အစ်မ မင်္ဂလာဆောင်တွင် ငိုမိသည့် ချေချင်းအမျိုးသား လူသိရှင်ကြား ပြန်တောင်းပန်

29

ယောကျ်ားဆန်မှုဟာ ချေချင်းအမျိုးသားတွေရဲ့ အမှတ်လက္ခဏာတခုဖြစ်ပြီးတော့ သက်ဆိုင်ရာ အာဏာပိုင်တွေ အမြဲထိန်းသိမ်းထားလိုတဲ့ အရာဖြစ်ပါတယ်။

ဒီအရာကို မထိန်းသိမ်းတဲ့လူဟာ သူတို့လူ့အဖွဲ့အစည်းမှာ ရှုတ်ချခံရပြီးတော့ လူသိရှင်ကြားတောင်းပန်မှုပါ ပြုလုပ်ရမှာဖြစ်ပါတယ်။

ချေချင်းလူငယ်တဦးဟာလည်း ဒီဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီလူငယ်ဟာ သူ့အစ်မမင်္ဂလာဆောင်ကို တက်ရောက်ခဲ့ပြီးတော့ မင်္ဂလာပွဲမှာ အစ်မတယောက်ကို ဆုံးရှုံးရတဲ့ မောင်တယောက်အနေနဲ့ ဝမ်းနည်း မျက်ရည်ကျခဲ့ပါတယ်။

ဒီလိုမျက်ရည်ကျနေတဲ့ အခိုက်အတန့်ဟာ ဗွီဒီယိုရိုက်ကူးမှုမှာပါဝင်ခဲ့ပြီးတော့ နောက် ပိုင်းမှာလည်း ဒီဗွီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာပျံ့နှံ့သွားခဲ့ပါတယ်။

ဒီလူငယ်လေးရဲ့ ခံစားချက်အပေါ် မထိန်းချုပ်နိုင်စွမ်းကို ချေချင်းအမျိုးသားတွေက စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ဖြစ်တဲ့ ရမ်ဇန်ကာဒီရော့ဗ်ကလည်း ချေချင်းတွေရဲ့ ရိုးရာနဲ့ အစဉ်အလာကိုဖောက်ဖျက်မှုအတွက် ဒီလူငယ်လေးကို ဝေဖန်အပြစ် တင်ခဲ့ပါတယ်။

ဒီလိုမျိုးဝေဖန်မှုတွေ ရှိလာတာကြောင့် ဒီလူငယ်လေးဟာ လူသိရှင်ကြားတောင်းပန်ခဲ့ရပြီး ဒီဖြစ်ရပ်က ချေချင်းလူ့အဖွဲ့အစည်းအတွင်းမှာ အချေတင် ငြင်းခုန်ဆွေးနွေးမှုတွေကို ဖြစ်စေပါတယ်။ချေချင်းတွေရဲ့ ထုံးစံအရ လူငယ်အမျိုးသားတွေဟာ အစ်မတွေရဲ့မင်္ဂလာပွဲကို မတက်ရောက်ရပါဘူး။

မင်္ဂလာပွဲကို တက်ရောက်ခဲ့ရုံတင်မဟုတ်ဘဲ ငိုကြွေးခဲ့တဲ့ ဒီအမျိုးသားငယ်လေးဟာ ရမ်ဇမ်ကာဒီရော့ဗ်ကို တောင်းပန်တဲ့ ဗွီဒီယိုဖိုင်ထုတ်ပြန်ခဲ့ရပြီး အင်စတာဂရမ်ပေါ်ရောက်ရှိလာတဲ့ ဗွီဒီယိုဖိုင်မှာ အစ်မင်္ဂလာပွဲကို တက်ရောက်ခဲ့ခြင်း၊ ခံစားချက်ကို မထိန်းချုပ်နိုင်ခြင်းစတဲ့ ချေချင်းလူမျိုးတွေရဲ့ အစဉ်လာတွေကို ဖောက်ဖျက်မှုကို တောင်းပန်ကြောင်း ပြောဆိုထားတာ တွေ့ရပါတယ်။

