တစ္ပတ္စာ ၇ရက္သားသမီး ေဟာစာတမ္း . .

362

တနဂၤေႏြ

ဒီကာလအတြင္း စက္ပစၥည္းမ်ား၊လွ်ပ္စစ္ပစၥည္းမ်ား ျပဳျပင္ျခင္းေတြ၊အသစ္လဲလွယ္ျခင္းေတြေဆာင္႐ြက္လို႔ ေကာင္းပါတယ္။နာမည္ေကာင္းႏွင့္ေက်ာ္ၾကားတတ္တဲ့ကာလပါပဲ။ ဆက္သြယ္ေရးအလုပ္မ်ား၊စာအုပ္ထုတ္ေဝေရး အလုပ္မ်ားအဆင္ေျပတိုးတတ္ပါလိမ့္မယ္။ ေ႐ႊႏွင့္သတၱဳတူးေဖာ္ျခင္းမ်ား အဆင္ေျပတိုးတတ္ႏိုင္ပါတယ္။

မိတ္ေဆြ ေကာင္းေတြရဲ႕အကူအညီရႏိုင္သလို ဆရာသမားေတြဆီကအႀကံေကာင္းေတြရလာတတ္ပါတယ္။ အလုပ္သစ္၊ဆိုင္ သစ္စီးပြားသစ္စတင္လို႔ေကာင္းပါတယ္။ အိုင္တီပစၥည္းမ်ားဝယ္ယူမဲ့သူေတြကေတာ့ ထင္ထားသည္ထက္အကုန္ အက်ပိုမ်ားႏိုင္ပါတယ္။ စီးပြားေရးမ်ားသိသာထင္ရွားစြာတိုးတတ္လိမ့္မယ္။ လခစားဝန္ထမ္းမ်ား မိမိႀကိဳးစားမႈကို လူႀကီးေတြသတိထားမိပါလိမ့္မယ္။

အႏုပညာအလုပ္ေတြ အလုပ္ေပါလာေပမဲ့ ေဈးေတာ့မရတတ္ပါဘူး။ က်န္းမာ ေရးကေတာ့ႏွလုံးအားနည္းမူးေမာတတ္ပါတယ္။အိပ္ေရးပ်က္တတ္ပါတယ္။ အခ်စ္ေရးကေတာ့ခ်စ္သူအတြက္ ေငြကုန္လူပန္းေတြျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔စကားျငင္းခုန္ျဖစ္လိမ့္မယ္။ နားလည္ရခက္၊ညႇိႏႈိင္းရ မလြယ္၊စကားနည္းရန္စဲေနမွအဆင္ေျပလိမ့္မယ္။ ပညာေရးမွာေတာ့ ဆရာေဟာင္းေတြနဲ႔ခြဲခြာရတတ္ၿပီး ဆရာသစ္ ေတြနဲ႔ႀကဳံရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/5/8  အထူးေဟာ အလုပ္စီးပြားထင္ရွားစြာတိုးတတ္မည္။ ..ယၾတာ အသက္ႀကီးသူမ်ားကိုလိုအပ္တဲ့အားေဆးလႉလိုက္ပါ။

တနလၤာ

အလုပ္ေျပာင္း၊ေနရာေျပာင္း၊အိုးအိမ္ေျပာင္း၊အိမ္သစ္တက္ျခင္းေတြႀကဳံရတတ္ပါတယ္။ ရာထူးေနရာ ေကာင္းရတတ္ပါတယ္။ ဒီကာလဟာမိမိဝင္ေငြနည္းေပမဲ့ ေဘးကအေထာက္အပံံံ့ေတြ၊ပံံ့ပိုးမႈေတြႀကဳံရတတ္ပါတယ္ ။ဆရာမိဘတို႔ရဲ႕အလုပ္ကိုဝိုင္းကူလုပ္ေပးရာကေနအရႈံးေပၚတတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ေသာခရီးေတြရက္ ေ႐ႊ႕ၿပီးမွအဆင္ေျပရတတ္ပါတယ္။ မိမိရဲ႕အေႂကြးေဟာင္းေတြျပန္ဆပ္ႏိုင္ပါလိမ့္မယ္။

စက္ကားဝယ္ယူမယ္ဆိုအနာ အဆာပါလာတတ္ပါတယ္။သတိနဲ႔ယွဥ္ပါ။ေအာက္လက္ငယ္သားေတြကို ေငြေၾကးနဲ႔ပက္သက္ၿပီး ခိုင္းေစျခင္းကို သတိရွိပါ။ မိမိပိုင္ကားေတြ၊ဆိုင္ကယ္ေတြသူမ်ားကို ရင္းႏွီးတယ္ဆိုၿပီးမငွားလိုက္ပါနဲ႔။ ေပါင္သြား၊ေရာင္းသြားၿပီး ထြက္ေျပးသြားတတ္ပါတယ္။မလိုအပ္ဘဲ လိုခ်င္တာေတြကိုဝယ္ေနမိတာေၾကာင့္ေငြကုန္တတ္ပါတယ္။ က်န္းမာ ေရးမွာေတာ့ လိင္အဂၤါနဲ႔ပက္သက္ေသာေရာဂါေတြသတိရွိလိုက္ပါ။

