အောက်တိုဘာ (၂၁) ည ကြယ်မိုးရွာမည်

266

မောင်ရှင်ဆိုင်းထမ်း (ခ) အိုရီယွန် မုဆိုး (ခ) လိပ်တာရာအတွင်းမှာ ကြယ်မိုးရွာခြင်း (ကြယ်ကြွေခြင်း) ဖြစ်စဉ်ကို လာမယ့် ၂၀၁၉ အောက်တိုဘာလ (၂၁) ရက် ည သန်းခေါင်ယံအချိန်မှာ အကောင်းဆုံး မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

အင်္ဂလိပ်လို Orionid Meteor Shower လို့ ခေါ်ပါတယ်။ကြယ်ကြွေတယ်ဆိုတာ တကယ်တော့ ကောင်းကင်မှာ မြင်နေရတဲ့ ကြယ်တွေ ကြွေဆင်းသွားခြင်းမဟုတ်ပါ။ ကြယ်တွေ သက်တန်းကုန်တဲ့အခါ ကြီးထွား ပေါက်ကွဲပြီး ပျက်စီးသွားတတ်ကြပါတယ်။

အခုလိုမျိုး ကြွေကျသက်ဆင်းတာကတော့ ကြယ်မဟုတ်ပဲ အာကာသအတွင်းက ကျောက်ခဲ (ဥက္ကာခဲ) များသာဖြစ်ပါတယ်။ ကမ္ဘာမြေပြင်ပေါ်က ကြည့်ရှုသူကနေ မိုင် ၅၀ကျော် အကွာမှာရှိတဲ့ ကမ္ဘာ့လေထုနဲ့ စောစောကပြောတဲ့ ကျောက်ခဲတွေနဲ့ ပွတ်တိုက်ရာကနေ ထွက်ပေါ်လာတဲ့ အလင်းဖြစ်ပါတယ်။

ဒီကျောက်ခဲ ကျောက်မှုန် (တနည်း) ဥက္ကာခဲတွေဟာ ကြယ်တံခွန် (သို့) ဥက္ကာပျံ တစ်ခုခုရဲ့ လမ်းကြောင်းကနေ ကျကျန်နေခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ့နေရာကို ရောက်လာတဲ့ ကမ္ဘာက (၂၄) နာရီကို တစ်ပတ်နှုန်းနဲ့ လည်ပတ်နေတော့ ပွတ်တိုက်မိသွားတာပေါ့။

ညဘက်မှာ မြင်ရတဲ့အရာတွေကို လမ်းညွှန်ပြသတဲ့အခါ ကြယ်တာရာတွေကို အသုံးပြုပြီး နေရာသတ်မှတ်ပေးရပါတယ်။ အခုကြယ်မိုးတွေရွာမယ့်နေရာဟာ အဒြနက္ခတ်ရှိတဲ့ အိုရီယွန်မုဆိုး ကြယ်စုအနီးမှာပါပဲ။

မြန်မာနိုင်ငံမှ ကြည့်ရှုမည်ဆိုပါက အဆိုပါ အိုရီယွန်ကြယ်စု အပေါ်ကို တက်လာတဲ့ အချိန်မှာမှ မြင်ရမှာဖြစ်ပါတယ်။ ညသန်းခေါင် (၁၂) နာရီ ကျော်ပြီးမှ ဖြစ်ပါတယ်။ တစ်နာရီကို ၁၄ လုံးလောက်အထိ ကြွေဆင်းနိုင်ပါတယ်။

ကြယ်တာရာကလည်း ရင်းနှီးပြီးသားဖြစ်လို့ ရှာဖွေရလွယ်ကူမှာပါ။ ဥက္ကာခဲတွေဟာ လေထုနဲ့ပွတ်တိုက်ပြီး တောက်လောင်နေပေမယ့် ကြည့်ရှုသူ လူသားတွေအတွက်တော့ မျှော်လင့်ခြင်းအလင်းရောင်လေတွေ ပေးစွမ်းနေဦးမှာပါပဲ…

အနာဂတ်ပညာရေးကို အကောင်းဆုံးမျှော်လင့်လျှက်…သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

