သက်ထားသူဇာ ဗိုလ်စွဲသွားပါပြီ . . နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့ပါပြီ

2675

Egypt International Badminton Champion 2019 ဖိုင်နယ်မှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ဝေးလ် ကစားသမားကို လက်ရည်အသာနဲ့ ကစားနိုင်ခဲ့ပြီး အနိုင်ရ ဗိုလ်စွဲနိုင်ခဲ့ပါပြီ။

ချန်ပီယံဆုကို ၂ နှစ်ဆက်တိုက် ရယူလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတော်သီချင်းကို သတိစွဲပြီး ချန်ပီယံ ပထမနေရာကနေ နားထောင်ရတဲ့ခံစားချက်က အရမ်းပီတိရှိတာပဲ။ မြန်မာတစ်ယောက်အနေနဲ့ ညီမတို့နိုင်ငံအတွက် ပထမဆုကို အရမ်းဂုဏ်ယူမိပါတယ်လိုသူမက ပွဲအပြီးမှာ ပြောပါတယ်။

Final ကို ကိုတိုင်ကိုကျလာရောက်အားပေးကြတဲ့ မြန်မာနိုင်ငံသူ/သားများ၊ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ၊ မြန်မာသံအမတ်ကြီး 🇲🇲 ဦးမြင့်လွင် နှင့် ဇနီး ဒေါ်ခင်သီဝင်း၊ Online မှ တစ်ဆင့်ပွဲအဖြေကိုစောင့်ကြည့်အားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်လို့လည်းပြောသွားပါတယ်။

သက်ထားသူဇာဟာ ဒီနှစ်အတွင်း ပွဲစဉ်ပေါင်း ၄၇ ပွဲမှာ ၃၉ပွဲနိုင် ၈ ပွဲရှုံးမှတ်တမ်းရရှိထားပါတယ်။

Egypt International Badminton Champion 2019 ဖိုင္နယ္မွာ ျမန္မာၾကက္ေတာင္မယ္ သက္ထားသူဇာဟာ ေဝးလ္ ကစားသမားကို လက္ရည္အသာနဲ႔ ကစားႏိုင္ခဲ့ၿပီး အႏိုင္ရ ဗိုလ္စြဲႏိုင္ခဲ့ပါၿပီ။ခ်န္ပီယံဆုကို ၂ ႏွစ္ဆက္တိုက္ ရယူလိုက္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံေတာ္သီခ်င္းကို သတိစြဲၿပီး ခ်န္ပီယံ ပထမေနရာကေန နားေထာင္ရတဲ့ခံစားခ်က္က အရမ္းပီတိရွိတာပဲ။ ျမန္မာတစ္ေယာက္အေနနဲ႔ ညီမတို႔ႏိုင္ငံအတြက္ ပထမဆုကို အရမ္းဂုဏ္ယူမိပါတယ္လိုသူမက ပြဲအၿပီးမွာ ေျပာပါတယ္။

Final ကို ကိုတိုင္ကိုက်လာေရာက္အားေပးၾကတဲ့ ျမန္မာႏိုင္ငံသူ/သားမ်ား၊ အီဂ်စ္အာရပ္သမၼတႏိုင္ငံဆိုင္ရာ၊ ျမန္မာသံအမတ္ႀကီး  ဦးျမင့္လြင္ ႏွင့္ ဇနီး ေဒၚခင္သီဝင္း၊ Online မွ တစ္ဆင့္ပြဲအေျဖကိုေစာင့္ၾကည့္အားေပးၾကတဲ့သူေတြအားလုံးကိုေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔လည္းေျပာသြားပါတယ္။

သက္ထားသူဇာဟာ ဒီႏွစ္အတြင္း ပြဲစဥ္ေပါင္း ၄၇ ပြဲမွာ ၃၉ပြဲႏိုင္ ၈ ပြဲရႈံးမွတ္တမ္းရရွိထားပါတယ္။