အောက်တိုဘာလ (၁၅)ရက်နေ့ အမြန်လမ်း ယာဉ်မတော်တဆမှုများ

101

အောက်တိုဘာလ (၁၅)ရက်နေ့ ည (၀၉၀၀)နာရီအချိန် နေပြည်တော်-ရန်ကုန် လမ်း မိုင်တိုင်၈၈/၀-၈၈/၁ အကြားတွင် ယာဥ်မောင်း ဦးဝင်းဗိုလ် (ခ)အောင်ကျော်မြင့် ၅၆နှစ်လွိုင်ကော်မြို့နေသူ မောင်းနှင်ပြီးယဥ်မောင်းပါ ကျား (၂)ဦး မ(၄)ဦး​လိုက်ပါလာသည့် ယာဥ်အမှတ်KYN-8E/—- light truck အဖြူရောင်ယာဥ်သည်

အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် ဘာရီယာတုံးများအားဝင်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းသို့ ရောက်ရှိသွားခဲ့ရာယာဥ်မောင်းပါ ကျား(၂) မ(၃)ဦးမစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ မြို့ချောင်းစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်


အောက်တိုဘာလ (၁၅)ရက် ညနေ (၀၅၅၀)နာရီအချိန် မန္တလေး -ရန်ကုန် လမ်း မိုင်တိုင် အမှတ် ၂၂၈/၄-၂၂၈/၅ အကြား တွင် ယာဥ်မောင်း ဦးမြင့်ဝေ သ ၆၂ နှစ် ပဲခူးမြို့နေသူ မောင်းနှင်လာသည့် YGN 5D /—-PAJERO ခဲရောင် ယာဥ်သည်

အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဂတ်ဝေး တန်းအား ဝင်ရောက်တိုက်ပြီးမြေသား လမ်းပေါ်တွင် တိမ်းမှောက်ရာ ယာဥ်မောင်းသည် အခင်းဖြစ်နေရာတွင် သေဆုံးပြီး ယာဥ်ပေါ်ပါ အမျိုးသမီး (၃)ဦး မစိုးရိမ်ရ ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ ့ ပန်းတင်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး



