ဂျပန်ဧကရာဇ်သစ်နှင့်မိဖုရား တိုင်းခန်းလှည့်လည်

70

ဂျပန်ဧကရာဇ် နန်းတက်ပွဲ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၀ ရက်က ဧကရာဇ် နာရူဟီတိုနဲ့ ဖိဖုရား မာဆာကိုတို့ဟာ တိုကျိုမြို့ကို ယာဉ်တန်းနဲ့ တိုင်းခန်း လှည့်လည်ခဲ့ပါတယ်။

အဲဒီလို လှည့်လည်ရာမှာ လမ်းဘေးဝဲယာကနေ ဂျပန်ပြည်သူတွေက အလံတွေ ဝှေ့ယမ်း ကြိုဆိုကြသလို မိုဘိုင်းဖုန်းတွေနဲ့လည်း ဧကရာဇ်နဲ့မိဖုရားကို လျှပ်တပြက် ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက ခမည်းတော် အာကီဟီတို ထီးနန်းစွန့်ပြီးနောက် အသက် ၅၉ နှစ်အရွယ် နာရူဟီတိုဟာ ဂျပန်ထီးနန်းကို ဆက်ခံခဲ့တာပါ။


ဧကရာဇ် နာရူဟီတိုနဲ့မိဖုရား မာဆာကိုတို့ဟာ အမိုးပွင့် မော်တော်ကားထဲကနေ ဂျပန်ပြည်သူတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခဲ့ပါတယ်။

ဧကရာဇ်နန်းတော်ကနေ ညနေ ၃ နာရီဝန်းကျင်မှာ အခုလို ယာဉ်တန်းနဲ့ စတင်ထွက်ခွာခဲ့ပြီး တိုကျိုမြို့တွင်း မိနစ် ၃၀ ကြာ လှည့်လည်ခဲ့ပါတယ်။

ဂျပန်ဧကရာဇ်နဲ့ မိဖုရားတို့ရဲ့ တိုင်းခန်းလှည့်လည်ပွဲကို မူလက အောက်တိုဘာလ ၂၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် တိုင်ဖွန်းဟာဂီဘိစ် ဝင်ရောက်ခဲ့တာကြောင့် ရွှေ့ဆိုင်းခဲ့ တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

This news is published with the permission of DVB TV News.

ဂ်ပန္ဧကရာဇ္ နန္းတက္ပြဲ အထိမ္းအမွတ္အျဖစ္ ႏိုဝင္ဘာ ၁၀ ရက္က ဧကရာဇ္ နာ႐ူဟီတိုနဲ႔ ဖိဖုရား မာဆာကိုတို႔ဟာ တိုက်ိဳၿမိဳ႕ကို ယာဥ္တန္းနဲ႔ တိုင္းခန္း လွည့္လည္ခဲ့ပါတယ္။

အဲဒီလို လွည့္လည္ရာမွာ လမ္းေဘးဝဲယာကေန ဂ်ပန္ျပည္သူေတြက အလံေတြ ေဝွ႔ယမ္း ႀကိဳဆိုၾကသလို မိုဘိုင္းဖုန္းေတြနဲ႔လည္း ဧကရာဇ္နဲ႔မိဖုရားကို လွ်ပ္တျပက္ ဓာတ္ပုံ ႐ိုက္ခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ ေမလတုန္းက ခမည္းေတာ္ အာကီဟီတို ထီးနန္းစြန႔္ၿပီးေနာက္ အသက္ ၅၉ ႏွစ္အ႐ြယ္ နာ႐ူဟီတိုဟာ ဂ်ပန္ထီးနန္းကို ဆက္ခံခဲ့တာပါ။

ဧကရာဇ္ နာ႐ူဟီတိုနဲ႔မိဖုရား မာဆာကိုတို႔ဟာ အမိုးပြင့္ ေမာ္ေတာ္ကားထဲကေန ဂ်ပန္ျပည္သူေတြကို လက္ေဝွ႔ယမ္း ႏႈတ္ဆက္ခဲ့ပါတယ္။

ဧကရာဇ္နန္းေတာ္ကေန ညေန ၃ နာရီဝန္းက်င္မွာ အခုလို ယာဥ္တန္းနဲ႔ စတင္ထြက္ခြာခဲ့ၿပီး တိုက်ိဳၿမိဳ႕တြင္း မိနစ္ ၃၀ ၾကာ လွည့္လည္ခဲ့ပါတယ္။

ဂ်ပန္ဧကရာဇ္နဲ႔ မိဖုရားတို႔ရဲ႕ တိုင္းခန္းလွည့္လည္ပြဲကို မူလက ေအာက္တိုဘာလ ၂၂ ရက္ေန႔မွာ က်င္းပဖို႔ စီစဥ္ခဲ့ေပမယ့္ တိုင္ဖြန္းဟာဂီဘိစ္ ဝင္ေရာက္ခဲ့တာေၾကာင့္ ေ႐ႊ႕ဆိုင္းခဲ့ တယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။

This news is published with the permission of DVB TV News.