တစ်ပတ်စာဗေဒင် – ၇ရက်သားသမီးဟောစာတမ်း 24.10.2019 မှ 30.10.2019 အထိ

349

တနင်္ဂနွေ

အတိုက်အခံ ရန်တွေရှိနေတတ်ပါတယ်။ စိတ်သောကများပြားနေတတ်ပြီး အဘက်ဘက်ကပူပန်မှုများနှင့် လဲ ယှဉ်တွဲနေတတ်ပါတယ်။ ငွေကြေးကိစ္စများအတွက်စကားစစ်ခင်းရတတ်ပါတယ်။ မောင်နှမသားချင်းအရေးကိစ္စ များကြောင့် လူပင်ပန်းရတတ်ပါတယ်။

အဆက်အသွယ်ကောင်းတွေတော့ ရလာတတ်ပါတယ်။ အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်။ သူများချည်းအားကိုးလို့တော့မရပါဘူး။ ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားစေချင်ပါတယ်။လုပ်ငန်းရှင်များ အောက်လက်ငယ်သားကြောင့် ပြဿနာတွေကိုဖြေရှင်းနေရတတ်ပါတယ်။

မိတ်ဆွေကောင်းနည်းပြီး မိတ်ဆွေတုတွေပေါများနေတတ်ပါတယ်။ ယုတ်မာကောက်ကျစ်သူများ အရှက်တကွဲဖြစ် လွယ်နေတဲ့ကာလပါပဲ။ စိတ်ကောင်းစေတနာကောင်းသူများအခက်အခဲနည်းပါလိမ့်မယ်။ကျန်းမာရေးမှာတော့ ဦး ခေါင်းမကြည်မလင်ဖြစ်မည်။ သွေးတိုးရောဂါသည်များ ဝေဒနာဖိစီးပါလိမ့်မယ်။

ချစ်သူများ ကြားစကားတွေကိုမယုံ မှပဲ အချစ်ရေးသာယာပါလိမ့်မယ်။ အိမ်ထောင်ရေးမှာတော့ သုခချမ်းသာမှုနည်းပါးနေချိန်ပါပဲ။ ပညာ ရေးနယ်ပယ်မှာတော့ ကျန်းမာရေးကြောင့် မိမိသင်ချင်တတ်ချင်တဲ့ပညာတွေနဲ့လွဲချော်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/3/5 …အထူးဟော ကံညံ့ံနေမည်။ …ယတြာ ရဟန်းသံဃာတွေကိုဆပ်ပြာလှူပေးပါ။

တနင်္လာ

မိမိဆန္ဒနှင့် စိတ်ကူးများကိုလှပစွာပုံဖော်နိုင်သော်လည်း စိတ်ပင်ပန်းစရာတော့များနေတတ်ပါတယ်။ ခရီး ဝေးသွားလာမှုများတွင် ငွေကြေးအခက်အခဲဖြစ်ရတတ်ပါတယ်။ အကြောင့်အမျိုးမျိုးကြောင့် ကုန်ကျစရိတ်များနေ တဲ့အတွက် ချွေတာဖို့ တိုက်တွန်းလိုက်ပါတယ်။

အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်ရတတ်ပါ တယ်။ အတိုက်အခံကြားကနေပဲ ရာထူးတိုးခြင်း၊နေရာကောင်းရခြင်းမျိုးတွေကြုံရတတ်ပါတယ်။ လုံလစိုက်ထုတ်မှု အားနည်းနေတတ်ပြီး အပျော်အပါးအသောက်အစားကိုဖက်နေသူတွေ ဒုက္ခပိုများနိုင်ပါတယ်။ မိမိလုပ်ချင်တာကို ဝီရိယထားကြိုးစားသင့်တဲ့နေ့ရက်တွေပါပဲ။

လုပ်ငန်းရှင်များ ဒီကာလမှာလုပ်ငန်းတိုးချဲ့မိရင်တော့ အရှုံးနဲ့ရင်ဆိုင် ရတတ်ပါတယ်။ဘာမှလွယ်လွယ်မဖြစ်ပါ။ အချိန်ယူရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အညံံ့အဆိုးနည်းပေမဲ့ ကာယပင်ပန်းမှုကြောင့် လူနုန်းနေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ပဋိပက္ခတွေ၊ ကတောက်ကဆတွေ ကြုံ နေရတတ်ပါတယ်။

အချစ်ရေးမှာလဲ ဘဝကခါးခါး၊အချစ်ကလဲ ခါးခါး ဆိုတာမျိုးဖြစ်နေရတတ်ပါတယ်။ ပညာရပ် တစ်ခုစတင်သင်ကြားလို့ကောင်းပါတယ်။ ပညာရေးအတွက်အခွင့်အရေးပေးနေချိန်ပါပဲ။

