ခရီးသွားမီးသတ်ဝန်ထမ်းတွေကို AA ဖမ်းဆီး

52

ရန်ကုန် စစ်တွေ ပြေးဆွဲနေတဲ့ ရွှေပြည်သစ်ကားပေါ်ပါလာတဲ့ မီးသတ်ဝန်ထမ်းတွေကို မြောက်ဦးမြို့နယ် ထမရစ်ကျေးရွာ အနီးမှာ ရက္ခိုင့်တပ်တော် AA က အောက်တိုဘာလ ၁၁ ရက် မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးသင်တန်းကနေ မွမ်းမံသင်တန်းသွားတက်ကာ သင်တန်းဆင်းပြီး မြောက်ဦးကို ပြန်လာတဲ့ မီးသတ်အဖွဲ့တွေကို ရက္ခိုင့်တပ်တော် AA က လမ်းမှာတားပြီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မီးသတ်အဖွဲ့တွေဟာ မီးသတ်ဝတ်စုံဝတ်ဆင်ထားတာဖြစ်ပြီး ခေါ်ဆောင်သွားတဲ့ မီးသတ်အဖွဲ့ အရေအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ရခိုင်ပြည်တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေဟာ AA ရဲ့ ကျောထောက်နောက်ခံပြုထားတဲ့ ယာဉ်လိုင်းတွေ အများစုဖြစ်တဲ့အတွက် တပ်မတော်ကလူတွေ ကားပေါ်ပါလာတယ်လို့ သတင်းပေးခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စွပ်စွဲပြောဆိုခဲ့ပါတယ်။

မြောက်ဦးမြို့အဝင် ထမရစ် ရွာမြောက်ဘက်အနီးမှာ ရွှေပြည်သစ်ကားကို ရပ်ခိုင်းပြီး ခေါ်ဆောင်သွားခဲ့တာကြောင့် တပ်မတော်က လိုက်လံစုံစမ်းနေဆဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး AA အဖွဲ့ကို RFA က မေးမြန်းဖို့ကြိုးစားနေပါတယ်။

(RFA သတင်းထောက် မဖြူဖြူခိုင် ပေးပို့သည်) Photo: Google Map

Zawgyi

ရန္ကုန္ စစ္ေတြ ေျပးဆြဲေနတဲ့ ေရႊျပည္သစ္ကားေပၚပါလာတဲ့ မီးသတ္၀န္ထမ္းေတြကုိ ေျမာက္ဦးၿမိဳ႕နယ္ ထမရစ္ေက်းရြာ အနီးမွာ ရကၡိဳင့္တပ္ေတာ္ AA က ေအာက္တိုဘာလ ၁၁ ရက္ မေန႔က ဖမ္းဆီးေခၚေဆာင္သြားတယ္လုိ႔ သိရပါတယ္။

ျပင္ဦးလြင္ၿမိဳ႕နယ္ ဇီးပင္ႀကီးသင္တန္းကေန မြမ္းမံသင္တန္းသြားတက္ကာ သင္တန္းဆင္းၿပီး ေျမာက္ဦးကုိ ျပန္လာတဲ့ မီးသတ္အဖြဲ႔ေတြကုိ ရကၡိဳင့္တပ္ေတာ္ AA က လမ္းမွာတားၿပီး ေခၚေဆာင္သြားတာျဖစ္တယ္လုိ႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက RFA ကို ေျပာပါတယ္။

ဖမ္းဆီးခံရတဲ့ မီးသတ္အဖြဲ႔ေတြဟာ မီးသတ္၀တ္စုံ၀တ္ဆင္ထားတာျဖစ္ၿပီး ေခၚေဆာင္သြားတဲ့ မီးသတ္အဖြဲ႔ အေရအတြက္ကုိေတာ့ အတိအက် မသိရေသးပါဘူး။

ရခုိင္ျပည္တြင္းေျပးဆြဲေနတဲ့ ခရီးသည္တင္ ယာဥ္လုိင္းေတြဟာ AA ရဲ႕ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ယာဥ္လုိင္းေတြ အမ်ားစုျဖစ္တဲ့အတြက္ တပ္မေတာ္ကလူေတြ ကားေပၚပါလာတယ္လုိ႔ သတင္းေပးျခင္းျဖစ္တယ္လုိ႔ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက စြပ္စြဲေျပာဆုိခဲ့ပါတယ္။

ေျမာက္ဦးျမဳိ႕အ၀င္ ထမရစ္ ရြာေျမာက္ဘက္အနီးမွာ ေရႊျပည္သစ္ကားကုိ ရပ္ခုိင္းၿပီး ေခၚေဆာင္သြားခဲ့တာေၾကာင့္ တပ္မေတာ္က လုိက္လံစုံစမ္းေနဆဲျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး AA အဖြဲ႔ကို RFA က ေမးျမန္းဖို႔ႀကိဳးစားေနပါတယ္။

(RFA သတင္းေထာက္ မျဖဴျဖဴခိုင္ ေပးပို႔သည္) Photo: Google Map