်ရာရသူတွေကို အစားအသောက်၊ ဆေးဝါးနှင့် ကျန်းမာရေး ကုသမှုတွေ ကူညီစောင့်ရှောက်ပေးဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

စစ်ဖြစ်နေတဲ့ အီရတ်မှာ အန္တရာယ်ကြီးမှန်းသိသိနဲ့ အခုလို အသက်စွန့်ပြီး သွားရောက်ကူညီခဲ့တာနဲ့ ပတ်သက်လို့ Free Burma Rangers တည်ထောင်သူ အမေရိကန်အထူးတပ်ဖွဲ့ က အရာရှိဟောင်းတဦးဖြစ်တဲ့ ဒေးဗစ်ယူဘန်း က အခုလို ပြောပါတယ်။


ဒေးဗစ်။ ။ အဓိကတော့ မေတ္တာ တရား ပါပဲ။ ဖိနှိပ် တိုက်ခိုက်ခံရတဲ့လူတွေကို ကျနော်တို့ ကူညီချင်တယ်။ ဗမာပြည်က တိုင်းရင်းသားနယ်မြေတွေမှာ ကျွန်တော်တို့ ကူညီဆောင်ရွက် ပေးသလို သွားရောက်ကူညီတာပါ။ ကျနော်တို့အဖွဲ့ဟာ မြန်မာပြည်က တိုင်းရင်းသားလူမျိုးတွေနဲ့ ဖွဲ့စည်းထားတာပါ။

သူတို့ တတွေဟာ အံ့သြ စရာ သိပ်ကောင်းပါတယ်။ ဗမာပြည်မှာတင်မဟုတ်ပဲ တခြားနေရာတွေမှာ ဒုက္ခရောက်နေတဲ့လူတွေကို လည်း အကူအညီပေးချင်တယ်။ အဲဒီကြောင့် ကျနော်တို့ အီရတ်ကို သွားဖြစ်တယ်။ အခုဆိုရင် အီရတ်နဲ့ ဆီးရီးယားနိုင်ငံကလူတွေ မြန်မာပြည်က လူတွေကို သိသွားကြပြီ။

သူတို့ကပြောတယ် ကျနော်တို့ကို အခုလို အသက်စွန်ပြီး အကူအညီ လာပေးတဲ့ အတွက် ကျေးဇူးတင်တယ်။ ခင်ဗျားတို့ကို ကျွန်တော်တို့က ချစ်ခင်တယ်၊ ခင်ဗျားတို့အတွက်ကျွန်တော်တို့ ဆုတောင်းပေးမယ်။ ဗမာပြည်မှာ ကျနော်တို့ ကူညီနိုင်တာရှိရင်လည်း ပြောပါလို့ ပြောကြတယ်။

Free Burma Rangers အဖွဲ့ကို ၁၉၉၇ ခုနှစ်က စတင်တည်ထောင်ခဲ့တယ်။ အဖွဲ့ဝင်တွေထဲမှာ ဆေးမှူးတွေနဲ့ ဗွီဒီယိုမှတ်တမ်းတင်သူတွေလည်း ပါပါတယ်။ သူတို့က ပြီးခဲ့တဲ့ဇွန်လထဲမှာပဲ တိုက်ပွဲပြင်းထန်တဲ့ မိုဆူးလ်မြို့မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ပါတယ်။

မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသားနယ်မြေတချို့ မှာ ကြုံတွေ့ခဲ့ရတဲ့ အန္တရာယ် တွေထက် ပိုကြီးကျယ်တဲ့ အန္တရာယ်တွေရှိတဲ့ အီရတ်နိုင်ငံ စစ်မြေပြင်မှာ ကယ်ဆယ်ရေး အလုပ်တွေလုပ်တဲ့ အခါ ဘုရားသခင်က ကာကွယ်စောင့်ရှောက် ပေးမယ် ဆိုတဲ့ ယုံကြည်မှုက သူတို့ကို လုံခြုံမှု ရစေတယ်လို့ ဒေးဗစ်ကဆိုပါတယ်။

ဒေးဗစ်။ ။ ကျနော်တို့ မှန်မှန် ဘုရားရှိခိုးတယ်။ နောက်ပြီး IS ရဲ့ ပစ်ကွင်းတွေကို ကျွန်တော်တို့ ရှောင်တယ်။ အမြောက်ပစ်တင့်ကားတွေနဲ့ လည်း အကာအကွယ်ယူပါတယ်။ ကျနော်တို့အလုပ်က သူများကို တိုက်ခိုက်တာ မဟုတ်ဘူးလေ၊ မြန်မာပြည်မှာလည်း ကျနော်တို့ အစိုးရစစ်တပ်တွေကို တတ်နိုင်သလောက် ရှောင်တယ်။

