ရောင်းစားခံရတဲ့ ကလေးနှစ်ယောက်အမေ တရုတ်ကိုယ်ဝန်နဲ့ အိမ်ပြန်ဖို့ခက်နေ

87

မိသားစု ရင်ဆိုင်နေရတဲ့ စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ သွားရာက အရောင်းစားခံရတဲ့ အိမ်ထောင်ရှင် မြန်မာအမျိုးသမီးတဦးဟာ စက်တင်ဘာလကုန်က မြန်မာပြည်ကို ပြန်ရောက်လာခဲ့ပါတယ်။

ဒါပေမဲ့ ကိုယ်ဝန် ငါးလ ပါလာပြီး မိသားစုဆီကို ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်။ သန်လျင်မြို့က ကလေး နှစ်ယောက် အမေတဦး ကြုံတွေ့ရတဲ့ ရင်နင့်စရာ အဖြစ်ပါ။

အဲ့ဒီရောင်းစားခံရတဲ့မိန်းကလေးကို သန်လျင်မြို့မှာ သိကျွမ်းခဲ့တဲ့ အမျိုးသမီးတဦးက တစ်လ ကျပ် သုံးသိန်း လောက်ရမယ့် အလုပ်ရှိတယ်ဆိုပြီး တရုတ်နယ်စပ် မူဆယ်မြို့ကို ခေါ်ဆောင်သွားတာဖြစ်ပါတယ်။

အဲ့ဒီကမှ တဆင့်ပြီး တဆင့် တရုတ်ပြည်ထဲက မြို့တမြို့ကို ရောက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဘယ်မြို့ဆိုတာတော့ မသိခဲ့ဘူးလို့ ပြောပါတယ်။

“ ကုန်ကားကြီးနဲ့ ခေါ်သွားတာ။ ညနေ လေးနာရီလောက်က သွားတာ ငါးနာရီလောက်က ရောက်တယ်။ ဘယ်မြို့ဆိုတာတော့ မသိပါဘူး။ အဲ့ဒီမှာ ၈လလောက် နေတယ်။ စကားတွေဘာတွေလည်း မသင်ပေးဘူး။

ကိုယ်ဝန်မရမချင်း ခိုင်းတယ်။ ကိုယ်ဝန်လည်းရလည်းရရော ဆေးတွေ သောက်ရတယ်။ သုံးလလောက်နေတော့ ထွက်ပြေးလာတာ။ ပထမတခေါက်က ထွက်ပြေးတာပြန်မိတယ်။ သူတို့က ရိုက်တယ်ပေါ့နော်။

နောက်တခေါက် နေ့ဘက်ပုန်းပြီး ညဘက်ထွက်ပြေးတာ။ ဘူတာကိုရောက်တော့ ရဲတွေကို မှတ်ပုံတင်ပြပြီး မြန်မာမြန်မာဆိုပြီး ပြောပြီး ပြေးလာတာ” လို့ ပြောပါတယ်။

တရုတ်ရဲက သူ့ကို ခေါ်သွားပြီးစစ်ဆေးတဲ့အခါမှာ သူ့မှာ မြန်မာမှတ်ပုံတင်ကလွဲပြီး ဘာ အထောက်အထားမှ မရှိတာနဲ့ တလခွဲလောက် အချုပ်ခံရပါတယ်။ အဲ့ဒီနောက်မှာတော့ မှုဆယ်ကို ပြန်ပို့ခဲ့တာပါ။

“ သူတို့ ရွှေလီအထိလာပို့တယ် ရွှေလီက ဗမာရဲဘက်ကိုအပ်တာ”

သတင်းထောက်- “ညီမကို ခေါ်ထားတဲ့သူတွေကို အရေးယူတာရှိလား”

“သူတို့ကမေးတယ်လေ။ ရပ်ကွက်တွေဘာတွေမေးတော့ နေရာမသိဘူး။ တရုတ်စကားမတတ်လို့”

အခုလို အိမ်ထောင်ရှင်တဦးလည်းဖြစ် ခင်ပွန်းသည်လည်းရှိပေမယ့် ဘာကြောင့်များ စွန့်စားပြီး တရုတ်ပြည်ကိုသွားရတာပါလဲ။

“ စီးပွားရေးအဆင်မပြေလို့ အမျိုးသားက အလုပ်မလုပ်နိုင်တော့ဘူး ကျန်မာရေးမကောင်းဘူး။ ဆေးရုံတွေတက် အလုပ်မလုပ်နိုင်ဘူး။ သမီး ၁ဝတန်း ကျူရှင်ဘိုးကလည်းရှိတော့ စိတ်တွေညစ်ပြီး ငါ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်လာတာ”

