FA တွေ၊ အပျိုကြီးတွေ နဲ့ လူပျိုကြီးတွေကို အလိုက်ဖက်ဆုံး ဖူးစာရှင် ရှာပေးနေတဲ့ အမျိုးသမီး

178
Photo: AsiaOne

ချစ်သူ ရှာနေပါသလား ဒါဆိုရင်တော့ ဒိုလီ ချုအာ (Dolly Chua) က ကူညီပေးပါလိမ့်မယ်။ အသက် (၃၂) နှစ် အရွယ် ဒိုလီဟာ စင်္ကာပူနိုင်ငံက ချိန်းတွေ့ ကုမ္ပဏီ (GaiGai) မှာ ဖူးစာရှာပေးသူ အဖြစ် အလုပ်လုပ်နေ ပါတယ်။

သူဟာ ဖူးစာရှာပေးသူအဖြစ် (၄) နှစ်ကြာ အလုပ်လုပ်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့်၊ အချစ်ရေးတို့၊ ဖူးစာရှင်တို့နဲ့ ပက်သက်လာပြီဆိုရင် သူမက အတော်လေးကို အတွေ့အကြုံ ရှိနေပြီ ဖြစ်ပါတယ်။

Asiaone သတင်းက သူမဟာ လူတွေကို ဖူးစာရှင် ရှာပေးတဲ့ အခါမှာ ငွေကြေးအခြေအနေ၊ ဘဝတန်ဖိုး နဲ့ ဦးစားပေး မြတ်နိုးမှုတို့ကို အခြေခံပြီး ရှာပေးလျက် ရှိတယ်လို့ ဖော်ပြသွားခဲ့ပါတယ်။

ဒိုလီက တစ်ယောက်နဲ့ တစ်ယောက် စိတ်တူရုံနဲ့ မရဘဲ နားလည်မှု နဲ့ လေးစားမှု ရှိရမယ်လို့ ပြောသွားခဲ့ပါတယ်။ သူမက အပြင်မှာ တစ်ဦး နဲ့ တစ်ဦး မျက်နှာချင်းဆိုင် တွေ့တာက နာလည်မှု ပိုရှိစေတယ်လို့ အကြံပေးသွားပါတယ်။

တစ်ဦး နဲ့ တစ်ဦး မျက်နှာချင်းဆိုင်တွေ့ပြီဆိုရင် ရုပ်ရည်အမှန်ကို မြင်ရရုံသာမကဘဲ စကားပြောတဲ့ အချိန်မှာ ကိုယ့်ရဲ့ အကြိုက် ဟုတ်၊ မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။ လူတွေများစွာဟာ သူ့ဆီကို သွားပြီး သူတို့လိုချင်တဲ့ ပုံစံတွေကို ပြောပြလေ့ရှိကြပါတယ်။

အချို့သူတွေက သူတို့နဲ့ အတူ အပြေးလေ့ကျင့်မယ့် သူ ဒါမှမဟုတ်ရင် အချက်အပြုတ် တော်တဲ့ သူ စသဖြင့် သူတို့ လိုချင်တဲ့ ပုံစံကို သွားပြီးတော့ ပြောပြလေ့ရှိပါတယ်။

ဒိုလီက သူမကို လာပြောကြတဲ့ အရာတွေထဲမှာ အပျိုစင်ကို လိုချင်တယ်လို့ လာပြောတာလည်း ရှိတယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ သူမက “အပျိုစင်ကို လိုချင်တယ် လာပြောတေ့ ကျွန်မက သူ့ကို အပျိုစစ်၊ မစစ်ကို ဘယ်လိုသိနိုင်မလဲလို့ ပြန်မေးခဲ့တယ်” လို့ ပြောသွားခဲ့ပါတယ်။

သူမက အမျိုးသားတွေဟာ ရေရိုးဆန်တဲ့၊ ခေတ်မဆန်တဲ့၊ မိသားစုကို ဦးစားပေးတဲ့ အမျိုးသမီးကို အဓိက ရှာကြတယ်လို့ ပြောသွားခဲ့ပါတယ်။

Ko Khant ( D Nae Khit Media )

