ရုတ်တရက် ချစ်သူကို ပရိသတ်ရှေ့ခေါ်လာတဲ့ ‘John Wich’မင်းသားကြီး ကနူးရီးဗ်

266

ဟောလိဝုဒ်ရဲ့ ဝင်ငွေအကောင်းဆုံး သရုပ်ဆောင်တွေထဲမှာ ထိပ်တန်းက ပါဝင်တဲ့ မင်းသားကြီး ကနူးရီးဗ်ဟာ မကြာသေးခင်က အခမ်းအနားတစ်ခုမှာ သူရဲ့ လက်ရှိချစ်သူကို ပရိသတ်နဲ့ အသိပေးမိတ်ဆက်ခဲ့ကြောင်း သိရပါတယ်။ မင်းသားပြီး ကနူးရီးဗ်ဟာ လက်ရှိအချိန်မှာ အသက်(၅၅)နှစ် ရှိနေပါပြီ။

ဒါပေမယ့် အရွယ်တင်လွန်းတဲ့ မင်းသားကြီးဟာ သူ့ရဲ့ လက်ရှိချစ်သူထက်တောင် ပိုပြီး နုပျိုနေသယောင် ထင်ရပါတယ်။ တကယ်တော့ သူ့ရဲ့ချစ်သူက (၉)နှစ်တောင် သူ့ထက်ငယ်ပါသတဲ့။ မင်းသားကြီး ကနူးဟာ အနုပညာလုပ်သက် (၃၅)နှစ်အတွင်းမှာ ကောဇောနီပေါ်ကို ဘယ်ကောင်မလေးမှ ခေါ်မလာဖူးခဲ့သူပါ။

အခုပွဲကတော့ Gucci က ကျင်းပတဲ့ LACMA Art + Film Gala ပွဲဖြစ်ပါတယ်။ ချစ်သူအမျိုးသမီးရဲ့နာမည်ကတော့ Alexandra Grant ဖြစ်ပါတယ်။ သူမဟာ (၄၆)နှစ်ဖြစ်ပြီး၊ အမေရိကန်လူမျိုး Visual artist တစ်ယောက် ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်အချိန်လောက်ကတည်းက တွဲနေခဲ့တယ်ဆိုတာ သတင်းမီဒီယာတွေက ခြေရာမခံနိုင်ခဲ့ပါဘူး။

သို့သော်လည်း နှစ်ယောက်သား ကြည့်ရတာ အလွန်ခိုင်မာတဲ့သံယောဇဉ်နဲ့ ရွှေလက်တွဲခဲ့့ပုံရပါတယ်။ သိရသလောက်ကတော့ သူတို့နှစ်ယောက်ဟာ (၂၀၁၆)ခုနှစ်က Ode To Happiness and Shadows ပွဲမှာစတင်ဆုံစည်းခဲ့ပုံရပြီး၊ အဲဒီပွဲမှာ Grant ရဲ့ ဖန်တီးမှုစွမ်းရည်တွေ မြင်တွေ့ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီတွေ့ဆုံမှုဟာ သူတို့နှစ်ယောက်အတွက် ပထမဆုံး တွေ့ဆုံမှုမဖြစ်နိုင်ကြောင်း၊ အဲဒီပွဲမတိုင်ခင် နှစ်တော်တော်ကြာကတည်းက သူတို့တစ်တွေ တိတ်တိတ်ကလေး Date နေပုံရကြောင်း ဆိုပါတယ်။ အကြောင်းကတော့ အဲဒီပွဲမှာကတည်းက တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်နေခဲ့တာပါ။

မင်းသားကြီး ကနူးရီးဗ်ဟာ (၁၉၉၀)ဝန်းကျင်လောက်မှာ မင်းသမီး Jennifer Syme နဲ့ တရားဝင်တွဲခဲ့ပါတယ်။ (၉၉)ခုနှစ်မှာ သမီးလေးတစ်ယောက် မွေးခဲ့တယ်ဆိုသော်လည်း အသက်မပါလာခဲ့ပါဘူး။ (၂၀၀၁)ခုနှစ်မှာတော့ သူ့ချစ်သူ Jennifer ကားမတော်တဆမှုနဲ့ သေဆုံးခဲ့ပါတယ်။ ထိုစဉ်တုန်းကတည်း သူဟာ စိတ်ကျရောဂါ ခံစားခဲ့ရပါတယ်။