“မင်္ဂလာပွဲကိုမတက်ရဆိုတဲ့ တရားဝင်ဥပဒေထုတ်ပြန်ထားခြင်းမျိုးမရှိပေမယ့် ဒီလူ ငယ်လေးရဲ့ လုပ်ရပ်က လက်မခံနိုင်စရာပါပဲ” လို့လည်း ဒီဗွီဒီယိုဖိုင်မှာ ရေးသားထားပါတယ်။

“အစ်မဖြစ်သူကို အဆုံးရှုံးမခံနိုင်တာကြောင့် ငိုမိခဲ့တာ” လို့ဒီလူငယ်လေးက သူ့ဗွီဒီယိုဖိုင်မှာ ပြန်လည်ရှင်းလင်းခဲ့ရတာကိုလည်း တွေ့ရပါတယ်။

လူမျိုးစုတစုရဲ့ ရှုပ်ထွေးတဲ့ ထုံးတမ်းအစဉ်အလာတခုဖြစ်ပေမယ့် ရမ်ဇမ်ကာဒီရော့နဲ့ တခြားချေချင်း လူမျိုးတွေရဲ့လုပ်ရပ်ဟာ ထုံးတမ်းအစဉ်အလာတွေကိုအသုံးချပြီး နိုင်ငံရေးအရ အဖြတ်ထုတ်တာလို့ ချေချင်းလူမျိုးတချို့က ယူဆနေကြပြီး ဒီကောင်လေးကို အတင်းအကြပ် တောင်းပန်ခိုင်းတာက အနိုင်ကျင့်တာဖြစ်တာလို့ သူတို့က ရှုမြင်နေကြပါတယ်။

ယခုသတင်းကို DVB TV News  ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။

Zawgyi

ေယာက်္ားဆန္မႈဟာ ေခ်ခ်င္းအမ်ိဳးသားေတြရဲ႕ အမွတ္လကၡဏာတခုျဖစ္ၿပီးေတာ့ သက္ဆိုင္ရာ အာဏာပိုင္ေတြ အၿမဲထိန္းသိမ္းထားလိုတဲ့ အရာျဖစ္ပါတယ္။

ဒီအရာကို မထိန္းသိမ္းတဲ့လူဟာ သူတို႔လူ႔အဖြဲ႕အစည္းမွာ ရႈတ္ခ်ခံရၿပီးေတာ့ လူသိရွင္ၾကားေတာင္းပန္မႈပါ ျပဳလုပ္ရမွာျဖစ္ပါတယ္။

ေခ်ခ်င္းလူငယ္တဦးဟာလည္း ဒီျဖစ္ရပ္နဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။ ဒီလူငယ္ဟာ သူ႔အစ္မမဂၤလာေဆာင္ကို တက္ေရာက္ခဲ့ၿပီးေတာ့ မဂၤလာပြဲမွာ အစ္မတေယာက္ကို ဆုံးရႈံးရတဲ့ ေမာင္တေယာက္အေနနဲ႔ ဝမ္းနည္း မ်က္ရည္က်ခဲ့ပါတယ္။

ဒီလိုမ်က္ရည္က်ေနတဲ့ အခိုက္အတန႔္ဟာ ဗြီဒီယို႐ိုက္ကူးမႈမွာပါဝင္ခဲ့ၿပီးေတာ့ ေနာက္ ပိုင္းမွာလည္း ဒီဗြီဒီယိုဖိုင္ဟာ အင္တာနက္ေပၚမွာပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။

ဒီလူငယ္ေလးရဲ႕ ခံစားခ်က္အေပၚ မထိန္းခ်ဳပ္ႏိုင္စြမ္းကို ေခ်ခ်င္းအမ်ိဳးသားေတြက စိတ္ဆိုးေဒါသထြက္ခဲ့ၾကၿပီး အမ်ိဳးသားေခါင္းေဆာင္ျဖစ္တဲ့ ရမ္ဇန္ကာဒီေရာ့ဗ္ကလည္း ေခ်ခ်င္းေတြရဲ႕ ႐ိုးရာနဲ႔ အစဥ္အလာကိုေဖာက္ဖ်က္မႈအတြက္ ဒီလူငယ္ေလးကို ေဝဖန္အျပစ္ တင္ခဲ့ပါတယ္။

