ဂျပန်သို့ မဟာတိုင်ဖွန်း ဟာဂီဘစ်စ် ဝင်ရောက်တိုက်ခတ်၊ နေအိမ်သိန်းနဲ့ချီကာ ပါဝါပြတ်တောက်

50

နှစ် ၆၀ အတွင်း အပြင်းထန်ဆုံးသော တိုင်ဖွန်းမုန်တိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ သောင်းပေါင်းများစွာသော နေအိမ်များ လျှပ်စစ်မီးမရှိဘဲ နေထိုင်နေရပြီး၊ ရေလွှမ်းမိုးကာ လူတစ်ဦး သေဆုံးထားကြောင်း သတင်းများက ဖောြ်ပထားသည်။

လေတိုက်နှုန်း တစ်နာရီလျှင် ၁၈၀ ကီလိုမီတာ ရှိသည့် မုန်တိုင်းဒဏ်ကို တိုင်းပြည်အနှံ့ ခံစားနေရပြီး နေရာအနှံ့ ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်နေသည်။

ဂျပန်တွင် ကျင်းပမည့် ကမ်ဘာ့ဖလား Rugby ဘောလုံးပွဲစဉ်များနှင့် Formula One ကားပြိုင်ပွဲများ ဖျက်သိမ်းထားရသည်။

ထိခိုက်မှု မြင့်မားနိုင်သော နေရာများကို အရေးပေါ် ရွှေ့ပြောင်းမှုများ ပြုလုပ်ရန်အတွက် အာဏာပိုင်များက အမိန့်ထုတ်ထားသည်။

တိုင်ဖွန်းမလာခင် လူအများက ရိက္ခာများ ဝယ်သွားကြသဖြင့် ဆူပါမားကတ်များတွင် ကုန်ပစ္စည်းများ နည်းပါးလျက်ရှိသည်။

လေကြောင်းခရီးစဉ်များ၊ ရထားလမ်းကြောင်းများ ရပ်ထားရပြီး ဈေးဆိုင်များ၊ စက်ရုံများစွာ ပိတ်လိုက်ရသည်။

မုန်တိုင်းက အရှိန်ဖြင့် ဝင်လာရာ တိုကျိုမြို့ အရှေ့ပိုင်း ချီဘာဒေသသို့ လေဆင်နှာမောင်းအဆင့် လေပြင်းများ ဝင်နေကာ အမိုးများလန်ထွက်ကုန်ပြီး ကားတစ်စီးထိခိုက်ပျက်စီးကာ ကားတွင်ပါသူ သေဆုံးခဲ့ရသည်။

ဂျပန်ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် မုန်တိုင်းဒဏ်ခံ ခိုလှုံရာနေရာများစွာ ပြင်ဆင်ထားပြီး မုန်တိုင်းအန္တရာယ်လျှော့ချရန် ကြိုးစားလျက်ရှိသည်။

ဟာဂီဘစ်စ်ဆိုသည်မှာ ဖိလစ်ပိုင် ဘာသာစကားဖြင့် အလျှင်ဟု အဓိပ္ပါယ်ရပြီး ဂျပန်ဟွန်ရှူး ကျွန်းမကြီးသို့ တိုက်ရိုက်ဦးတည်ဖြတ်သန်းသွားသည့် မုန်တိုင်းဖြစ်သည်။

၁၉၅၈ ခုနှစ်က ဂျပန်သို့ ကာနိုဂါဝါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခဲ့ဖူးပြီး လူ ၁၂၀၀ သေဆုံး ပျောက်ဆုံးခဲ့ရသည်။

The Voice

Zawgyi

ႏွစ္ ၆၀ အတြင္း အျပင္းထန္ဆုံးေသာ တုိင္ဖြန္းမုန္တိုင္း ဂ်ပန္ႏုိင္ငံသို႔ ဝင္ေရာက္တုိက္ခတ္ခဲ့ရာ ေသာင္းေပါင္းမ်ားစြာေသာ ေနအိမ္မ်ား လွ်ပ္စစ္မီးမရွိဘဲ ေနထိုင္ေနရၿပီး၊ ေရလႊမ္းမိုးကာ လူတစ္ဦး ေသဆုံးထားေၾကာင္း သတင္းမ်ားက ေဖာျ္ပထားသည္။