အခ်စ္ေရးမွာေတာ့ခ်စ္သူရဲ႕လိမ္ညာလွည့္စား ျခင္းကိုခံရတတ္ပါတယ္။ခ်စ္သူအေပၚတန္ဖိုးထားခ်စ္မိသူဆိုရင္ေတာ့ပိုမိုခံစားရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာ ေတာ့ အဆင္ေျပစိတ္ခ်မ္းသာရမည္။ အိမ္ေထာင္ဘက္အေပၚလိုရာပုံသြင္းႏိုင္ပါလိမ့္မယ္။ ပညာေရးမွာေတာ့ ခက္ ခဲစြာသင္ယူရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/5/6 .. အထူးေဟာ စိတ္နဲ႔လူနဲ႔မကပ္ျဖစ္ရမည္။ ..ယၾတာ မိမိပတ္ဝန္းက်င္းကသူေတြကို အိတ္ေဆာင္တရားစာအုပ္ေလးေတြလႉလိုက္ပါ။

အဂၤါ

စားဆီပဲျဖစ္ျဖစ္၊ စက္သုံးဆီ/ေခ်ာဆီပဲျဖစ္ျဖစ္ ဆီနဲ႔ပက္သက္ေသာအလုပ္မ်ားအေရာင္းအဝယ္ေကာင္းလာ တတ္ပါတယ္။ ဒါေပမဲ့ ေအာက္လက္ငယ္သားေတြဖ်ားနာတာေၾကာင့္ မိမိကပိုမိုပင္ပန္းရတတ္ပါတယ္။ေျမယာနဲ႔ ပက္သက္ေသာအလုပ္မ်ား၊ေျမတူးဆြျခင္းႏွင့္ဆိုင္ေသာအလုပ္မ်ားအဆင္ေျပလိမ့္မယ္။ မထင္မွတ္ဘဲခရီးတိုေတြ သြားေနရတတ္ပါတယ္။

စုတ္ကိစၥမရႈပ္ပါနဲ႔။ ဒီကာလမွာ ျပႆနာျဖစ္ရတတ္လို႔ပါပဲ။သတင္းအလုပ္၊ကိုယ္စားလွယ္ အလုပ္မ်ားႏွင့္ အက်ိဳးေဆာင္အလုပ္မ်ား အခြင့္အလမ္းသစ္ေတြရလာတတ္ပါတယ္။ စပ္တူကိစၥအဆင္မေျပျဖစ္ရ တတ္ပါတယ္။ ေရွ႕တိုးရခက္၊ေနာက္ဆုတ္ရခက္အေနအထားမ်ိဳးျဖစ္ေနတတ္ပါတယ္။လက္ဝတ္ရတနာမ်ားဝယ္ယူ ျဖစ္လိမ့္မယ္။ ေက်ာက္သီးသန႔္ေတာ့ မဝယ္သင့္ပါဘူး။ က်န္းမာေရးကေတာ့ ရင္က်ပ္ျခင္း၊ရင္ဘတ္ေအာင့္ျခင္း ျဖစ္လြယ္သည္။

အဆုတ္အားနည္းေနတတ္ပါတယ္။ အခ်စ္ေရးမွာ ေဆြမ်ိဳးသားခ်င္းေတြနဲ႔ပက္သက္ၿပီး ခ်စ္သူနဲ႔အဆင္မေျပျဖစ္ရတတ္ပါတယ္။ စကားေျပာအမွားေတြေၾကာင့္ခ်စ္သူရဲ႕စိတ္ေကာက္ျခင္းကိုခံရတတ္ပါ တယ္။အိမ္ေထာာင္ေရးအလြန္အဆင္ေျပသာယာပါလိမ့္မယ္။ ပညာေရးအခြင့္အလမ္းသစ္ေတြေပၚလာမည္။ သို႔ရာ တြင္ ပညာေရးအတြက္ေငြကုန္ေနမည္။

အက်ိဳးေပးဂဏန္း 0/3/6 .. အထူးေဟာ စိတ္ညစ္စရာေတြမ်ားေနတတ္ပါတယ္။ ..ယၾတာ ဘုရားရွင္အားဆီမီး၃တိုင္ကပ္လႉၿပီး သမၺဳေဒၶဂါထာေတာ္ကိုသက္ေစ့႐ြတ္ပြားပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလမွာ အင္ဂ်င္နီယာႏွင့္ပက္သက္ေသာအလုပ္မ်ား၊ေဆာက္လုပ္ေရးနဲ႔ပက္သက္ေသာအလုပ္မ်ား အဆင္ေျပတိုးတတ္မည္။ ဒါအျပင္ စက္ကားျပဳျပင္ထိန္းသိမ္းတဲ့အလုပ္ေတြလုပ္ေနၾကသူေတြဆိုရင္လဲ ပိုမိုသိသာ စြာအဆင္ေျပႏိုင္ပါတယ္။နည္းပညာနဲ႔ဆက္ႏြယ္တဲ့အလုပ္ေတြလုပ္သူဆိုရင္ေတာ့ အဆက္အသြယ္ေတြရလာ တတ္ပါတယ္။ ေရာင္းခ်င္၊ဝယ္ခ်င္တာေတြရွိေနရင္ေတာ့ ျမန္ျမန္ဝယ္၊ျမန္ျမန္ေရာင္းတာအေကာင္းဆုံးပါပဲ။

