ကြက်ဥပြုတ်အလုံး ၅၀ တပြိုင်တည်းစားသည့် အလောင်းအစားကြောင့် အိန္ဒိယ အမျိုးသား သေဆုံး

99
Photo: Enrico Mantegazza/Unsplash

ကြက်ဥပြုတ် အလုံး ၅၀ ကိုတပြိုင်တည်း စားရမယ့် ရူးရူးမိုက်မိုက် အလောင်းအစား တခုကြောင့် အိန္ဒိယနိုင်ငံ အူတရာ ပရာဒတ်ရှ်ပြည်နယ်က အမျိုးသားတဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ဟာ နိုဝင်ဘာ ၃ ရက်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေ့မှာ ဆဘ်ဟတ်ယာဒတ်လို့ ခေါ်တဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသားဟာ ဂျွန်ပူရာ ခရိုင် ဘီဘီဂျန့်ဈေးထဲ သွားရင်း အချေအတင် ငြင်းခုံမှု ဖြစ်ပွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ငြင်းခုံမှုဟာ ‌နောက်ဆုံးမှာ အလောင်းတခုအဖြစ်ကို ပြောင်းလဲသွားခဲ့ပြီး ကြက်ဥပြုတ် အလုံး ၅၀ ကို တပြိုင်နက်တည်း စားပြမယ်လို့ ယာဒတ်က သူ့သူငယ်ချင်းကို စိန်ခေါ်ခဲ့ပါတယ်။


ဒီစိန်ခေါ်မှုအတွက် လောင်းကြေးဟာ ရူပီး ၂၀၀၀ (ကန်ဒေါ်လာ ၂၈ ဒါ်လာ) ဖြစ်ပြီး သူ့သူငယ်ချင်းကလည်း ဒီစိန်ခေါ်မှုကို လက်ခံခဲ့ပါတယ်။ ဒါကြောင့် ယာဒတ်ဟာ ဈေးထဲက ဈေးသည်တဦးဆီကနေ ကြက်ဥပြုတ် အလုံး ၅၀ ကို ဝယ်ခဲ့ပြီး သူ့သူငယ်ချင်းအရှေ့မှာတင် စားပြခဲ့ပါတယ်။

အစပိုင်းမှာတော့ ယာဒတ်ဟာ အခက်အခဲမရှိ ကြက်ဥတွေကို စားနိုင်ခဲ့ပေမယ့် ၄၂ လုံးမြောက်မှာတော့ သူဟာ ရုတ်တရက် သတိမေ့သွားခဲ့ပါတယ်။

ဒါကြောင့် သူငယ်ချင်းဖြစ်သူက အရေးပေါ်ဝန်ထမ်းတွေကို ခေါ်ယူခဲ့ရပြီး ယာဒတ်ကို နီးစပ်ရာ ဆေးရုံဆီ တင်ပို့ခဲ့ရပါတယ်။ ဆေးရုံမှာ ဆရာဝန်တွေက အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်လည်း ဒီကြိုးပမ်းမှုဟာ အရာမထင်ခဲ့ပါဘူး။

ယာဒတ်ဟာ လုံးဝ သတိပြန်လည်လာခြင်းမရှိတော့ဘဲ သူ့ကို သေဆုံးသွားခဲ့ပြီလို့ ဆရာဝန်တွေက သတ်မှတ်လိုက်ပါတယ်။ လက်ရှိအချိန်ထိတော့ ယာဒတ် သေဆုံးရတဲ့အကြောင်းအရင်း တိတိကျကျကို မသိရသေးပေမယ့် ဆရာဝန်‌တွေကတော့ ဒါဟာ ကြက်ဥတွေကို အလွန်အကျူး စားလိုက်တာကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

This news is published with the permission of DVB TV News.

