မြေပေါ်ပြုတ်ကျနေသော ဓါတ်ကြိုးကို နင်းမိသဖြင့် ညီအကိုနှစ်ဦး ဓါတ်လိုက်သေဆုံး

56

စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရား မြောက်ဘက်မုဒ်ဦးအနီးတွင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက မြေပေါ်တွင် ပြုတ်ကျနေသော ဓါတ်ကြိုးကို နင်းမိသဖြင့် ညီအစ်ကို နှစ်ဦး ဓါတ်လိုက်သေဆုံးခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းသိရသည်။

မောင်စိုင်းလင်းထွန်း(၉)နှစ် နှင့် မောင်ချစ်ရင်ထူး (၁၅) နှစ်တို့သည် စစ်ကိုင်းမြို့ စီးတီးရပ်ကွက် အိမ်အမှတ် (၁၅၁) သရက်ခြံအတွင်းရှိ အောင်ပန်းညိုအပင်မှ အရွက်ခူးရန် သွားရောက်စဉ် မြေပေါ်ပြုတ်ကျနေသော ဓါတ်ကြိုးနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ ဦးသိန်းထွန်းဝင်း(၄၃) နှစ်သည် ညီအစ်ကို နှစ်ဦးသည် အောင်ပန်းညိုအရွက် သွားရောက်ခူးရာမှ ပြန်မလာသဖြင့် လိုက်လံရှာဖွေရာ မောင်ချစ်ရင်ထူး၏ ဘယ်ညာ ခြေနှစ်ဖက်နှင့် လက်နှစ်ဖက်တွင် လျှပ်စစ်စီးဝင်ဒဏ်ရာ မောင်စိုင်းလင်းထွန်း၏ ဘယ်ဘက်တံတောင်တွင် လျှပ်စစ်စီးဝင်သည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်း၏ ကနဦးသတင်းပေးပို့ချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၂၆/၂၀၁၉) ဖြင့် အမှုဖွင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

[ ယခုသတင်းကို The Voice ၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ] Photo.Crd စစ္ကုိင္းသတင္းစုံ

Zawgyi

စစ္ကိုင္းၿမိဳ႕ ေကာင္းမႈေတာ္ဘုရား ေျမာက္ဘက္မုဒ္ဦးအနီးတြင္ ေအာက္တိုဘာလ ၁၁ ရက္ေန႕ နံနက္ပိုင္းက ေျမေပၚတြင္ ျပဳတ္က်ေနေသာ ဓါတ္ႀကိဳးကို နင္းမိသျဖင့္ ညီအစ္ကို ႏွစ္ဦး ဓါတ္လိုက္ေသဆံုးခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕မ ရဲစခန္းသိရသည္။

ေမာင္စုိင္းလင္းထြန္း(၉)ႏွစ္ ႏွင့္ ေမာင္ခ်စ္ရင္ထူး (၁၅) ႏွစ္တုိ႕သည္ စစ္ကိုင္းၿမိဳ႕ စီးတီးရပ္ကြက္ အိမ္အမွတ္ (၁၅၁) သရက္ၿခံအတြင္းရွိ ေအာင္ပန္းညိဳအပင္မွ အရြက္ခူးရန္ သြားေရာက္စဥ္ ေျမေပၚျပဳတ္က်ေနေသာ ဓါတ္ႀကိဳးနင္းမိကာ ေသဆံုးခဲ့ျခင္းျဖစ္သည္။

ဖခင္ျဖစ္သူ ဦးသိန္းထြန္း၀င္း(၄၃) ႏွစ္သည္ ညီအစ္ကို ႏွစ္ဦးသည္ ေအာင္ပန္းညိဳအရြက္ သြားေရာက္ခူးရာမွ ျပန္မလာသျဖင့္ လိုက္လံရွာေဖြရာ ေမာင္ခ်စ္ရင္ထူး၏ ဘယ္ညာ ေျခႏွစ္ဖက္ႏွင့္ လက္ႏွစ္ဖက္တြင္ လွ်ပ္စစ္စီး၀င္ဒဏ္ရာ ေမာင္စုိင္းလင္းထြန္း၏ ဘယ္ဘက္တံေတာင္တြင္ လွ်ပ္စစ္စီး၀င္သည့္ ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနသည္ကုိ ေတြ႔ရွိခဲ့ေၾကာင္း စစ္ကိုင္းၿမိဳ႕မရဲစခန္း၏ ကနဦးသတင္းေပးပို႔ခ်က္အရ သိရသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ စစ္ကုိင္းၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၂၆/၂၀၁၉) ျဖင့္ အမႈဖြင့္ ဆက္လက္ေဆာင္ရြက္လ်က္ရွိသည္။