လင်းဇော်ကို D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

ေဟာလိဝုဒ္ရဲ႕ ဝင္ေငြအေကာင္းဆုံး သ႐ုပ္ေဆာင္ေတြထဲမွာ ထိပ္တန္းက ပါဝင္တဲ့ မင္းသားႀကီး ကႏူးရီးဗ္ဟာ မၾကာေသးခင္က အခမ္းအနားတစ္ခုမွာ သူရဲ႕ လက္ရွိခ်စ္သူကုိ ပရိသတ္နဲ႔ အသိေပးမိတ္ဆက္ခဲ့ေၾကာင္း သိရပါတယ္။ မင္းသားႀပီး ကႏူးရီးဗ္ဟာ လက္ရွိအခ်ိန္မွာ အသက္(၅၅)ႏွစ္ ရွိေနပါၿပီ။

ဒါေပမယ့္ အရြယ္တင္လြန္းတဲ့ မင္းသားႀကီးဟာ သူ႕ရဲ႕ လက္ရွိခ်စ္သူထက္ေတာင္ ပုိၿပီး ႏုပ်ိဳေနသေယာင္ ထင္ရပါတယ္။ တကယ္ေတာ့ သူ႕ရဲ႕ခ်စ္သူက (၉)ႏွစ္ေတာင္ သူ႕ထက္ငယ္ပါသတဲ့။ မင္းသားႀကီး ကႏူးဟာ အႏုပညာလုပ္သက္ (၃၅)ႏွစ္အတြင္းမွာ ေကာေဇာနီေပၚကို ဘယ္ေကာင္မေလးမွ ေခၚမလာဖူးခဲ့သူပါ။

အခုပြဲကေတာ့ Gucci က က်င္းပတဲ့ LACMA Art + Film Gala ပြဲျဖစ္ပါတယ္။ ခ်စ္သူအမ်ိဳးသမီးရဲ႕နာမည္ကေတာ့ Alexandra Grant ျဖစ္ပါတယ္။ သူမဟာ (၄၆)ႏွစ္ျဖစ္ၿပီး၊ အေမရိကန္လူမ်ိဳး Visual artist တစ္ေယာက္ ျဖစ္ပါတယ္။ သူတုိ႔ဟာ ဘယ္အခ်ိန္ေလာက္ကတည္းက တြဲေနခဲ့တယ္ဆုိတာ သတင္းမီဒီယာေတြက ေျခရာမခံႏုိင္ခဲ့ပါဘူး။

သုိ႔ေသာ္လည္း ႏွစ္ေယာက္သား ၾကည့္ရတာ အလြန္ခိုင္မာတဲ့သံေယာဇဥ္နဲ႔ ေရႊလက္တြဲခဲ့့ပုံရပါတယ္။ သိရသေလာက္ကေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ (၂၀၁၆)ခုႏွစ္က Ode To Happiness and Shadows ပြဲမွာစတင္ဆုံစည္းခဲ့ပုံရၿပီး၊ အဲဒီပြဲမွာ Grant ရဲ႕ ဖန္တီးမႈစြမ္းရည္ေတြ ျမင္ေတြ႕ခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီေတြ႕ဆုံမႈဟာ သူတုိ႔ႏွစ္ေယာက္အတြက္ ပထမဆုံး ေတြ႕ဆုံမႈမျဖစ္ႏုိင္ေၾကာင္း၊ အဲဒီပြဲမတုိင္ခင္ ႏွစ္ေတာ္ေတာ္ၾကာကတည္းက သူတုိ႔တစ္ေတြ တိတ္တိတ္ကေလး Date ေနပုံရေၾကာင္း ဆုိပါတယ္။ အေၾကာင္းကေတာ့ အဲဒီပြဲမွာကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ ေနာက္ေျပာင္ေနခဲ့တာပါ။

မင္းသားႀကီး ကႏူးရီးဗ္ဟာ (၁၉၉၀)ဝန္းက်င္ေလာက္မွာ မင္းသမီး Jennifer Syme နဲ႔ တရားဝင္တြဲခဲ့ပါတယ္။ (၉၉)ခုႏွစ္မွာ သမီးေလးတစ္ေယာက္ ေမြးခဲ့တယ္ဆုိေသာ္လည္း အသက္မပါလာခဲ့ပါဘူး။ (၂၀၀၁)ခုနွစ္မွာေတာ့ သူ႕ခ်စ္သူ Jennifer ကားမေတာ္တဆမႈနဲ႔ ေသဆုံးခဲ့ပါတယ္။ ထုိစဥ္တုန္းကတည္း သူဟာ စိတ္က်ေရာဂါ ခံစားခဲ့ရပါတယ္။

လင္းေဇာ္ကို D Nae Khit Media