ၾကက္ဥျပဳတ္ အလုံး ၅၀ ကိုတၿပိဳင္တည္း စားရမယ့္ ႐ူး႐ူးမိုက္မိုက္ အေလာင္းအစား တခုေၾကာင့္ အိႏၵိယႏိုင္ငံ အူတရာ ပရာဒတ္ရွ္ျပည္နယ္က အမ်ိဳးသားတဦး အသက္ ဆုံးရႈံးခဲ့ရတယ္လို႔ OC သတင္းမွာ ေဖာ္ျပပါတယ္။

ဒီျဖစ္ရပ္ဟာ ႏိုဝင္ဘာ ၃ ရက္မွာ ျဖစ္ပြားခဲ့တာပါ။ အဲဒီေန႔မွာ ဆဘ္ဟတ္ယာဒတ္လို႔ ေခၚတဲ့ အသက္ ၄၂ ႏွစ္အ႐ြယ္ အမ်ိဳးသားဟာ ဂြၽန္ပူရာ ခ႐ိုင္ ဘီဘီဂ်န႔္ေဈးထဲ သြားရင္း အေခ်အတင္ ျငင္းခုံမႈ ျဖစ္ပြားခဲ့ပါတယ္။

သူတို႔ႏွစ္ေယာက္ရဲ႕ ျငင္းခုံမႈဟာ ‌ေနာက္ဆုံးမွာ အေလာင္းတခုအျဖစ္ကို ေျပာင္းလဲသြားခဲ့ၿပီး ၾကက္ဥျပဳတ္ အလုံး ၅၀ ကို တၿပိဳင္နက္တည္း စားျပမယ္လို႔ ယာဒတ္က သူ႔သူငယ္ခ်င္းကို စိန္ေခၚခဲ့ပါတယ္။

ဒီစိန္ေခၚမႈအတြက္ ေလာင္းေၾကးဟာ ႐ူပီး ၂၀၀၀ (ကန္ေဒၚလာ ၂၈ ဒၚလာ) ျဖစ္ၿပီး သူ႔သူငယ္ခ်င္းကလည္း ဒီစိန္ေခၚမႈကို လက္ခံခဲ့ပါတယ္။ ဒါေၾကာင့္ ယာဒတ္ဟာ ေဈးထဲက ေဈးသည္တဦးဆီကေန ၾကက္ဥျပဳတ္ အလုံး ၅၀ ကို ဝယ္ခဲ့ၿပီး သူ႔သူငယ္ခ်င္းအေရွ႕မွာတင္ စားျပခဲ့ပါတယ္။

အစပိုင္းမွာေတာ့ ယာဒတ္ဟာ အခက္အခဲမရွိ ၾကက္ဥေတြကို စားႏိုင္ခဲ့ေပမယ့္ ၄၂ လုံးေျမာက္မွာေတာ့ သူဟာ ႐ုတ္တရက္ သတိေမ့သြားခဲ့ပါတယ္။

ဒါေၾကာင့္ သူငယ္ခ်င္းျဖစ္သူက အေရးေပၚဝန္ထမ္းေတြကို ေခၚယူခဲ့ရၿပီး ယာဒတ္ကို နီးစပ္ရာ ေဆး႐ုံဆီ တင္ပို႔ခဲ့ရပါတယ္။ ေဆး႐ုံမွာ ဆရာဝန္ေတြက အေကာင္းဆုံး ႀကိဳးစားခဲ့ေပမယ့္လည္း ဒီႀကိဳးပမ္းမႈဟာ အရာမထင္ခဲ့ပါဘူး။

ယာဒတ္ဟာ လုံးဝ သတိျပန္လည္လာျခင္းမရွိေတာ့ဘဲ သူ႔ကို ေသဆုံးသြားခဲ့ၿပီလို႔ ဆရာဝန္ေတြက သတ္မွတ္လိုက္ပါတယ္။ လက္ရွိအခ်ိန္ထိေတာ့ ယာဒတ္ ေသဆုံးရတဲ့အေၾကာင္းအရင္း တိတိက်က်ကို မသိရေသးေပမယ့္ ဆရာဝန္‌ေတြကေတာ့ ဒါဟာ ၾကက္ဥေတြကို အလြန္အက်ဴး စားလိုက္တာေၾကာင့္ ျဖစ္တယ္လို႔ မွတ္ခ်က္ျပဳပါတယ္။

This news is published with the permission of DVB TV News.