အီရတ်မှာလည်း IS ကို ရှောင်တယ်။ ဒါပေမယ့် တခါတလေကျတော့ ဘယ်လိုမှ ရှောင်လို့ မဖြစ်နိုင်တဲ့ အခြေအနေမျိုး ကြုံရပါတယ်။ တခါတလေ IS က ကျနော်တို့ကို လာပြီးတိုက်ခိုက်တာနဲ့ ကြုံရပါတယ်။ သူတို့က ကလေးပါမရှောင် ပစ်ခတ်တိုက်ခိုက် သလို ဆေးကုသမှု ပေးနေတဲ့လူကိုလည်း ပစ်ချင်ရင်ပစ်ပါတယ်။

အီရတ်နိုင်ငံက IS စစ်သားတွေဟာ အစ္စလာမစ် အစွန်းရောက်သမားတွေ ဖြစ်တဲ့အတွက် အီရတ်နိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ မြန်မာနိုင်ငံနဲ့ မတူပဲ ပိုပြီးအန္တရာယ်ကြီးတယ်လို့လည်း ဒေးဗစ်က ပြောပါတယ်။ သူတို့က လူတကာကို သတ်ဖြတ်တယ်။ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးတွေ ကိုလည်း တိုက်ခိုက်ပါတယ်။ သူတို့က အစွန်းရောက်သမားတွေ ဆိုတော့ သူတို့နဲ့ ညှိနှိုင်း ဆွေးနွေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး လို့ ဒေးဗစ်က ပြောပါတယ်။

ဒါပေမယ့် မေတ္တာတရားကို အခြေခံပြီး အများကောင်းကျိုးကို လုပ်ဆောင်နေတာဖြစ်လို့ သူတို့က လူ့အသက်တစ်ချောင်းအတွက် စွန့်စားဖို့ ဝန်မလေး ကြဘူးလို့ ဒေးဗစ်ယူဘန်းက ပြော ပါတယ်။ မိုဆူးလ်မှာ ဒေးဗစ်ကိုယ်တိုင် ပစ်ခတ်မှုတွေ အကြားမှာ ပိတ်မိနေတဲ့ ခလေးမလေးဆီကို အပြေးသွားပြီး ချီပွေ့ကယ်တင်နိုင်ခဲ့ပါတယ်။

အဲ့သလို ကယ်ဆယ်နေတာကို သူနဲ့ အတူ လိုက်ပါ သွားတဲ့ ကရင်လူမျိုးကပေါ်စေး က ဗွီဒီယို ရိုက်ကူးမှတ်တမ်းတင်ခဲ့ပါတယ်။

ဒေးဗစ်က တကယ်လို့များ အဲ့ဒီအချိန်က သူကျည်ဆန် ထိမှန်ပြီး သေဆုံးသွားမယ်ဆိုရင် သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေက သူ့ဟာ သူတပါး အသက်ကို ကယ်တင်ဖို့ ကြိုးစားရင်း အသက်ဆုံးရှုံးသွားရတယ် ဆိုပြီး ခွင့်လွှတ်နားလည်ပေးကြမှာပါ လို့မှတ်ချက်ပေးပါတယ်။

BBC Burmese

အီရတ္ႏိုင္ငံ စစ္မက္ျဖစ္ပြားရာေဒသမွာ ထိခိုက္ဒါဏ္ရာရသူေတြကို သြားေရာက္ အကူအညီေပးခဲ့တဲ့ Free Burma Rangers အဖြဲ႕ ဟာ အဲ့ဒီမွာ ကယ္ဆယ္ေရး လုပ္ငန္းေတြ လုပ္ေနတာ သုံးႏွစ္ေလာက္ရွိပါၿပီ။

ကရင္၊ ကရင္နီႏွင့္ ကခ်င္ စတဲ့တိုင္းရင္းသားေတြ ပါဝင္တဲ့ FBR အဖြဲ႕ဟာ အီရတ္အစိုးရရဲ႕ ဖိတ္ေခၚခ်က္အရ အီရတ္ႏွင့္ ဆီးရီးယား ႏိုင္ငံကIS တိုက္ခိုက္မႈေၾကာင့္ စစ္ေျမျပင္မွာ ထိခိုက္ဒါဏ္ရာရသူေတြကို အစားအေသာက္၊ ေဆးဝါးႏွင့္ က်န္းမာေရး ကုသမႈေတြ ကူညီေစာင့္ေရွာက္ေပးဖို႔ သြားေရာက္ခဲ့တာျဖစ္ပါတယ္။