ကုန္ ပစၥည္းအသစ္မ်ားကိုစတင္ျဖန႔္ခ်ီျခင္းေတြ၊ အြန္လိုင္းကေနေၾကျငာျခင္းေတြစတင္သင့္တဲ့ကာလပါပဲ။ အလႉအတန္း အလုပ္မ်ား၊ဘာသာေရးအလုပ္မ်ားလုပ္ခြင့္ႀကဳံရတတ္ပါတတ္ပါတယ္။သားသမီးနဲ႔ပက္သက္ၿပီးစိတ္ခ်မ္းေျမ့ရတတ္ ပါတယ္။တန္ဖိုးရွိတဲ့လက္ေဆာင္ေတြရလာတတ္ပါတယ္။ ေလွာင္ထားတဲ့ပစၥည္းမ်ားေဈးေကာင္းရတတ္ပါတယ္။ က်န္းမာေရးမွာေတာ့ အာ႐ုံေၾကာအားနည္းတတ္ပါတယ္။

အစာမေၾက၊ေအာ့အန္ျခင္းေတြျဖစ္လြယ္ပါတယ္။ အခ်စ္ေရးမွာေတာ့ မိမိကိုယ္တိုင္က ခ်စ္သူကိုၿငီးေငြ႕ေနတတ္ပါတယ္။အခ်စ္သစ္ရွာမိေနတတ္ပါတယ္။ အိမ္ေထာင္ ေရးမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ အေစးမကပ္ျဖစ္ရတတ္ပါတယ္။အိမ္ေထာင္ဘက္အေပၚေသြးေအးေနတတ္ပါ တယ္။ ပညာေရးမွာေတာ့ လက္ေတြ႕ခ်က္ခ်င္းအသုံးခ်မဲ့ပညာေတြကို ရရွိတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/4/7 .. အထူးေဟာ ကံျမင့္မားေနမည္။ ..ယၾတာ ကထိန္အလႉေတြမွာ တတ္ႏိုင္သေလာက္လႉဒါန္းထည့္ဝင္လိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္းဘဏ္လုပ္ငန္းမ်ား၊ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ဥပေဒဆိုင္ရာလုပ္ငန္းေတြလုပ္ ကိုင္ၾကသူေတြေငြဝင္လာလိမ့္မယ္။ေဟာ္တယ္လုပ္ငန္းမ်ားႏွင့္အာကစားႏွင့္ဆိုင္ေသာလုပ္ငန္းမ်ား လူဝင္မည္။ ေခ်ာပို႔အလုပ္မ်ား ေအာ္ဒါမ်ားမ်ားရလိမ့္မယ္။ ဝန္ထမ္းမ်ားရာထူးတတ္၊လစားတိုးျခင္းေတြအထူးႀကဳံရတတ္ပါတယ္ ။ သူတစ္ပါးရဲ႕အျပစ္အနာအဆာေတြကိုခြင့္လႊတ္ေပးေနမိတတ္ပါတယ္။

မိမိစိတ္ထဲ စိတ္ေကာင္းဝင္ေနတတ္ပါ တယ္။ ေပ်ာ္စရာေတြမ်ားမ်ားႀကဳံရလိမ့္မယ္။ ဆရာေဟာင္းေတြနဲ႔ျပန္လည္ဆုံဆည္းခြင့္ရလာတတ္ပါတယ္။ ဖခင္ အတြက္စိတ္ပူပန္ရတတ္ပါတယ္။ လုပ္ငန္းေနရာအေျပာင္းအေ႐ႊ႕ေတြမထင္မွတ္ဘဲ ႀကဳံရမည္။ ေငြေၾကးပိုင္းဆိုင္ ရာကိစၥအ၀၀အဆင္ေျပမည္။ ေငြအထူးဝင္ေနတဲ့ကာလျဖစ္တာေၾကာင့္ ထီထိုးျခင္းေတြကိုဦးစားေပးေဆာင္႐ြက္ လိုက္ပါ။ က်န္းမာေရးကေတာ့ အေအးပတ္တတ္ပါတယ္။

အစားအစာမွားယြင္းမႈေၾကာင့္ ဝမ္းေလွ်ာျခင္း၊ဗိုက္ပြျခင္း ေတြျဖစ္တတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ မတည္ၿငိမ္ေသာခ်စ္ျခင္းျဖစ္လိမ့္မယ္။ အေနနီးတဲ့ခ်စ္သူေတြအဆင္ေျပ ေပမဲ့အေနေဝးေနရင္ မိမိကနီးစပ္သူနဲ႔ထပ္မံၿငိစြန္းသြားတတ္ပါတယ္။ အိမ္ေထာင္ေရးအညံ့မရွိသေလာက္နည္း ပါတယ္။ ပညာေရးမွာေတာ့ အလွအပႏွင့္ဆိုင္ေသာ အေရာင္းအဝယ္နဲ႔ပက္သက္ေသာပညာမ်ားရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 1/5/9 ..အထူးေဟာ စိတ္ၾကည္ႏူးခ်မ္းေျမ့ရတတ္ပါတယ္။ ..ယၾတာ ေရွ႕ေဟာင္းဘုရားတစ္ဆူဆူတြင္ အဓိ႒ာန္ပုတီးစိပ္ျခင္းေတြစတင္လိုက္ပါ။