ေမာင္ရွင္ဆိုင္းထမ္း (ခ) အိုရီယြန္ မုဆိုး (ခ) လိပ္တာရာအတြင္းမွာ ၾကယ္မိုးရြာျခင္း (ၾကယ္ေႂကြျခင္း) ျဖစ္စဥ္ကို လာမယ့္ ၂၀၁၉ ေအာက္တိုဘာလ (၂၁) ရက္ ည သန္းေခါင္ယံအခ်ိန္မွာ အေကာင္းဆုံး ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

အဂၤလိပ္လို Orionid Meteor Shower လို့ ေခၚပါတယ္။ၾကယ္ေႂကြတယ္ဆိုတာ တကယ္ေတာ့ ေကာင္းကင္မွာ ျမင္ေနရတဲ့ ၾကယ္ေတြ ေႂကြဆင္းသြားျခင္းမဟုတ္ပါ။ ၾကယ္ေတြ သက္တန္းကုန္တဲ့အခါ ႀကီးထြား ေပါက္ကြဲၿပီး ပ်က္စီးသြားတတ္ၾကပါတယ္။

အခုလိုမ်ိဳး ေႂကြက်သက္ဆင္းတာကေတာ့ ၾကယ္မဟုတ္ပဲ အာကာသအတြင္းက ေက်ာက္ခဲ (ဥကၠာခဲ) မ်ားသာျဖစ္ပါတယ္။ ကမၻာေျမျပင္ေပၚက ၾကည့္ရွုသူကေန မိုင္ ၅၀ေက်ာ္ အကြာမွာရွိတဲ့ ကမၻာ့ေလထုနဲ႔ ေစာေစာကေျပာတဲ့ ေက်ာက္ခဲေတြနဲ႔ ပြတ္တိုက္ရာကေန ထြက္ေပၚလာတဲ့ အလင္းျဖစ္ပါတယ္။

​ဒီေက်ာက္ခဲ ေက်ာက္မွုန္ (တနည္း) ဥကၠာခဲေတြဟာ ၾကယ္တံခြန္ (သို့) ဥကၠာပ်ံ တစ္ခုခုရဲ့ လမ္းေၾကာင္းကေန က်က်န္ေနခဲ့ၾကတာ ျဖစ္ပါတယ္။ အဲ့ဒီ့ေနရာကို ေရာက္လာတဲ့ ကမၻာက (၂၄) နာရီကို တစ္ပတ္ႏွုန္းနဲ႔ လည္ပတ္ေနေတာ့ ပြတ္တိုက္မိသြားတာေပါ့။

ညဘက္မွာ ျမင္ရတဲ့အရာေတြကို လမ္းညႊန္ျပသတဲ့အခါ ၾကယ္တာရာေတြကို အသုံးျပဳၿပီး ေနရာသတ္မွတ္ေပးရပါတယ္။ အခုၾကယ္မိုးေတြရြာမယ့္ေနရာဟာ အျဒနကၡတ္ရွိတဲ့ အိုရီယြန္မုဆိုး ၾကယ္စုအနီးမွာပါပဲ။

ျမန္မာနိုင္ငံမွ ၾကည့္ရွုမည္ဆိုပါက အဆိုပါ အိုရီယြန္ၾကယ္စု အေပၚကို တက္လာတဲ့ အခ်ိန္မွာမွ ျမင္ရမွာျဖစ္ပါတယ္။ ညသန္းေခါင္ (၁၂) နာရီ ေက်ာ္ၿပီးမွ ျဖစ္ပါတယ္။ တစ္နာရီကို ၁၄ လုံးေလာက္အထိ ေႂကြဆင္းနိုင္ပါတယ္။

ၾကယ္တာရာကလည္း ရင္းႏွီးၿပီးသားျဖစ္လို့ ရွာေဖြရလြယ္ကူမွာပါ။ ဥကၠာခဲေတြဟာ ေလထုနဲ႔ပြတ္တိုက္ၿပီး ေတာက္ေလာင္ေနေပမယ့္ ၾကည့္ရွုသူ လူသားေတြအတြက္ေတာ့ ေမၽွာ္လင့္ျခင္းအလင္းေရာင္ေလေတြ ေပးစြမ္းေနဦးမွာပါပဲ…

အနာဂတ္ပညာေရးကို အေကာင္းဆုံးေမၽွာ္လင့္လၽွက္…သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)