စစ္ျဖစ္ေနတဲ့ အီရတ္မွာ အႏၲရာယ္ႀကီးမွန္းသိသိနဲ႔ အခုလို အသက္စြန္႔ၿပီး သြားေရာက္ကူညီခဲ့တာနဲ႔ ပတ္သက္လို႔ Free Burma Rangers တည္ေထာင္သူ အေမရိကန္အထူးတပ္ဖြဲ႕ က အရာရွိေဟာင္းတဦးျဖစ္တဲ့ ေဒးဗစ္ယူဘန္း က အခုလို ေျပာပါတယ္။

ေဒးဗစ္။ ။ အဓိကေတာ့ ေမတၱာ တရား ပါပဲ။ ဖိႏွိပ္ တိုက္ခိုက္ခံရတဲ့လူေတြကို က်ေနာ္တို႔ ကူညီခ်င္တယ္။ ဗမာျပည္က တိုင္းရင္းသားနယ္ေျမေတြမွာ ကြၽန္ေတာ္တို႔ ကူညီေဆာင္႐ြက္ ေပးသလို သြားေရာက္ကူညီတာပါ။ က်ေနာ္တို႔အဖြဲ႕ဟာ ျမန္မာျပည္က တိုင္းရင္းသားလူမ်ိဳးေတြနဲ႔ ဖြဲ႕စည္းထားတာပါ။

သူတို႔ တေတြဟာ အံ့ၾသ စရာ သိပ္ေကာင္းပါတယ္။ ဗမာျပည္မွာတင္မဟုတ္ပဲ တျခားေနရာေတြမွာ ဒုကၡေရာက္ေနတဲ့လူေတြကို လည္း အကူအညီေပးခ်င္တယ္။ အဲဒီေၾကာင့္ က်ေနာ္တို႔ အီရတ္ကို သြားျဖစ္တယ္။ အခုဆိုရင္ အီရတ္နဲ႔ ဆီးရီးယားႏိုင္ငံကလူေတြ ျမန္မာျပည္က လူေတြကို သိသြားၾကၿပီ။

သူတို႔ကေျပာတယ္ က်ေနာ္တို႔ကို အခုလို အသက္စြန္ၿပီး အကူအညီ လာေပးတဲ့ အတြက္ ေက်းဇူးတင္တယ္။ ခင္ဗ်ားတို႔ကို ကြၽန္ေတာ္တို႔က ခ်စ္ခင္တယ္၊ ခင္ဗ်ားတို႔အတြက္ကြၽန္ေတာ္တို႔ ဆုေတာင္းေပးမယ္။ ဗမာျပည္မွာ က်ေနာ္တို႔ ကူညီႏိုင္တာရွိရင္လည္း ေျပာပါလို႔ ေျပာၾကတယ္။

Free Burma Rangers အဖြဲ႕ကို ၁၉၉၇ ခုႏွစ္က စတင္တည္ေထာင္ခဲ့တယ္။ အဖြဲ႕ဝင္ေတြထဲမွာ ေဆးမႉးေတြနဲ႔ ဗြီဒီယိုမွတ္တမ္းတင္သူေတြလည္း ပါပါတယ္။ သူတို႔က ၿပီးခဲ့တဲ့ဇြန္လထဲမွာပဲ တိုက္ပြဲျပင္းထန္တဲ့ မိုဆူးလ္ၿမိဳ႕မွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ သြားေရာက္ေဆာင္႐ြက္ခဲ့ပါတယ္။

ျမန္မာျပည္က စစ္ျဖစ္ေနတဲ့ တိုင္းရင္းသားနယ္ေျမတခ်ိဳ႕ မွာ ႀကဳံေတြ႕ခဲ့ရတဲ့ အႏၲရာယ္ ေတြထက္ ပိုႀကီးက်ယ္တဲ့ အႏၲရာယ္ေတြရွိတဲ့ အီရတ္ႏိုင္ငံ စစ္ေျမျပင္မွာ ကယ္ဆယ္ေရး အလုပ္ေတြလုပ္တဲ့ အခါ ဘုရားသခင္က ကာကြယ္ေစာင့္ေရွာက္ ေပးမယ္ ဆိုတဲ့ ယုံၾကည္မႈက သူတို႔ကို လုံၿခဳံမႈ ရေစတယ္လို႔ ေဒးဗစ္ကဆိုပါတယ္။