လက်ရှိမှာတော့ အိမ်ပြန်ဖို့အရေးမှာ ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ ဆုံးဖြတ်ရခက်တယ်လို့ ပြောပါတယ်။“ အဲ့ဒါကိုပြောတာပေါ့။ ညီမလည်း ကြောက်နေတယ်။ ခုပဲ ၆လ လောက်ဖြစ်နေပြီ ပြန်ဖို့ကတော့ နည်းနည်းဒုက္ခရောက်နေပြီ”

ခုလို ယုံလွယ်မိလို့ ရောင်းစားခံရတယ်ဆိုတဲ့ သတင်းတွေ မကြာခဏထွက်ပေါ်နေပေမယ့် တရုတ်ပြည်ကိုသွားတဲ့ အမျိုးသမီးတွေကတော့ လျော့ကျသွားတာ မတွေ့ရပါဘူး။

“ ချစ်သူရည်းစားတွေကနေ ရောင်းစားတာမျိုးတွေ ရှိသလို Facebook ပေါ်မှာတွေ့ပြီး တရုတ်ပြည်မှာ အလုပ်လုပ်ရင် ဘယ်လောက်ရမယ် ဘာညာပြောပြီး ပါသွားတာတွေများပါတယ်။

သူတို့ရဲ့ လတ်တလောအခြေအနေတွေကို ဖြေရှင်းချင်လို့လည်း သွားတာတွေရှိပါတယ်။ ဟိုရောက်ခါမှ ဒုက္ခတွေရောက်ကြတာပါ။ ပြန်ပြေးလာသူအများစုကတော့ ပိတ်လှောင်ခံရသူတွေ များပါတယ်” လို့ မူဆယ်မြို့လူမှုဝန်ထမ်း စောင့်ရှောက်ရေးစခန်းက ဒေါ်ရီရီချိုကပြောပြပါတယ်။

မူဆယ်မြို့ လူကုန်ကူးမှုတားဆီးရေးရဲတပ်ဖွဲ့က ရဲမှူးကြီး ဦးကျော်ညွန့်ကလည်း…

“ တရုတ်အမျိုးသားနဲ့ လိမ်လည်လက်ထပ်တဲ့ အမှုတွေဟာ လျော့ကျလာတာမရှိပါဘူး။ အမှတ်၁၇ လူကုန်ကူးမှုတားဆီးရေး ရဲတပ်ဖွဲ့စု (မှုဆယ်) ကနေ ၂ဝ၁၈ ခုနှစ်အတွင်းမှာ အမှုပေါင်း ၄ဝ ဖော်ထုတ်နိုင်ခဲ့ပြီး ဒီအမှုတွေ ကျူးလွန်တဲ့ တရားခံ ကျား ၃၂ ဦး မ ၈၁ ဦး ကို အရေးယူနိုင်ခဲ့ပါတယ်။ လူကုန်ကူးခံရသူ ၅၈ ဦးကိုလည်း ကယ်တင်နိုင်ခဲ့ပါတယ်”

အလားတူ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂ဝ၁၇ ခုနှစ်မှာ တရုတ်ပြည်ကို လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး ၂၂၆ ယောက်ရှိခဲ့ပြီး လူမှုဝန်ထမ်းဌာနရဲ့ စာရင်းတွေအရကတော့ တရုတ်ပြည်ကနေ နှစ်စဉ်ပြန်လာတဲ့ အမျိုးသမီးကတော့ ၁ဝဝ နဲ့ ၂ဝဝ ကြားမှာရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံက ဒီအခြေအနေအပေါ်မှာ အမေရိကန်အစိုးရက ရှုမြင်တာက မြန်မာနိုင်ငံက လူကုန်ကူးမှုတားဆီးရေးဟာ အနိမ့်ဆုံးဖြစ်တဲ့ အဆင့် ၃ မှာ ရှိနေတယ်လို့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ ၂၀၁၉ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းသည်)

RFA Burmese

Zawgyi

မိသားစု ရင္ဆိုင္ေနရတဲ့ စီးပြားေရးအၾကပ္အတည္းကို ေျဖရွင္းနိုင္ဖို႔ တ႐ုတ္ျပည္မွာ အလုပ္လုပ္ဖို႔ သြားရာက အေရာင္းစားခံရတဲ့ အိမ္ေထာင္ရွင္ ျမန္မာအမ်ိဳးသမီးတဦးဟာ စက္တင္ဘာလကုန္က ျမန္မာျပည္ကို ျပန္ေရာက္လာခဲ့ပါတယ္။

