နာမည်ကြီး ဇာတ်မင်းသား စွမ်းဇာနည် ပြသနာတက်ပြန်ပြီ

396

မန္တလေး အမရပူရမြို့နယ် နန်းတော်ရာစံပြကွက်သစ်ဘုရားပွဲတွင် ကပြဖျော်ဖြေရေးအတွက် မင်းသားစွမ်းဇာနည်အား ပွဲငှါးရမ်းထားခဲ့ရာ ပွဲကပြရမည့်ရက်တွင် မင်းသား ရောက်မလာရာမှ ပြသနာစတင် ဖြစ်ပွားပြီး ပွဲအတွက်ပြင်ဆင်ထားသော ဇာတ်ပွဲပစ္စည်းများ ပြန်လည် သိမ်းဆည်းသွားခဲ့ပါတယ်။

ပွဲတော်ကော်မတီက ဇာတ်ပစ္စည်းတင်ဆောင်တဲ့ ကားလေးစီး ထိန်းသိမ်းထားတယ်လို့သိရပါတယ်။အဆိုပါပြသနာဖြစ်ပွားမှုကြောင့် ဟန်ဇာမိုးဝင်းဇာတ်ကို ပြောင်းလဲငှါးရမ်း ခဲ့ပြီး

လပြည့်ကျော် ၂ရက် ၃ရက်နေ့များတွင် ရုံဝင်ကြေး အခမဲ့ဖြင့် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားသည်ဟု ပွဲတော်ကော်မတီ တာဝန်ရှိလူကြီးတစ်ဦးမှ ရေးသားထားတာကိုတွေ့ရပါတယ်။


Source – A Sai

အမရပူရမြို့ နန်းတော်ရာစံပြကွက်သစ် ပွဲတော်ဖြစ်မြောက်ရေးကော်မတီ




Source – A Sai