ေသာၾကာ

ဒီကာလမွာေတာ့ ဆုံးရႈံးနစ္နာစရာေတြမ်ားေနတတ္ပါတယ္။မိမိလုပ္ေနတဲ့ပင္မအလုပ္ေတြက ေငြမဝင္သ ေလာက္ကိုျဖစ္ေနတတ္ပါတယ္။ အျခားသူေတြဆီကိုရွယ္ယာထည့္ဝင္ထားတဲ့ကိစၥေတြကေနေတာ့ေငြဝင္လာ တတ္ပါတယ္။ အဆင္ေျပေနမဲ့အလုပ္ေတြက စားေသာက္ကုန္လုပ္ငန္မ်ား ခရီးသြားအလုပ္မ်ားကေတာ့အဆင္ေျပ ေနတတ္ပါတယ္။ ဘယ္ေလာက္ရင္းႏွီးသည္ျဖစ္ေစမည္သည့္ကိုမွ မယုံၾကည္ပါႏွင့္ ။

မိမိကိုေကာင္းေကာင္းဒုကၡေပး တတ္ပါတယ္။ စကားေျပာဆင္ျခင္ပါ။ စကားကြၽံရာကစလို႔ ျပႆနာေတြကိုစတင္ဖန္တီးသလိုျဖစ္ရတတ္ပါတယ္။ လုံၿခဳံေရးက်ိဳးေပါက္တတ္ပါတယ္။ အိမ္ၿခံတခါးမလုံၿခဳံသူမ်ားသတိထားပါ။ သူခိုးခိုးခံရတတ္ပါတယ္။ လူထူထပ္တဲ့ ေနရာေတြကိုသြားလာျခင္းေတြေရွာင္လိုက္ပါ။ မိသားစုအတြက္စိုးရိမ္မကင္းျဖစ္ရတတ္ပါတယ္။ သားသမီးက်န္း မာေရးကိုဂ႐ုစိုက္ပါ။ အခ်စ္ေရးမွာေတာ့ မထင္မွတ္ဘဲခ်စ္သူရတတ္ပါတယ္။

ခ်စ္သူရဲ႕အထင္ႀကီးျခင္းခံရတတ္ပါ တယ္။ မိမိက်န္းမာေရးကေတာ့အညံ့အဆိုးမရွိသေလာက္ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့သာယာ အဆင္ေျပႏိုင္တာကိုေတြ႕ရပါတယ္။ ပညာေရးမွာေတာ့မိမိကိုယ္တိုင္က ပညာေရးထက္ စီးပြားေရးကိုပိုမိုစိတ္ဝင္ စားေနရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 2/3/6 ..အထူးေဟာ အညံ့အဆိုးေတြမ်ားေနတတ္ပါတယ္။ ယၾတာ အရမ္းေမႊးေသာပန္းမ်ားကို ေမြးေန႔နံနက္မွာဘုရားပူေဇာ္လိုက္ပါ။

စေန

ဒီကာလမွာေတာ့ ဝင္ေငြေကာင္းေသာအလုပ္ေတြရရွိလာတတ္ပါတယ္။ မထင္မွတ္ဘဲေကာင္းေသာ ေျပာင္းလဲျခင္းနဲ႔ တိုးတတ္ျခင္းေတြႀကဳံရလိမ့္မယ္။ကန္ထ႐ိုက္အလုပ္မ်ား၊ အိမ္ၿခံေျမအေရာင္းအဝယ္အလုပ္မ်ား ပြဲစားအလုပ္မ်ားအဆင္ေျပတိုးတတ္ႏိုင္ပါတယ္။ မိမိကိုအထင္ေသးသူမ်ားေတာင္ ေလးစားခ်စ္ခင္ျခင္းခံရတတ္ပါ တယ္။ တစ္ခုသတိထားရမွာကေတာ့ အေမြမႈေတြစတင္ျဖစ္ပြားတတ္ပါတယ္။

လုပ္ငန္းခြင္အတြင္းေကာင္းစြာစည္း ႐ုံးသိမ္းသြင္းႏိုင္ပါလိမ့္မယ္။ မိမိကိုအက်ိဳးတူပူးေပါင္းရန္လာေရာက္ကမ္းလွမ္းျခင္းေတြႀကဳံရတတ္ပါတယ္။ စည္းစိမ္း ခ်မ္းသာႏွင့္ဓနဥစၥာေတြရရွိတတ္ပါတယ္။ ကံစမ္းမဲေပါက္ျခင္း၊ထီေပါက္ျခင္းေတြ ႀကဳံရတတ္ပါတယ္။ ခရီးသြားလာ ျခင္းေတြ၊ကုန္သြယ္ျခင္းေတြအက်ိဳးအျမတ္ရရွိတတ္ပါတယ္။က်န္းမာေရးကေတာ့ ေလးလံထိုင္းမႈိင္း ေန တတ္ပါ တယ္။ ဝၿဖိဳးအဆီတတ္ေနတတ္ပါတယ္။

