အောင်လရဲ့ ကြောက်စရာ အကောင်းဆုံးတိုက်ကွက် ၄ ကွက်
95
ရွှေခါးပတ် ၂ ခု ရှင် အောင်လ ကိုယ်တိုင် ရှင်းပြထားတဲ့ စိတ်ကြိုက် တိုက်ကွက် ၄ ကွက်
မြန်မာနိုင်ငံဖွား ကချင်တိုင်းရင်းသား အောင်လအောန်ဆန်းဟာ ဝမ်းချန်ပီယံရှစ် ကိုယ်ခံပညာ ကမ္ဘာ့ သိုင်းပေါင်းစုံ ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်တန်း ၂ ခု မှာ ရွှေခါးပတ် ဆု ၂ ဆု ရယူထားသူပါ။
မြန်မာ့စပါးအုံးမြွေ Burmese Python ဆိုပြီး MMA သိုင်းပေါင်းစုံ လောကမှာ နာမည် အခိုင်အမာ ရယူထားတဲ့ အောင်လအောန်ဆန်းရဲ့ အကြိုက်ဆုံး တိုက်ကွက်တွေ အကြောင်းကို
အောင်လအောန်ဆန်းကိုယ်တိုင် ဘီဘီစီမြန်မာပိုင်းကို သရုပ်ပြပြီး ပြောပြပေးထားပါတယ်။ သရုပ်ပြရာမှာ မြန်မာပြည်က MMA ကစားသမား ဖိုးသော် က ပါဝင် ကူညီပေးထားပါတယ်။ ရုပ်သံမှာ ရှုစားပါ။
BBC Burmese
Zawgyi