ေလတုိက္ႏႈန္း တစ္နာရီလွ်င္ ၁၈၀ ကီလိုမီတာ ရွိသည့္ မုန္တုိင္းဒဏ္ကို တုိင္းျပည္အႏွံ႔ ခံစားေနရၿပီး ေနရာအႏွံ႔ ေရႀကီးျခင္း၊ ေျမၿပိဳျခင္းမ်ား ျဖစ္ေနသည္။

ဂ်ပန္တြင္ က်င္းပမည့္ ကမၻာ႔ဖလား Rugby ေဘာလုံးပြဲစဥ္မ်ားႏွင့္ Formula One ကားၿပိဳင္ပြဲမ်ား ဖ်က္သိမ္းထားရသည္။

ထိခုိက္မႈ ျမင့္မားႏုိင္ေသာ ေနရာမ်ားကို အေရးေပၚ ေရႊ႕ေျပာင္းမႈမ်ား ျပဳလုပ္ရန္အတြက္ အာဏာပိုင္မ်ားက အမိန္႔ထုတ္ထားသည္။

တုိင္ဖြန္းမလာခင္ လူအမ်ားက ရိကၡာမ်ား ဝယ္သြားၾကသျဖင့္ ဆူပါမားကတ္မ်ားတြင္ ကုန္ပစၥည္းမ်ား နည္းပါးလ်က္ရွိသည္။

ေလေၾကာင္းခရီးစဥ္မ်ား၊ ရထားလမ္းေၾကာင္းမ်ား ရပ္ထားရၿပီး ေစ်းဆုိင္မ်ား၊ စက္ရုံမ်ားစြာ ပိတ္လုိက္ရသည္။

မုန္တုိင္းက အရွိန္ျဖင့္ ဝင္လာရာ တိုက်ိဳၿမိဳ႕ အေရွ႕ပိုင္း ခ်ီဘာေဒသသို႔ ေလဆင္ႏွာေမာင္းအဆင့္ ေလျပင္းမ်ား ဝင္ေနကာ အမိုးမ်ားလန္ထြက္ကုန္ၿပီး ကားတစ္စီးထိခိုက္ပ်က္စီးကာ ကားတြင္ပါသူ ေသဆုံးခဲ့ရသည္။

ဂ်ပန္ကမ္းရိုးတန္းေဒသတစ္ေလွ်ာက္တြင္ မုန္တိုင္းဒဏ္ခံ ခိုလႈံရာေနရာမ်ားစြာ ျပင္ဆင္ထားၿပီး မုန္တိုင္းအႏၲရာယ္ေလွ်ာ႔ခ်ရန္ ႀကိဳးစားလ်က္ရွိသည္။

ဟာဂီဘစ္စ္ဆိုသည္မွာ ဖိလစ္ပိုင္ ဘာသာစကားျဖင့္ အလွ်င္ဟု အဓိပၸါယ္ရၿပီး ဂ်ပန္ဟြန္ရွဴး ကၽြန္းမႀကီးသို႔ တိုက္ရိုက္ဦးတည္ျဖတ္သန္းသြားသည့္ မုန္တုိင္းျဖစ္သည္။

၁၉၅၈ ခုႏွစ္က ဂ်ပန္သို႔ ကာႏိုဂါဝါမုန္တုိင္း ဝင္ေရာက္တုိက္ခိုက္ခဲ့ဖူးၿပီး လူ ၁၂၀၀ ေသဆုံး ေပ်ာက္ဆုံးခဲ့ရသည္။

ယခုဝင်ရောက်နေတဲ့ စူပါတိုင်ဖွန်း (ငလျင်) ကြောင့် တစ်ဦးသေဆုံး ငါးဦး ဒဏ်ရာရ

#PrayforJapan #TyphoonHagibis