က်န္းမာေရးအားကစားလိုက္စားလိုက္ပါ။ အခ်စ္ေရးသာ ယာလိမ့္မယ္။ မေမွ်ာ္လင့္ဘဲ ရင္ခုန္ရမဲ့သူမ်ိဳးနဲ႔ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္ နဲ႔ခြဲခြာေနရတတ္ပါတယ္။ မိသားစုသာယာေပ်ာ္႐ႊင္ရတတ္ပါတယ္။ ပညာေရးကေတာ့ ဥပေဒပညာ ေတြသင္ယူရတတ္ပါတယ္

အက်ိဳးေပးဂဏန္း 3/4/0 .. အထူးေဟာ ကံသင့္ပါတယ္။ .. ယၾတာ ႏြားႏို႔ဘုရားကပ္လႉလိုက္ပါ။

ဆရာၿငိမ္းေအးလူ – ေဗဒင္သုေတသီ

တနင်္ဂနွေ

ဒီကာလအတွင်း စက်ပစ္စည်းများ၊လျှပ်စစ်ပစ္စည်းများ ပြုပြင်ခြင်းတွေ၊အသစ်လဲလှယ်ခြင်းတွေဆောင်ရွက်လို့ ကောင်းပါတယ်။နာမည်ကောင်းနှင့်ကျော်ကြားတတ်တဲ့ကာလပါပဲ။ ဆက်သွယ်ရေးအလုပ်များ၊စာအုပ်ထုတ်ဝေရေး အလုပ်များအဆင်ပြေတိုးတတ်ပါလိမ့်မယ်။ ရွှေနှင့်သတ္တုတူးဖော်ခြင်းများ အဆင်ပြေတိုးတတ်နိုင်ပါတယ်။

မိတ်ဆွေ ကောင်းတွေရဲ့အကူအညီရနိုင်သလို ဆရာသမားတွေဆီကအကြံကောင်းတွေရလာတတ်ပါတယ်။ အလုပ်သစ်၊ဆိုင် သစ်စီးပွားသစ်စတင်လို့ကောင်းပါတယ်။ အိုင်တီပစ္စည်းများဝယ်ယူမဲ့သူတွေကတော့ ထင်ထားသည်ထက်အကုန် အကျပိုများနိုင်ပါတယ်။ စီးပွားရေးများသိသာထင်ရှားစွာတိုးတတ်လိမ့်မယ်။ လခစားဝန်ထမ်းများ မိမိကြိုးစားမှုကို လူကြီးတွေသတိထားမိပါလိမ့်မယ်။

အနုပညာအလုပ်တွေ အလုပ်ပေါလာပေမဲ့ ဈေးတော့မရတတ်ပါဘူး။ ကျန်းမာ ရေးကတော့နှလုံးအားနည်းမူးမောတတ်ပါတယ်။အိပ်ရေးပျက်တတ်ပါတယ်။ အချစ်ရေးကတော့ချစ်သူအတွက် ငွေကုန်လူပန်းတွေဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့စကားငြင်းခုန်ဖြစ်လိမ့်မယ်။ နားလည်ရခက်၊ညှိနှိုင်းရ မလွယ်၊စကားနည်းရန်စဲနေမှအဆင်ပြေလိမ့်မယ်။ ပညာရေးမှာတော့ ဆရာဟောင်းတွေနဲ့ခွဲခွာရတတ်ပြီး ဆရာသစ် တွေနဲ့ကြုံရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/5/8  အထူးဟော အလုပ်စီးပွားထင်ရှားစွာတိုးတတ်မည်။ ..ယတြာ အသက်ကြီးသူများကိုလိုအပ်တဲ့အားဆေးလှူလိုက်ပါ။

တနင်္လာ

အလုပ်ပြောင်း၊နေရာပြောင်း၊အိုးအိမ်ပြောင်း၊အိမ်သစ်တက်ခြင်းတွေကြုံရတတ်ပါတယ်။ ရာထူးနေရာ ကောင်းရတတ်ပါတယ်။ ဒီကာလဟာမိမိဝင်ငွေနည်းပေမဲ့ ဘေးကအထောက်အပံံံ့တွေ၊ပံံ့ပိုးမှုတွေကြုံရတတ်ပါတယ် ။ဆရာမိဘတို့ရဲ့အလုပ်ကိုဝိုင်းကူလုပ်ပေးရာကနေအရှုံးပေါ်တတ်ပါတယ်။ အလုပ်နဲ့ပက်သက်သောခရီးတွေရက် ရွှေ့ပြီးမှအဆင်ပြေရတတ်ပါတယ်။ မိမိရဲ့အကြွေးဟောင်းတွေပြန်ဆပ်နိုင်ပါလိမ့်မယ်။

