မိုးကြိုးထိမှန်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး သတိလစ်မေ့မျော

71

ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ် ပျော်ဘွယ်လေးကျေးရွာအုပ်စု ပျော်ဘွယ်လေးကျေးရွာ ကမ်းနားလမ်း ၌ အောက်တိုဘာ(၁၄)ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က မိုးကြိုးထိမှန်၍ လူနှစ်ဦး သေဆုံးခဲ့ပြီး လူနှစ်ဦး သတိလစ်မေ့မျောမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ မွန်းလွဲခန့်က ဒလမြို့နယ်နေ ကိုအောင်မင်း အသက်(၃၈)နှစ် နှင့် ကိုကျော်သူဟိန်း အသက်(၃၉)နှစ် တွံတေးမြို့နယ်နေ ကိုသဲမောင် အသက်(၂၁) နှင့် ဦးမောင်ဝင်း အသက်(၄၆)နှစ် စုစုပေါင်း(၄)ဦး တို့သည် ပျော်ဘွယ်လေးကျေးရွာ ကမ်းနားလမ်းနေ ကိုရဲမင်းအောင်၏ နေအိမ်သို့ လာရောက်လည်ပတ်ရာမှ

နေအိမ်ရှေ့ အပြင်တွင် စု၍ စကားပြောနေကြစဉ် မိုးရွာသွန်းပြီး မိုးကြိုးပစ်ချမှုကြောင့် (၄)ဦးစလုံး လဲကျသွားခဲသဖြင့် ပျော်ဘွယ်လေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ က (၄)ဦးအား ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့တင်ပို့ခဲ့ရာ


ကိုအောင်မင်းနှင့် ကိုကျော်သူဟိန်းမှာ မိုးကြိုထိမှန်စဉ်ကပင် သေဆုံးသွားခဲ့ပြီး ဦးမောင်ဝင်းတွင် ခြေထောက် အောက်ပိုင်းထိမှန်ပြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာ(မစိုးရိမ်ရ) ဆေးကုသမှုခံယူလျက်ရှိပြီး

ကိုသဲမောင် မှာ သတိလစ်မေ့နေသဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လွှဲပြောင်းဆေးကုသမှုခံယူလျက်ရှိ ကြောင်းသိရသည်။ မိုးကြိုးပစ်မှုကြောင့် နေအိမ်ပျက်စီး ဆုံးရှုံးမှု မရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)Myanmaalinn Photo – Internet

ရန္ကုန္တိုင္းေဒသႀကီး တြံေတးၿမိဳ႕နယ္ ေပ်ာ္ဘြယ္ေလးေက်း႐ြာအုပ္စု ေပ်ာ္ဘြယ္ေလးေက်း႐ြာ ကမ္းနားလမ္း ၌ ေအာက္တိုဘာ(၁၄)ရက္ မြန္းလြဲ ၁၂ နာရီခြဲခန႔္က မိုးႀကိဳးထိမွန္၍ လူႏွစ္ဦး ေသဆုံးခဲ့ၿပီး လူႏွစ္ဦး သတိလစ္ေမ့ေမ်ာမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

အဆိုပါေန႔ မြန္းလြဲခန္႔က ဒလၿမိဳ႕နယ္ေန ကိုေအာင္မင္း အသက္(၃၈)ႏွစ္ ႏွင့္ ကိုေက်ာ္သူဟိန္း အသက္(၃၉)ႏွစ္ တြံေတးၿမိဳ႕နယ္ေန ကိုသဲေမာင္ အသက္(၂၁) ႏွင့္ ဦးေမာင္ဝင္း အသက္(၄၆)ႏွစ္ စုစုေပါင္း(၄)ဦး တို႔သည္ ေပ်ာ္ဘြယ္ေလးေက်း႐ြာ ကမ္းနားလမ္းေန ကိုရဲမင္းေအာင္၏ ေနအိမ္သို႔ လာေရာက္လည္ပတ္ရာမွ

ေနအိမ္ေရွ႕ အျပင္တြင္ စု၍ စကားေျပာေနၾကစဥ္ မိုး႐ြာသြန္းၿပီး မိုးႀကိဳးပစ္ခ်မႈေၾကာင့္ (၄)ဦးစလုံး လဲက်သြားခဲသျဖင့္ ေပ်ာ္ဘြယ္ေလးေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ႏွင့္အဖြဲ႕ဝင္မ်ား က (၄)ဦးအား ဒလၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔တင္ပို႔ခဲ့ရာ

ကိုေအာင္မင္းႏွင့္ ကိုေက်ာ္သူဟိန္းမွာ မိုးႀကိဳထိမွန္စဥ္ကပင္ ေသဆုံးသြားခဲ့ၿပီး ဦးေမာင္ဝင္းတြင္ ေျခေထာက္ ေအာက္ပိုင္းထိမွန္ၿပီး ဒလၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ၌ ျပင္ပလူနာ(မစိုးရိမ္ရ) ေဆးကုသမႈခံယူလ်က္ရွိၿပီး

ကိုသဲေမာင္ မွာ သတိလစ္ေမ့ေနသျဖင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းေဆးကုသမႈခံယူလ်က္ရွိ ေၾကာင္းသိရသည္။ မိုးႀကိဳးပစ္မႈေၾကာင့္ ေနအိမ္ပ်က္စီး ဆုံးရႈံးမႈ မရွိေၾကာင္း သိရသည္။

ႏိုင္လင္းေက်ာ္(ဒလ) Photo – Internet