ဒါေပမဲ့ ကိုယ္ဝန္ ငါးလ ပါလာၿပီး မိသားစုဆီကို ျပန္ဖို႔ အခက္အခဲျဖစ္ေနပါတယ္။ သန္လ်င္ၿမိဳ႕က ကေလး ႏွစ္ေယာက္ အေမတဦး ႀကဳံေတြ႕ရတဲ့ ရင္နင့္စရာ အျဖစ္ပါ။

အဲ့ဒီေရာင္းစားခံရတဲ့မိန္းကေလးကို သန္လ်င္ၿမိဳ႕မွာ သိကြၽမ္းခဲ့တဲ့ အမ်ိဳးသမီးတဦးက တစ္လ က်ပ္ သုံးသိန္း ေလာက္ရမယ့္ အလုပ္ရွိတယ္ဆိုၿပီး တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕ကို ေခၚေဆာင္သြားတာျဖစ္ပါတယ္။

အဲ့ဒီကမွ တဆင့္ၿပီး တဆင့္ တ႐ုတ္ျပည္ထဲက ၿမိဳ႕တၿမိဳ႕ကို ေရာက္တယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ ဘယ္ၿမိဳ႕ဆိုတာေတာ့ မသိခဲ့ဘူးလို႔ ေျပာပါတယ္။

“ ကုန္ကားႀကီးနဲ႕ ေခၚသြားတာ။ ညေန ေလးနာရီေလာက္က သြားတာ ငါးနာရီေလာက္က ေရာက္တယ္။ ဘယ္ၿမိဳ႕ဆိုတာေတာ့ မသိပါဘူး။ အဲ့ဒီမွာ ၈လေလာက္ ေနတယ္။ စကားေတြဘာေတြလည္း မသင္ေပးဘူး။

ကိုယ္ဝန္မရမခ်င္း ခိုင္းတယ္။ ကိုယ္ဝန္လည္းရလည္းရေရာ ေဆးေတြ ေသာက္ရတယ္။ သုံးလေလာက္ေနေတာ့ ထြက္ေျပးလာတာ။ ပထမတေခါက္က ထြက္ေျပးတာျပန္မိတယ္။ သူတို႔က ရိုက္တယ္ေပါ့ေနာ္။

ေနာက္တေခါက္ ေန႕ဘက္ပုန္းၿပီး ညဘက္ထြက္ေျပးတာ။ ဘူတာကိုေရာက္ေတာ့ ရဲေတြကို မွတ္ပုံတင္ျပၿပီး ျမန္မာျမန္မာဆိုၿပီး ေျပာၿပီး ေျပးလာတာ” လို႔ ေျပာပါတယ္။

တ႐ုတ္ရဲက သူ႕ကို ေခၚသြားၿပီးစစ္ေဆးတဲ့အခါမွာ သူ႕မွာ ျမန္မာမွတ္ပုံတင္ကလြဲၿပီး ဘာ အေထာက္အထားမွ မရွိတာနဲ႕ တလခြဲေလာက္ အခ်ဳပ္ခံရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မႈဆယ္ကို ျပန္ပို႔ခဲ့တာပါ။

“ သူတို႔ ေ႐ႊလီအထိလာပို႔တယ္ ေ႐ႊလီက ဗမာရဲဘက္ကိုအပ္တာ”

သတင္းေထာက္- “ညီမကို ေခၚထားတဲ့သူေတြကို အေရးယူတာရွိလား”

“သူတို႔ကေမးတယ္ေလ။ ရပ္ကြက္ေတြဘာေတြေမးေတာ့ ေနရာမသိဘူး။ တ႐ုတ္စကားမတတ္လို႔”
အခုလို အိမ္ေထာင္ရွင္တဦးလည္းျဖစ္ ခင္ပြန္းသည္လည္းရွိေပမယ့္ ဘာေၾကာင့္မ်ား စြန့္စားၿပီး တ႐ုတ္ျပည္ကိုသြားရတာပါလဲ။

“ စီးပြားေရးအဆင္မေျပလို႔ အမ်ိဳးသားက အလုပ္မလုပ္နိုင္ေတာ့ဘူး က်န္မာေရးမေကာင္းဘူး။ ေဆး႐ုံေတြတက္ အလုပ္မလုပ္နိုင္ဘူး။ သမီး ၁ဝတန္း က်ဴရွင္ဘိုးကလည္းရွိေတာ့ စိတ္ေတြညစ္ၿပီး ငါ အလုပ္သြားလုပ္မယ္ဆိုၿပီး ထြက္လာတာ”