စက်ကားဝယ်ယူမယ်ဆိုအနာ အဆာပါလာတတ်ပါတယ်။သတိနဲ့ယှဉ်ပါ။အောက်လက်ငယ်သားတွေကို ငွေကြေးနဲ့ပက်သက်ပြီး ခိုင်းစေခြင်းကို သတိရှိပါ။ မိမိပိုင်ကားတွေ၊ဆိုင်ကယ်တွေသူများကို ရင်းနှီးတယ်ဆိုပြီးမငှားလိုက်ပါနဲ့။ ပေါင်သွား၊ရောင်းသွားပြီး ထွက်ပြေးသွားတတ်ပါတယ်။မလိုအပ်ဘဲ လိုချင်တာတွေကိုဝယ်နေမိတာကြောင့်ငွေကုန်တတ်ပါတယ်။ ကျန်းမာ ရေးမှာတော့ လိင်အင်္ဂါနဲ့ပက်သက်သောရောဂါတွေသတိရှိလိုက်ပါ။

အချစ်ရေးမှာတော့ချစ်သူရဲ့လိမ်ညာလှည့်စား ခြင်းကိုခံရတတ်ပါတယ်။ချစ်သူအပေါ်တန်ဖိုးထားချစ်မိသူဆိုရင်တော့ပိုမိုခံစားရတတ်ပါတယ်။ အိမ်ထောင်ရေးမှာ တော့ အဆင်ပြေစိတ်ချမ်းသာရမည်။ အိမ်ထောင်ဘက်အပေါ်လိုရာပုံသွင်းနိုင်ပါလိမ့်မယ်။ ပညာရေးမှာတော့ ခက် ခဲစွာသင်ယူရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/5/6 .. အထူးဟော စိတ်နဲ့လူနဲ့မကပ်ဖြစ်ရမည်။ ..ယတြာ မိမိပတ်ဝန်းကျင်းကသူတွေကို အိတ်ဆောင်တရားစာအုပ်လေးတွေလှူလိုက်ပါ။

အင်္ဂါ

စားဆီပဲဖြစ်ဖြစ်၊ စက်သုံးဆီ/ချောဆီပဲဖြစ်ဖြစ် ဆီနဲ့ပက်သက်သောအလုပ်များအရောင်းအဝယ်ကောင်းလာ တတ်ပါတယ်။ ဒါပေမဲ့ အောက်လက်ငယ်သားတွေဖျားနာတာကြောင့် မိမိကပိုမိုပင်ပန်းရတတ်ပါတယ်။မြေယာနဲ့ ပက်သက်သောအလုပ်များ၊မြေတူးဆွခြင်းနှင့်ဆိုင်သောအလုပ်များအဆင်ပြေလိမ့်မယ်။ မထင်မှတ်ဘဲခရီးတိုတွေ သွားနေရတတ်ပါတယ်။

စုတ်ကိစ္စမရှုပ်ပါနဲ့။ ဒီကာလမှာ ပြဿနာဖြစ်ရတတ်လို့ပါပဲ။သတင်းအလုပ်၊ကိုယ်စားလှယ် အလုပ်များနှင့် အကျိုးဆောင်အလုပ်များ အခွင့်အလမ်းသစ်တွေရလာတတ်ပါတယ်။ စပ်တူကိစ္စအဆင်မပြေဖြစ်ရ တတ်ပါတယ်။ ရှေ့တိုးရခက်၊နောက်ဆုတ်ရခက်အနေအထားမျိုးဖြစ်နေတတ်ပါတယ်။လက်ဝတ်ရတနာများဝယ်ယူ ဖြစ်လိမ့်မယ်။ ကျောက်သီးသန့်တော့ မဝယ်သင့်ပါဘူး။ ကျန်းမာရေးကတော့ ရင်ကျပ်ခြင်း၊ရင်ဘတ်အောင့်ခြင်း ဖြစ်လွယ်သည်။

အဆုတ်အားနည်းနေတတ်ပါတယ်။ အချစ်ရေးမှာ ဆွေမျိုးသားချင်းတွေနဲ့ပက်သက်ပြီး ချစ်သူနဲ့အဆင်မပြေဖြစ်ရတတ်ပါတယ်။ စကားပြောအမှားတွေကြောင့်ချစ်သူရဲ့စိတ်ကောက်ခြင်းကိုခံရတတ်ပါ တယ်။အိမ်ထောာင်ရေးအလွန်အဆင်ပြေသာယာပါလိမ့်မယ်။ ပညာရေးအခွင့်အလမ်းသစ်တွေပေါ်လာမည်။ သို့ရာ တွင် ပညာရေးအတွက်ငွေကုန်နေမည်။

အကျိုးပေးဂဏန်း 0/3/6 .. အထူးဟော စိတ်ညစ်စရာတွေများနေတတ်ပါတယ်။ ..ယတြာ ဘုရားရှင်အားဆီမီး၃တိုင်ကပ်လှူပြီး သမ္ဗုဒ္ဓေဂါထာတော်ကိုသက်စေ့ရွတ်ပွားပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလမှာ အင်ဂျင်နီယာနှင့်ပက်သက်သောအလုပ်များ၊ဆောက်လုပ်ရေးနဲ့ပက်သက်သောအလုပ်များ အဆင်ပြေတိုးတတ်မည်။ ဒါအပြင် စက်ကားပြုပြင်ထိန်းသိမ်းတဲ့အလုပ်တွေလုပ်နေကြသူတွေဆိုရင်လဲ ပိုမိုသိသာ စွာအဆင်ပြေနိုင်ပါတယ်။နည်းပညာနဲ့ဆက်နွယ်တဲ့အလုပ်တွေလုပ်သူဆိုရင်တော့ အဆက်အသွယ်တွေရလာ တတ်ပါတယ်။ ရောင်းချင်၊ဝယ်ချင်တာတွေရှိနေရင်တော့ မြန်မြန်ဝယ်၊မြန်မြန်ရောင်းတာအကောင်းဆုံးပါပဲ။