အကျိုးပေးဂဏန်း 2/4/6 …အထူးဟော ထင်သလောက်မထွန်းပေါက်သေးပါ။ ..ယတြာ ခရီးသွားမဲ့ ရဟန်းသံဃာတစ်ပါးပါးကိုရှာပြီး နဝကမ္မဝတ္ထုငွေလှူဒါန်းလိုက်ပါ။

အင်္ဂါ

ဒီကာလမှာအညံ့အဆိုးတွေကလွတ်မြောက်ပြီးတော့ ကံကောင်းကြီးပွားတိုးတတ်မှုများကို ရယူပိုင်ဆိုင်နိုင် ပါလိမ့်မယ်။စီးပွားရှာဖွေမှုများတွင် အခွင့်အရေးကောင်းများပေါ်ထွက်လာတတ်ပါတယ်။ ရွှေငွေ၊ရတနာအပြင် အသုံးအဆောင်ပစ္စည်းကောင်းများကိုဝယ်ယူသုံးစွဲခွင့်တွေကြုံလာရတတ်ပါတယ်။

မထင်မှတ်ဘဲ ငွေကြေးအများ အပြားရရှိတတ်ပါတယ်။ ထီဝါသနာပါသူများစနေနေ့တွင် ထီကံစမ်းလိုက်ပါ။ ရှယ်ယာအလုပ်များ၊ စပ်တူအလုပ်များ တိုးတတ်အဆင်ပြေပါလိမ့်မယ်။အောက်လက်ငယ်သားတွေထံကအကူအညီတွေရလိမ့်မယ်။ မိတ်ဆွေသစ်တွေ တိုးပွားတတ်သလို မိတ်ဆွေဟောင်းတွေထံကအကြံဉာဏ်ကောင်းတွေရလာတတ်ပါတယ်။

ခရီးတို၊ခရီးရှည်ထွက် ရဖို့အကြောင်းဖန်လာတတ်ပါတယ်။ အိမ်ပြုပြင်ခြင်း၊မြေသန့်ခြင်း၊ခြံစည်းရိုးခတ်ခြင်းများကိုဒီအပတ်ထဲ ရက်ကောင်း ရွေးပြီးဆောင်ရွက်ပါ။ ကျန်းမာရေးကတော့ ဆီးပူ၊ကိုယ်ပူ၊အပူအောင်းနေတတ်ပါတယ်။ အပူငြိမ်းတဲ့အစား အသောက်တွေဦးစားပေးစားပါ။

ချစ်သူများ စိတ်ကူးဆန္ဒနှင့်ထပ်တူကျပြီး သံယောဇဉ်နှောင်ကြိုးခိုင်မြဲနေတတ်ပါ တယ်။ အိမ်ထောင်ရေးမှာတော့ စီးပွားရေးကြောင့် အိမ်ထောင်ဘက်ကို ဂရုမစိုက်နိုင်ဖြစ်ရတတ်ပါတယ်။ပညာရေး မှာစူးစမ်းလိုစိတ်ကြောင့် သိလွယ်တတ်လွယ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 3/5/0 … အထူးဟော အခွင့်အလမ်းကောင်းတွေရလာမည်။ …ယတြာ သကြားဖြူးစားရသောမုန့်တစ်မျိုးမျိုး ဘုရားကပ်လှူပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလဟာ ကံကောင်းခြင်းတွေစတင်မွေးဖွားတဲ့ကာလဖြစ်သော်လည်း အခက်အခဲတစ်ချို့တော့ယှဉ်တွဲ ပါလာတတ်ပါတယ်။ဘုန်းကံတွေတဖြည်းဖြည်းမြင့်လာပါတော့မယ်။ စေတနာကောင်းသူများ၊သူများကိုကူညီတတ် သူများနာမည်ဂုဏ်သတင်းကျော်ကြားတတ်ပါတယ်။ အလုပ်မှာပင်ပန်းသော်လည်း စိတ်ပါလက်ပါနဲ့ကြိုးစားနေမိ တတ်ပါတယ်။

ကတိမတည်တဲ့သူတွေကြောင့်တော့ စိတ်ရှုပ်စိတ်ပျက်ရတတ်ပါတယ်။ လုပ်ငန်းရှင်များ အမြတ် နည်းနေပေမဲ့ ဖောက်သည်တွေတိုးပြီး အလုပ်အော်ဒါတွေများနေတတ်ပါတယ်။ အနီးအနားထက် ရပ်ဝေးကအလုပ် တွေကပိုမိုအောင်မြင်တတ်ပါတယ်။ နိုင်ငံခြားရောက်နေသူများ အသိအမှတ်ပြုခြင်း၊လစားတိုးခြင်းမျိုးတွေဖြစ်ရ တတ်ပါတယ်။