လက္ရွိမွာေတာ့ အိမ္ျပန္ဖို႔အေရးမွာ ကိုယ္ဝန္ႀကီးနဲ႕ ဆိုေတာ့ ဆုံးျဖတ္ရခက္တယ္လို႔ ေျပာပါတယ္။“ အဲ့ဒါကိုေျပာတာေပါ့။ ညီမလည္း ေၾကာက္ေနတယ္။ ခုပဲ ၆လ ေလာက္ျဖစ္ေနၿပီ ျပန္ဖို႔ကေတာ့ နည္းနည္းဒုကၡေရာက္ေနၿပီ”
ခုလို ယုံလြယ္မိလို႔ ေရာင္းစားခံရတယ္ဆိုတဲ့ သတင္းေတြ မၾကာခဏထြက္ေပၚေနေပမယ့္ တ႐ုတ္ျပည္ကိုသြားတဲ့ အမ်ိဳးသမီးေတြကေတာ့ ေလ်ာ့က်သြားတာ မေတြ႕ရပါဘူး။

“ ခ်စ္သူရည္းစားေတြကေန ေရာင္းစားတာမ်ိဳးေတြ ရွိသလို Facebook ေပၚမွာေတြ႕ၿပီး တ႐ုတ္ျပည္မွာ အလုပ္လုပ္ရင္ ဘယ္ေလာက္ရမယ္ ဘာညာေျပာၿပီး ပါသြားတာေတြမ်ားပါတယ္။

သူတို႔ရဲ႕ လတ္တေလာအေျခအေနေတြကို ေျဖရွင္းခ်င္လို႔လည္း သြားတာေတြရွိပါတယ္။ ဟိုေရာက္ခါမွ ဒုကၡေတြေရာက္ၾကတာပါ။ ျပန္ေျပးလာသူအမ်ားစုကေတာ့ ပိတ္ေလွာင္ခံရသူေတြ မ်ားပါတယ္” လို႔ မူဆယ္ၿမိဳ႕လူမႈဝန္ထမ္း ေစာင့္ေရွာက္ေရးစခန္းက ေဒၚရီရီခ်ိဳကေျပာျပပါတယ္။

မူဆယ္ၿမိဳ႕ လူကုန္ကူးမႈတားဆီးေရးရဲတပ္ဖြဲ႕က ရဲမႉးႀကီး ဦးေက်ာ္ၫြန့္ကလည္း…
“ တ႐ုတ္အမ်ိဳးသားနဲ႕ လိမ္လည္လက္ထပ္တဲ့ အမႈေတြဟာ ေလ်ာ့က်လာတာမရွိပါဘူး။ အမွတ္၁၇ လူကုန္ကူးမႈတားဆီးေရး ရဲတပ္ဖြဲ႕စု (မႈဆယ္) ကေန ၂ဝ၁၈ ခုႏွစ္အတြင္းမွာ အမႈေပါင္း ၄ဝ ေဖာ္ထုတ္နိုင္ခဲ့ၿပီး ဒီအမႈေတြ က်ဴးလြန္တဲ့ တရားခံ က်ား ၃၂ ဦး မ ၈၁ ဦး ကို အေရးယူနိုင္ခဲ့ပါတယ္။

လူကုန္ကူးခံရသူ ၅၈ ဦးကိုလည္း ကယ္တင္နိုင္ခဲ့ပါတယ္”အလားတူ ျမန္မာနိုင္ငံလူ႕အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္တဲ့ စာရင္းေတြအရ ၂ဝ၁၇ ခုႏွစ္မွာ တ႐ုတ္ျပည္ကို လူကုန္ကူးခံရတဲ့ ျမန္မာအမ်ိဳးသမီး ၂၂၆ ေယာက္ရွိခဲ့ၿပီး လူမႈဝန္ထမ္းဌာနရဲ႕ စာရင္းေတြအရကေတာ့ တ႐ုတ္ျပည္ကေန ႏွစ္စဥ္ျပန္လာတဲ့ အမ်ိဳးသမီးကေတာ့ ၁ဝဝ နဲ႕ ၂ဝဝ ၾကားမွာရွိတယ္လို႔ ထုတ္ျပန္ထားပါတယ္။

ျမန္မာနိုင္ငံက ဒီအေျခအေနအေပၚမွာ အေမရိကန္အစိုးရက ရႈျမင္တာက ျမန္မာနိုင္ငံက လူကုန္ကူးမႈတားဆီးေရးဟာ အနိမ့္ဆုံးျဖစ္တဲ့ အဆင့္ ၃ မွာ ရွိေနတယ္လို႔ ၿပီးခဲ့တဲ့ ဇြန္လက ထုတ္ျပန္တဲ့ ၂၀၁၉ ခုႏွစ္ လူကုန္ကူးမႈတိုက္ဖ်က္ေရးအစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

(RFA ဝိုင္းေတာ္သား ဦးတင္ေအာင္ခိုင္ ဆက္သြယ္ေမးျမန္းသည္)

RFA Burmese