ဒီလိုမ်ိဳးေဝဖန္မႈေတြ ရွိလာတာေၾကာင့္ ဒီလူငယ္ေလးဟာ လူသိရွင္ၾကားေတာင္းပန္ခဲ့ရၿပီး ဒီျဖစ္ရပ္က ေခ်ခ်င္းလူ႔အဖြဲ႕အစည္းအတြင္းမွာ အေခ်တင္ ျငင္းခုန္ေဆြးေႏြးမႈေတြကို ျဖစ္ေစပါတယ္။ေခ်ခ်င္းေတြရဲ႕ ထုံးစံအရ လူငယ္အမ်ိဳးသားေတြဟာ အစ္မေတြရဲ႕မဂၤလာပြဲကို မတက္ေရာက္ရပါဘူး။

မဂၤလာပြဲကို တက္ေရာက္ခဲ့႐ုံတင္မဟုတ္ဘဲ ငိုေႂကြးခဲ့တဲ့ ဒီအမ်ိဳးသားငယ္ေလးဟာ ရမ္ဇမ္ကာဒီေရာ့ဗ္ကို ေတာင္းပန္တဲ့ ဗြီဒီယိုဖိုင္ထုတ္ျပန္ခဲ့ရၿပီး အင္စတာဂရမ္ေပၚေရာက္ရွိလာတဲ့ ဗြီဒီယိုဖိုင္မွာ အစ္မဂၤလာပြဲကို တက္ေရာက္ခဲ့ျခင္း၊ ခံစားခ်က္ကို မထိန္းခ်ဳပ္ႏိုင္ျခင္းစတဲ့ ေခ်ခ်င္းလူမ်ိဳးေတြရဲ႕ အစဥ္လာေတြကို ေဖာက္ဖ်က္မႈကို ေတာင္းပန္ေၾကာင္း ေျပာဆိုထားတာ ေတြ႕ရပါတယ္။

“မဂၤလာပြဲကိုမတက္ရဆိုတဲ့ တရားဝင္ဥပေဒထုတ္ျပန္ထားျခင္းမ်ိဳးမရွိေပမယ့္ ဒီလူ ငယ္ေလးရဲ႕ လုပ္ရပ္က လက္မခံႏိုင္စရာပါပဲ” လို႔လည္း ဒီဗြီဒီယိုဖိုင္မွာ ေရးသားထားပါတယ္။

“အစ္မျဖစ္သူကို အဆုံးရႈံးမခံႏိုင္တာေၾကာင့္ ငိုမိခဲ့တာ” လို႔ဒီလူငယ္ေလးက သူ႔ဗြီဒီယိုဖိုင္မွာ ျပန္လည္ရွင္းလင္းခဲ့ရတာကိုလည္း ေတြ႕ရပါတယ္။

လူမ်ိဳးစုတစုရဲ႕ ရႈပ္ေထြးတဲ့ ထုံးတမ္းအစဥ္အလာတခုျဖစ္ေပမယ့္ ရမ္ဇမ္ကာဒီေရာ့နဲ႔ တျခားေခ်ခ်င္း လူမ်ိဳးေတြရဲ႕လုပ္ရပ္ဟာ ထုံးတမ္းအစဥ္အလာေတြကိုအသုံးခ်ၿပီး ႏိုင္ငံေရးအရ အျဖတ္ထုတ္တာလို႔ ေခ်ခ်င္းလူမ်ိဳးတခ်ိဳ႕က ယူဆေနၾကၿပီး ဒီေကာင္ေလးကို အတင္းအၾကပ္ ေတာင္းပန္ခိုင္းတာက အႏိုင္က်င့္တာျဖစ္တာလို႔ သူတို႔က ရႈျမင္ေနၾကပါတယ္။