ေဒးဗစ္။ ။ က်ေနာ္တို႔ မွန္မွန္ ဘုရားရွိခိုးတယ္။ ေနာက္ၿပီး IS ရဲ႕ ပစ္ကြင္းေတြကို ကြၽန္ေတာ္တို႔ ေရွာင္တယ္။ အေျမာက္ပစ္တင့္ကားေတြနဲ႔ လည္း အကာအကြယ္ယူပါတယ္။ က်ေနာ္တို႔အလုပ္က သူမ်ားကို တိုက္ခိုက္တာ မဟုတ္ဘူးေလ၊ ျမန္မာျပည္မွာလည္း က်ေနာ္တို႔ အစိုးရစစ္တပ္ေတြကို တတ္ႏိုင္သေလာက္ ေရွာင္တယ္။

အီရတ္မွာလည္း IS ကို ေရွာင္တယ္။ ဒါေပမယ့္ တခါတေလက်ေတာ့ ဘယ္လိုမွ ေရွာင္လို႔ မျဖစ္ႏိုင္တဲ့ အေျခအေနမ်ိဳး ႀကဳံရပါတယ္။ တခါတေလ IS က က်ေနာ္တို႔ကို လာၿပီးတိုက္ခိုက္တာနဲ႔ ႀကဳံရပါတယ္။ သူတို႔က ကေလးပါမေရွာင္ ပစ္ခတ္တိုက္ခိုက္ သလို ေဆးကုသမႈ ေပးေနတဲ့လူကိုလည္း ပစ္ခ်င္ရင္ပစ္ပါတယ္။

အီရတ္ႏိုင္ငံက IS စစ္သားေတြဟာ အစၥလာမစ္ အစြန္းေရာက္သမားေတြ ျဖစ္တဲ့အတြက္ အီရတ္ႏိုင္ငံမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ကိုင္ရာမွာ ျမန္မာႏိုင္ငံနဲ႔ မတူပဲ ပိုၿပီးအႏၲရာယ္ႀကီးတယ္လို႔လည္း ေဒးဗစ္က ေျပာပါတယ္။ သူတို႔က လူတကာကို သတ္ျဖတ္တယ္။ အထူးသျဖင့္ အမ်ိဳးသမီးနဲ႔ ကေလးေတြ ကိုလည္း တိုက္ခိုက္ပါတယ္။ သူတို႔က အစြန္းေရာက္သမားေတြ ဆိုေတာ့ သူတို႔နဲ႔ ညႇိႏႈိင္း ေဆြးေႏြးဖို႔ ဆိုတာ မျဖစ္ႏိုင္ဘူး လို႔ ေဒးဗစ္က ေျပာပါတယ္။

ဒါေပမယ့္ ေမတၱာတရားကို အေျခခံၿပီး အမ်ားေကာင္းက်ိဳးကို လုပ္ေဆာင္ေနတာျဖစ္လို႔ သူတို႔က လူ႔အသက္တစ္ေခ်ာင္းအတြက္ စြန္႔စားဖို႔ ဝန္မေလး ၾကဘူးလို႔ ေဒးဗစ္ယူဘန္းက ေျပာ ပါတယ္။ မိုဆူးလ္မွာ ေဒးဗစ္ကိုယ္တိုင္ ပစ္ခတ္မႈေတြ အၾကားမွာ ပိတ္မိေနတဲ့ ခေလးမေလးဆီကို အေျပးသြားၿပီး ခ်ီေပြ႕ကယ္တင္ႏိုင္ခဲ့ပါတယ္။

အဲ့သလို ကယ္ဆယ္ေနတာကို သူနဲ႔ အတူ လိုက္ပါ သြားတဲ့ ကရင္လူမ်ိဳးကေပၚေစး က ဗြီဒီယို ႐ိုက္ကူးမွတ္တမ္းတင္ခဲ့ပါတယ္။

ေဒးဗစ္က တကယ္လို႔မ်ား အဲ့ဒီအခ်ိန္က သူက်ည္ဆန္ ထိမွန္ၿပီး ေသဆုံးသြားမယ္ဆိုရင္ သူ႔ရဲ႕ ဇနီးနဲ႔ သားသမီးေတြက သူ႔ဟာ သူတပါး အသက္ကို ကယ္တင္ဖို႔ ႀကိဳးစားရင္း အသက္ဆုံးရႈံးသြားရတယ္ ဆိုၿပီး ခြင့္လႊတ္နားလည္ေပးၾကမွာပါ လို႔မွတ္ခ်က္ေပးပါတယ္။

BBC Burmese