ခ်စ္သူ ရွာေနပါသလား ဒါဆုိရင္ေတာ့ ဒုိလီ ခ်ဳအာ (Dolly Chua) က ကူညီေပးပါလိမ့္မယ္။ အသက္ (၃၂) ႏွစ္ အရြယ္ ဒုိလီဟာ စကၤာပူႏုိင္ငံက ခ်ိန္းေတြ႔ ကုမၸဏီ (GaiGai) မွာ ဖူးစာရွာေပးသူ အျဖစ္ အလုပ္လုပ္ေန ပါတယ္။

သူဟာ ဖူးစာရွာေပးသူအျဖစ္ (၄) ႏွစ္ၾကာ အလုပ္လုပ္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္၊ အခ်စ္ေရးတုိ႔၊ ဖူးစာရွင္တုိ႔နဲ႔ ပက္သက္လာၿပီဆုိရင္ သူမက အေတာ္ေလးကုိ အေတြ႔အႀကံဳ ရွိေနၿပီ ျဖစ္ပါတယ္။

Asiaone သတင္းက သူမဟာ လူေတြကုိ ဖူးစာရွင္ ရွာေပးတဲ့ အခါမွာ ေငြေၾကးအေျခအေန၊ ဘ၀တန္ဖုိး နဲ႔ ဦးစားေပး ျမတ္ႏုိးမႈတုိ႔ကုိ အေျခခံၿပီး ရွာေပးလ်က္ ရွိတယ္လုိ႔ ေဖာ္ျပသြားခဲ့ပါတယ္။

ဒုိလီက တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္တူရုံနဲ႔ မရဘဲ နားလည္မႈ နဲ႔ ေလးစားမႈ ရွိရမယ္လုိ႔ ေျပာသြားခဲ့ပါတယ္။ သူမက အျပင္မွာ တစ္ဦး နဲ႔ တစ္ဦး မ်က္ႏွာခ်င္းဆုိင္ ေတြ႔တာက နာလည္မႈ ပုိရွိေစတယ္လုိ႔ အႀကံေပးသြားပါတယ္။

တစ္ဦး နဲ႔ တစ္ဦး မ်က္ႏွာခ်င္းဆုိင္ေတြ႔ၿပီဆုိရင္ ရုပ္ရည္အမွန္ကုိ ျမင္ရရုံသာမကဘဲ စကားေျပာတဲ့ အခ်ိန္မွာ ကုိယ့္ရဲ႕ အႀကိဳက္ ဟုတ္၊ မဟုတ္ ဆုံးျဖတ္ႏုိင္ပါတယ္။ လူေတြမ်ားစြာဟာ သူ႔ဆီကုိ သြားၿပီး သူတုိ႔လုိခ်င္တဲ့ ပုံစံေတြကုိ ေျပာျပေလ့ရွိၾကပါတယ္။

အခ်ဳိ႕သူေတြက သူတုိ႔နဲ႔ အတူ အေျပးေလ့က်င့္မယ့္ သူ ဒါမွမဟုတ္ရင္ အခ်က္အျပဳတ္ ေတာ္တဲ့ သူ စသျဖင့္ သူတုိ႔ လုိခ်င္တဲ့ ပုံစံကုိ သြားၿပီးေတာ့ ေျပာျပေလ့ရွိပါတယ္။

ဒုိလီက သူမကုိ လာေျပာၾကတဲ့ အရာေတြထဲမွာ အပ်ဳိစင္ကုိ လုိခ်င္တယ္လုိ႔ လာေျပာတာလည္း ရွိတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ပါတယ္။ သူမက “အပ်ဳိစင္ကုိ လုိခ်င္တယ္ လာေျပာေတ့ ကြ်န္မက သူ႔ကုိ အပ်ဳိစစ္၊ မစစ္ကုိ ဘယ္လုိသိႏုိင္မလဲလုိ႔ ျပန္ေမးခဲ့တယ္” လုိ႔ ေျပာသြားခဲ့ပါတယ္။

သူမက အမ်ဳိးသားေတြဟာ ေရရုိးဆန္တဲ့၊ ေခတ္မဆန္တဲ့၊ မိသားစုကုိ ဦးစားေပးတဲ့ အမ်ဳိးသမီးကုိ အဓိက ရွာၾကတယ္လုိ႔ ေျပာသြားခဲ့ပါတယ္။

Ko Khant ( D Nae Khit Media )