အမှန်ကိုအမှန်အတိုင်း ဘွင်ဘွင်ရှင်းရှင်းပြောတတ်တာကြောင့် လူမုန်းများနေတတ်ပါတယ်။ ကျန်း မာရေးအားနည်းနေချိန်ကိုဖြတ်သန်းနေရတတ်ပါတယ်။ ဝေဒနာမကြီးပေမဲ့ တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ အချစ်ရေးမှာ အချစ်ကြောင့်ပဲ အရာရာဟာလှပနေတဲ့အချိန်ပါပဲ။ အချစ်အတွက်ပေးဆပ်ချင်စိတ်တွေပေါ်နေတတ် ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့ဂရုစိုက်မှုတွေကိုခံစားသိရှိရလိမ့်မယ်။ ပညာရေးကံအညံ့များ နေလိမ့်မယ်။ စာမေးပွဲကံအင်တာဗျူးကံအားနည်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/6/8 …အထူးဟော အဆင်ပြေဖို့ လမ်းစပေါ်ပါပြီ ..ယတြာ လက်ဖက်သုပ်ပြီး ဘုရားကပ်လှူပေးပါ။

ကြာသပတေး

ဒီကာလဟာ လူမှုရေးအနှောက်အယှက်နှင့် စိန်ခေါ်မှုတွေ ဆက်တိုက်ရှိနေသော်လည်းအောင်မြင်စွာကျော် ဖြတ်နိုင်ပါလိမ့်မယ်။လွဲမှားသောဆုံးဖြတ်ချက်များကို မချမှတ်မိဖို့ ဘာလုပ်လုပ်ခေါင်းအေးအေးထားပြီးဆောင်ရွက် လုပ်ကိုင်ပါ။ လူငယ်များ အပေါင်းအသင်းဆိုးတွေနဲ့ ပေါင်းမိရင်တော့ ရုံးရောက်ဂတ်ရောက်ဖြစ်တတ်ပါတယ်။

အိမ် တွင်းရေးမှာတော့ အတူနေညီအကိုမောင်နှမတွေနဲ့ စိတ်ဝမ်းကွဲစရာတွေပေါ်လာတတ်ပါတယ်။ ဘာသာရေးနှင့် အလှူအတန်းတွေထူးခြားစွာဆောင်ရွက်ခွင့်ကြုံပါလိမ့်မယ်။ အဆင်မပြေမှုတွေကတစ်ဝက်၊အဆင်ပြေအောင်မြင် မှုတွေကတစ်ဝက်ဖြစ်နေလိမ့်မယ်။ ဝန်ထမ်းများ ဒီကာလမှာအပင်ပန်းခံအနစ်နာခံမှအဆင်ပြေပါလိမ့်မယ်။

ကျန်းမာ ရေးနဲ့ပက်သက်ပြီး သတိပြုရန်လိုပါတယ်။ ဗိုက်အောက်ဗိုက်နာ အစာအိမ်ဖြစ်နေရတတ်ပါတယ်။ အစားအသောက် ကိုအချိန်မှန်စားပါ။ အချစ်ရေးမှာတော့ လူမှုရေးရှုပ်ထွေးမှုပြဿနာတွေကြားမှာ အဆင်မပြေမှုတွေရှိနေတတ်ပါ တယ်။

အိမ်ထောင်ရေးမှာလဲ အိမ်ထောင်ဘက်နဲ့ သူတစ်လူငါတစ်မင်းဖြစ်နေတတ်ပါတယ်။ ပညာရေးနဲ့ပက်သက် သောကိစ္စတွေ အညံ့များနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 2/5/7 … အထူးဟော အနစ်နာခံပေးဆပ်ရမဲ့ကာလပါ။ ..ယတြာ ဒိန်ချဉ်ဘုရားကပ်လှူဆုတောင်းပါ။

သောကြာ

ကောင်းမွန်တဲ့ကံကြမ္မာက သင့်အားအခွင့်အရေးသစ်များ ဖန်တီးပေးဖွယ်ရှိနေတတ်ပါတယ်။ ငွေကြေး အကျိုးပေးကံကောင်းမွန်နေချိန်လဲဖြစ်ပါတယ်။ သောကြာနှင့်တနင်္ဂနွေနေ့များတွင်ထီကံစမ်းဖို့ မမေ့ပါနဲ့။ အလုပ်နဲ့ ပက်သက်ပြီးရာထူးတိုးခြင်းတွေကြုံနိုင်သလို ကိုယ်ပိုင်အလုပ်များ အခွင့်အရေးကောင်းတွေရလာတတ်ပါတယ်။

