ပဟေဋိဆန်ဆန် ဧရာမြစ်ထဲကတက်လာသည့် အမျိုးသမီးတစ်ဦး

287

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကမ်းနားလမ်းပန်းခြံ၏ အနောက်ဘက် ဧရာဝတီမြစ်အတွင်းမှအမျိုးသမီး(၁)ဦးကမ်းပေါ်သို့တက်လာပြီး သဲသောင်ပြင်၌မေ့မျောသွားသည့်ကိစ္စစဉ်းစားစရာဖြစ်နေ ။

ဖြစ်စဉ်မှာ အမျိုးသမီး(၁)ဦး (၁၅.၁၀.၂၀၁၉)ရက်နေ့ ည(၆)နာရီ(၄၅)မိနစ်အချိန်ခန့် ၄င်းသည် ကမ်းနာသောင်ပြင်ပေါ်ရှိ ခုန်တွင်ထိုင်နေစဉ် သူ့အားတစ်ဦးတစ်ယောက်က အနောက်ကနေရေထဲသို့တွန်းချခဲ့ကြောင်း

သူ၏နေအိမ်သည်ရွှေတံခါးရပ်ကွက်က ဖြစ်ကြောင်း ကမ်းပေါ်သို့ရေစိုကြီးနဲ့တက်လာပြီး ကိုပြည်သစ္စာနှင့်ပရဟိတမောင်နှမများအားပြောပြခဲ့ကြောင်း သိရသည်။


ထို့ကြောင့် ကိုပြည်သစ္စာမှ ရွှေတံခါးရပ်ကွက်ရှိ မနုဿရှင်ကူပရဟိအဖွဲ့မှကိုသန်းဇော်အား ဆက်သွယ်အကြောင်းကြားကာ ရွှေတံခါးရပ်ကွက်ကဟုတ်/မဟုတ် လာရောက်ကြည့်ရှုပေးဖို့ခေါ်နေစဉ်

အဆိုပါအမျိုးသမီးမှာ မေ့မျောပြီးသဲသောင်ပြင်ပေါ်သို့လဲကျသွားသဖြင့် ပရဟိတပါရမီလူမှုကယ်ဆယ်ရေးအဖွဲ့သို့ ဖုန်းဆက်အကြောင်းကြားကာပြည်သူ့ဆေးရုံ ကုတင်(၅၀၀)သို့ပို့၍ ဆေးဝါးကုသရန်စီစဉ်ဆောင်ရွက်ပေးခဲ့ရကြောင်း။

အဆိုပါ အမျိုးသမီးမှာ မူလရွှေတံခါး (၅)လမ်းနေသူဖြစ်ကြောင်းနှင့်၄င်းထိုင်နေသည်ဟုပြောသောခုံနှင့် မြစ်မှာ ကိုက်(၃၀၀)ခန့်အကွာရှိကြောင်းသိရှိရသည်။

ပြည့်သဲမောင်(ပြည်)09-423671883ပြည်သတင်း

Zawgyi

ပဲခူးတိုင္းေဒသႀကီး ျပည္ၿမိဳ႕ ကမ္းနားလမ္းပန္းၿခံ၏ အေနာက္ဘက္ ဧရာဝတီျမစ္အတြင္းမွအမ်ိဳးသမီး(၁)ဦးကမ္းေပၚသို႔တက္လာၿပီး သဲေသာင္ျပင္၌ေမ့ေမ်ာသြားသည့္ကိစၥစဥ္းစားစရာျဖစ္ေန ။

ျဖစ္စဥ္မွာ အမ်ိဳးသမီး(၁)ဦး (၁၅.၁၀.၂၀၁၉)ရက္ေန႕ ည(၆)နာရီ(၄၅)မိနစ္အခ်ိန္ခန့္ ၄င္းသည္ ကမ္းနာေသာင္ျပင္ေပၚရွိ ခုန္တြင္ထိုင္ေနစဥ္ သူ႕အားတစ္ဦးတစ္ေယာက္က အေနာက္ကေနေရထဲသို႔တြန္းခ်ခဲ့ေၾကာင္း

သူ၏ေနအိမ္သည္ေ႐ႊတံခါးရပ္ကြက္က ျဖစ္ေၾကာင္း ကမ္းေပၚသို႔ေရစိုႀကီးနဲ႕တက္လာၿပီး ကိုျပည္သစၥာႏွင့္ပရဟိတေမာင္ႏွမမ်ားအားေျပာျပခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကိုျပည္သစၥာမွ ေ႐ႊတံခါးရပ္ကြက္ရွိ မႏုႆရွင္ကူပရဟိအဖြဲ႕မွကိုသန္းေဇာ္အား ဆက္သြယ္အေၾကာင္းၾကားကာ ေ႐ႊတံခါးရပ္ကြက္ကဟုတ္/မဟုတ္ လာေရာက္ၾကည့္ရႈေပးဖို႔ေခၚေနစဥ္

အဆိုပါအမ်ိဳးသမီးမွာ ေမ့ေမ်ာၿပီးသဲေသာင္ျပင္ေပၚသို႔လဲက်သြားသျဖင့္ ပရဟိတပါရမီလူမႈကယ္ဆယ္ေရးအဖြဲ႕သို႔ ဖုန္းဆက္အေၾကာင္းၾကားကာျပည္သူ႕ေဆး႐ုံ ကုတင္(၅၀၀)သို႔ပို႔၍ ေဆးဝါးကုသရန္စီစဥ္ေဆာင္႐ြက္ေပးခဲ့ရေၾကာင္း။

အဆိုပါ အမ်ိဳးသမီးမွာ မူလေ႐ႊတံခါး (၅)လမ္းေနသူျဖစ္ေၾကာင္းႏွင့္၄င္းထိုင္ေနသည္ဟုေျပာေသာခုံႏွင့္ ျမစ္မွာ ကိုက္(၃၀၀)ခန့္အကြာရွိေၾကာင္းသိရွိရသည္။

ျပည့္သဲေမာင္(ျပည္)09-423671883ျပည္သတင္း