ကုန် ပစ္စည်းအသစ်များကိုစတင်ဖြန့်ချီခြင်းတွေ၊ အွန်လိုင်းကနေကြေငြာခြင်းတွေစတင်သင့်တဲ့ကာလပါပဲ။ အလှူအတန်း အလုပ်များ၊ဘာသာရေးအလုပ်များလုပ်ခွင့်ကြုံရတတ်ပါတတ်ပါတယ်။သားသမီးနဲ့ပက်သက်ပြီးစိတ်ချမ်းမြေ့ရတတ် ပါတယ်။တန်ဖိုးရှိတဲ့လက်ဆောင်တွေရလာတတ်ပါတယ်။ လှောင်ထားတဲ့ပစ္စည်းများဈေးကောင်းရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အာရုံကြောအားနည်းတတ်ပါတယ်။

အစာမကြေ၊အော့အန်ခြင်းတွေဖြစ်လွယ်ပါတယ်။ အချစ်ရေးမှာတော့ မိမိကိုယ်တိုင်က ချစ်သူကိုငြီးငွေ့နေတတ်ပါတယ်။အချစ်သစ်ရှာမိနေတတ်ပါတယ်။ အိမ်ထောင် ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ အစေးမကပ်ဖြစ်ရတတ်ပါတယ်။အိမ်ထောင်ဘက်အပေါ်သွေးအေးနေတတ်ပါ တယ်။ ပညာရေးမှာတော့ လက်တွေ့ချက်ချင်းအသုံးချမဲ့ပညာတွေကို ရရှိတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/4/7 .. အထူးဟော ကံမြင့်မားနေမည်။ ..ယတြာ ကထိန်အလှူတွေမှာ တတ်နိုင်သလောက်လှူဒါန်းထည့်ဝင်လိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်းဘဏ်လုပ်ငန်းများ၊ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများနှင့်ဥပဒေဆိုင်ရာလုပ်ငန်းတွေလုပ် ကိုင်ကြသူတွေငွေဝင်လာလိမ့်မယ်။ဟော်တယ်လုပ်ငန်းများနှင့်အာကစားနှင့်ဆိုင်သောလုပ်ငန်းများ လူဝင်မည်။ ချောပို့အလုပ်များ အော်ဒါများများရလိမ့်မယ်။ ဝန်ထမ်းများရာထူးတတ်၊လစားတိုးခြင်းတွေအထူးကြုံရတတ်ပါတယ် ။ သူတစ်ပါးရဲ့အပြစ်အနာအဆာတွေကိုခွင့်လွှတ်ပေးနေမိတတ်ပါတယ်။

မိမိစိတ်ထဲ စိတ်ကောင်းဝင်နေတတ်ပါ တယ်။ ပျော်စရာတွေများများကြုံရလိမ့်မယ်။ ဆရာဟောင်းတွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရလာတတ်ပါတယ်။ ဖခင် အတွက်စိတ်ပူပန်ရတတ်ပါတယ်။ လုပ်ငန်းနေရာအပြောင်းအရွှေ့တွေမထင်မှတ်ဘဲ ကြုံရမည်။ ငွေကြေးပိုင်းဆိုင် ရာကိစ္စအ၀၀အဆင်ပြေမည်။ ငွေအထူးဝင်နေတဲ့ကာလဖြစ်တာကြောင့် ထီထိုးခြင်းတွေကိုဦးစားပေးဆောင်ရွက် လိုက်ပါ။ ကျန်းမာရေးကတော့ အအေးပတ်တတ်ပါတယ်။

အစားအစာမှားယွင်းမှုကြောင့် ဝမ်းလျှောခြင်း၊ဗိုက်ပွခြင်း တွေဖြစ်တတ်ပါတယ်။ အချစ်ရေးမှာတော့ မတည်ငြိမ်သောချစ်ခြင်းဖြစ်လိမ့်မယ်။ အနေနီးတဲ့ချစ်သူတွေအဆင်ပြေ ပေမဲ့အနေဝေးနေရင် မိမိကနီးစပ်သူနဲ့ထပ်မံငြိစွန်းသွားတတ်ပါတယ်။ အိမ်ထောင်ရေးအညံ့မရှိသလောက်နည်း ပါတယ်။ ပညာရေးမှာတော့ အလှအပနှင့်ဆိုင်သော အရောင်းအဝယ်နဲ့ပက်သက်သောပညာများရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/5/9 ..အထူးဟော စိတ်ကြည်နူးချမ်းမြေ့ရတတ်ပါတယ်။ ..ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူဆူတွင် အဓိဋ္ဌာန်ပုတီးစိပ်ခြင်းတွေစတင်လိုက်ပါ။

