ဒေသခံများ အုန်းအုန်းကျွက်ကျွက်ဖြစ်ခဲ့ရတဲ့ ဈာန်ရပုဂ္ဂိုလ်ထူးတစ်ဦး ပျံနေတဲ့ဗွီဒီယိုဖိုင်

91

ပြီးခဲ့တဲ့ရက်ပိုင်းက DailyStar သတင်းစာကနေ ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကတော့ လူအများကို စိတ်ဝင်စားမှု မြင့်တက်စေခဲ့ကြောင်း သိရပါတယ်။ ဒီဗွီဒီယိုဖိုင်ဟာ mavi 777 အမည်ရ YouTube အကောင့်ကနေ မျှဝေထားတာဖြစ်ပြီး လူရာနဲ့ချီ မှတ်ချက်ပေးခဲ့ပါတယ်။

အဆိုပါ YouTube ချန်နယ်မှာ ” အလွန်စိတ်ဝင်စားဖို့ ကောင်းပါတယ် … လူနဲ့တူတဲ့ အရာဝတ္ထု … ဒါမှမဟုတ် UFO လို့ ထင်ရတဲ့ အရာဝတ္ထုတစ်ခု ကောင်းကင် လေဟာပြင်မှာ မက်မက်ရပ်နေပါတယ် “လို့ ရေးထားတာပါ။ တော်တော်များများကတော့ ဒါဟာ ဈာန်ရပုဂ္ဂိုလ်ထူးလို့ ယုံကြည်နေကြပါတယ်။

တစ်ချို့ ယုတ္တိကျကျ တွေးတတ်သူတွေကတော့ အပျော်သဘောလွှတ်တင်ထားတဲ့ မီးပုံပျံလို့ ဆိုကြပေမယ့်၊ ဒီထက်ပိုပြီး နီးစပ်တဲ့ အတွေးကတော့ ပထမအတွေးအခေါ်မျိုးရှိသူတွေအတွက် မနှစ်သက်စရာပါ။ လူတစ်ယောက်က ” ဒါဟာ ကွန်ဒုံးကြော်ငြာ ကုမ္ပဏီက လွှတ်တင်ထားတဲ့ လေပူဘောလုံး”ပါလို့ အတိအကျ ဆိုပါတယ်။

အခြားတစ်ဦးကတော့ ဒါဟာ ရေသန့်ဘူးထုတ်တဲ့ ကုမ္ပဏီက လွှတ်တင်ထားတဲ့ ဘူးပုံစံ လေပူဘောလုံးပါလို့ ပြောပါတယ်။ သူပြောတာကတော့ ကွန်ဒုံးသမားထက် ပိုပြီး ယုတ္တိရှိပါတယ်။ အကြောင်းကတော့ လေပေါ်မှာပျံနေတဲ့ပုံမှာ လူပုံထက်၊ ပုလင်းပုံနဲ့ ပိုတူနေတာမို့ပါ။

လင်းဇော်ကို D Nae Khit Media