မိသားစု အိမ်ခြံမြေကိစ္စတွေ၊အမွေကိစ္စတွေမှာဖြေရှင်းလို့အဆင်ပြေတတ်ပါတယ်။ ဘာသာရေးအပေါ် စိတ်နှစ်အား ထုတ်သူများ တရားအရသာကိုတွေ့ရတတ်ပါတယ်။ ကြိုးစားသလောက်အရာထင်မဲ့ကာလဖြစ်တာကြောင့် မိမိက အထူးကြိုးစားဖို့လိုပါတယ်။ အနုပညာနှင့်နွယ်သောအလုပ်များအထူးအဆင်ပြေနိုင်ပါတယ်။

လုပ်ငန်းရှင်များ အလုပ်တွေချဲ့သွားနိုင်ပါလိမ့်မယ်။ မင်္ဂလာကိစ္စများကြုံရတတ်သလို ဆွေမျိုးသားချင်းတွေရဲ့ မင်္ဂလာပွဲ၊အလှူပွဲ ကြောင့် ခရီးတွေလဲထွက်ရတတ်ပါတယ်။ ကျန်းမာရေးမှာတော့ အဆိုးအညံ့မရှိပါဘူး။ သွေးလည်ပတ်မှုအား ကောင်းပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်နေပါလိမ့်မယ်။

အချစ်ရေးမှာတော့ ချစ်သူရဲ့ထိုးနှက်တဲ့စကားလုံးတွေ အောက်မှာ ပြန်ဖြေရှင်းရခက်နေမယ်။ အိမ်ထောင်ရေးသာယာလိမ့်မယ်။ ပညာရေးမှာတော့ အစကောင်းပြီး အနှောင်းမသေချာဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/3/6 …အထူးဟော ကံမြင့်မားနေမည်။ ..ယတြာ သမ္ဗုဒ္ဓေဂါထာကို နေ့စဉ်သက်စေ့ရွတ်ပွားပါ။

စနေ

ဒီကာလအတွင်း အတွေးသစ်အမြင်သစ်တွေကိုလက်တွေ့အကောင်အထည်ဖော်လိုက်ပါ။ အွန်လိုင်းစီးပွား ရေးများသိသိသာသာတိုးတတ်လာလိမ့်မယ်။ လှောင်ကုန်တွေဈေးကောင်းရလာနိုင်ပါတယ်။ အတူနေသူတွေဆီက နေ အကူအညီတွေရတတ်ပါတယ်။

နိုင်ငံခြားအင်တာဗျူးကိစ္စတွေ၊ passport၊ဗီဇာကိစ္စတွေအဆင်ပြေလိမ့်မယ်။ ဝန်ထမ်းခန့်အပ်ခြင်းတွေဒီကာလမှာဆောင်ရွက်ပါ။ ဝယ်ချင်တဲ့စက်ပစ္စည်းတွေရှိရင် ဒီကာလမှာဝယ်လို့အထူး ကောင်းပါတယ်။လိင်မတူသူတွေထံမှ အထောက်အပံံ့များ အကူအညီများရလွယ်နေတတ်ပါတယ်။

တစ်ပတ်ရစ် အဟောင်းပစ္စည်းတွေဈေးကောင်းရလိမ့်မယ်။ခိုင်မာတဲ့စီးပွားရေးတွေ၊ ရေရှည်လုပ်မဲ့စီးပွားရေးတွေ ဒီအပတ်မှာ အစပျိုးထားလို့အလွန်ကောင်းပါတယ်။ကျန်းမာရေးကိုတော့မကြိုက်ဘူးဗျ။ ရောဂါဟောင်းတွေပေါ်လာတတ်ပါ တယ်။ ဆေးမြီးတိုနဲ့မကုဖို့မှာချင်ပါတယ်။ဒီကာလအတွင်းရောဂါဖြစ်ရင် လွယ်လွယ်ကုလို့မပျောက်တတ်လို့ပါပဲ။

အချစ်ရေးမှာတော့ ချစ်သူနဲ့ စိတ်ချင်းတစ်ထပ်တည်းဖြစ်နေလိမ့်မယ်။ ပျော်စရာ အချိန်တွေချစ်သူနဲ့ဖြတ်သန်းနိုင် လိမ့်မယ်။ ပညာရေးမှာတော့ နိုင်ငံခြားဘာသာစကားများသင်ခွင့်ရမည်။

အကျိုးပေးဂဏန်း 2/4/0 . . .အထူးဟော စိတ်ချမ်းသာရမည်။ . .ယတြာ နွားနို့ဘုရားကပ်လှူဆုတောင်းပါ။

ဆရာငြိမ်းအေးလူ – ဗေဒင်သုတေသီ