သောကြာ

ဒီကာလမှာတော့ ဆုံးရှုံးနစ်နာစရာတွေများနေတတ်ပါတယ်။မိမိလုပ်နေတဲ့ပင်မအလုပ်တွေက ငွေမဝင်သ လောက်ကိုဖြစ်နေတတ်ပါတယ်။ အခြားသူတွေဆီကိုရှယ်ယာထည့်ဝင်ထားတဲ့ကိစ္စတွေကနေတော့ငွေဝင်လာ တတ်ပါတယ်။ အဆင်ပြေနေမဲ့အလုပ်တွေက စားသောက်ကုန်လုပ်ငန်များ ခရီးသွားအလုပ်များကတော့အဆင်ပြေ နေတတ်ပါတယ်။ ဘယ်လောက်ရင်းနှီးသည်ဖြစ်စေမည်သည့်ကိုမှ မယုံကြည်ပါနှင့် ။

မိမိကိုကောင်းကောင်းဒုက္ခပေး တတ်ပါတယ်။ စကားပြောဆင်ခြင်ပါ။ စကားကျွံရာကစလို့ ပြဿနာတွေကိုစတင်ဖန်တီးသလိုဖြစ်ရတတ်ပါတယ်။ လုံခြုံရေးကျိုးပေါက်တတ်ပါတယ်။ အိမ်ခြံတခါးမလုံခြုံသူများသတိထားပါ။ သူခိုးခိုးခံရတတ်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကိုသွားလာခြင်းတွေရှောင်လိုက်ပါ။ မိသားစုအတွက်စိုးရိမ်မကင်းဖြစ်ရတတ်ပါတယ်။ သားသမီးကျန်း မာရေးကိုဂရုစိုက်ပါ။ အချစ်ရေးမှာတော့ မထင်မှတ်ဘဲချစ်သူရတတ်ပါတယ်။

ချစ်သူရဲ့အထင်ကြီးခြင်းခံရတတ်ပါ တယ်။ မိမိကျန်းမာရေးကတော့အညံ့အဆိုးမရှိသလောက် ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့သာယာ အဆင်ပြေနိုင်တာကိုတွေ့ရပါတယ်။ ပညာရေးမှာတော့မိမိကိုယ်တိုင်က ပညာရေးထက် စီးပွားရေးကိုပိုမိုစိတ်ဝင် စားနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/3/6 ..အထူးဟော အညံ့အဆိုးတွေများနေတတ်ပါတယ်။ ယတြာ အရမ်းမွှေးသောပန်းများကို မွေးနေ့နံနက်မှာဘုရားပူဇော်လိုက်ပါ။

စနေ

ဒီကာလမှာတော့ ဝင်ငွေကောင်းသောအလုပ်တွေရရှိလာတတ်ပါတယ်။ မထင်မှတ်ဘဲကောင်းသော ပြောင်းလဲခြင်းနဲ့ တိုးတတ်ခြင်းတွေကြုံရလိမ့်မယ်။ကန်ထရိုက်အလုပ်များ၊ အိမ်ခြံမြေအရောင်းအဝယ်အလုပ်များ ပွဲစားအလုပ်များအဆင်ပြေတိုးတတ်နိုင်ပါတယ်။ မိမိကိုအထင်သေးသူများတောင် လေးစားချစ်ခင်ခြင်းခံရတတ်ပါ တယ်။ တစ်ခုသတိထားရမှာကတော့ အမွေမှုတွေစတင်ဖြစ်ပွားတတ်ပါတယ်။

လုပ်ငန်းခွင်အတွင်းကောင်းစွာစည်း ရုံးသိမ်းသွင်းနိုင်ပါလိမ့်မယ်။ မိမိကိုအကျိုးတူပူးပေါင်းရန်လာရောက်ကမ်းလှမ်းခြင်းတွေကြုံရတတ်ပါတယ်။ စည်းစိမ်း ချမ်းသာနှင့်ဓနဥစ္စာတွေရရှိတတ်ပါတယ်။ ကံစမ်းမဲပေါက်ခြင်း၊ထီပေါက်ခြင်းတွေ ကြုံရတတ်ပါတယ်။ ခရီးသွားလာ ခြင်းတွေ၊ကုန်သွယ်ခြင်းတွေအကျိုးအမြတ်ရရှိတတ်ပါတယ်။ကျန်းမာရေးကတော့ လေးလံထိုင်းမှိုင်း နေ တတ်ပါ တယ်။ ဝဖြိုးအဆီတတ်နေတတ်ပါတယ်။

ကျန်းမာရေးအားကစားလိုက်စားလိုက်ပါ။ အချစ်ရေးသာ ယာလိမ့်မယ်။ မမျှော်လင့်ဘဲ ရင်ခုန်ရမဲ့သူမျိုးနဲ့ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် နဲ့ခွဲခွာနေရတတ်ပါတယ်။ မိသားစုသာယာပျော်ရွှင်ရတတ်ပါတယ်။ ပညာရေးကတော့ ဥပဒေပညာ တွေသင်ယူရတတ်ပါတယ်

အကျိုးပေးဂဏန်း 3/4/0 .. အထူးဟော ကံသင့်ပါတယ်။ .. ယတြာ နွားနို့ဘုရားကပ်လှူလိုက်ပါ။

ဆရာငြိမ်းအေးလူ – ဗေဒင်သုတေသီ