တိုင်ဖွန်းမုန်တိုင်းကြောင့် တိုကျိုတွင် နေအိမ် အမိုးများလွင့်စင် ၁ ဦးသေဆုံး

59

နှစ် ၆၀ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်က ဂျပန်နိုင်ငံဆီကို ချဉ်းကပ် လာနေလို့ တိုကျိုတောင်ပိုင်းက ခါ့နာ့ငါ့ဝါ့ ခရိုင်ထဲမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ၂၇ ဒသမ ၆လက်မထိ စံချိန်ကျိုးအောင် မိုးရွာသွန်းခဲ့ပါတယ်။

တိုကျိုမြို့ အရှေ့ဘက် ချိဘခရိုင်ထဲမှာလည်း လေပြင်းတွေကြောင့် အိမ်အတော်များများက အမိုးတွေ လွင့်ထွက်ကုန်ပါတယ်။

လေပြင်းကြောင့် လိမ့်ထွက်သွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးတယ်လို့ NHK သတင်းဌာနက အစီရင်ခံပါတယ်။

ဖိလစ်ပိုင်ဘာသာနဲ့ အရှိန်လို့ အဓိပ္ပာယ်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ စနေညနေပိုင်းမှာ ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းမကြီးကတဆင့် ကုန်းတွင်း ဝင်ရောက်မှာပါ။

လပြည့်နေ့နဲ့ တိုက်ဆိုင်နေလို့ ဒီရေတက်ဖို့ ရှိတဲ့အတွက် တိုကျိုမြေနိမ့်ပိုင်းတွေမှာ ရေကြီးမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။

ယခုသတင်းကို DVB TV News  ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။

Zawgyi

ႏွစ္ ၆၀ အတြင္း အျပင္းထန္ဆုံး တိုင္ဖြန္းမုန္တိုင္း ဟာဂီဘစ္က ဂ်ပန္ႏိုင္ငံဆီကို ခ်ဥ္းကပ္ လာေနလို႔ တိုက်ိဳေတာင္ပိုင္းက ခါ့နာ့ငါ့ဝါ့ ခ႐ိုင္ထဲမွာ ၂၄ နာရီ အတြင္း မိုးေရခ်ိန္ ၂၇ ဒသမ ၆လက္မထိ စံခ်ိန္က်ိဳးေအာင္ မိုး႐ြာသြန္းခဲ့ပါတယ္။

တိုက်ိဳၿမိဳ႕ အေရွ႕ဘက္ ခ်ိဘခ႐ိုင္ထဲမွာလည္း ေလျပင္းေတြေၾကာင့္ အိမ္အေတာ္မ်ားမ်ားက အမိုးေတြ လြင့္ထြက္ကုန္ပါတယ္။

ေလျပင္းေၾကာင့္ လိမ့္ထြက္သြားတဲ့ ကားတစီးထဲက အမ်ိဳးသားတေယာက္ ေသဆုံးတယ္လို႔ NHK သတင္းဌာနက အစီရင္ခံပါတယ္။

ဖိလစ္ပိုင္ဘာသာနဲ႔ အရွိန္လို႔ အဓိပၸာယ္ရတဲ့ တိုင္ဖြန္းမုန္တိုင္း ဟာဂီဘစ္ဟာ စေနညေနပိုင္းမွာ ဂ်ပန္ႏိုင္ငံ ဟြန္းရႉးကြၽန္းမႀကီးကတဆင့္ ကုန္းတြင္း ဝင္ေရာက္မွာပါ။

လျပည့္ေန႔နဲ႔ တိုက္ဆိုင္ေနလို႔ ဒီေရတက္ဖို႔ ရွိတဲ့အတြက္ တိုက်ိဳေျမနိမ့္ပိုင္းေတြမွာ ေရႀကီးမယ့္ေဘးကို ရင္ဆိုင္ေနရပါတယ္။