YBS ဘတ်စ်ကားများပေါ်တွင် စာရွက်များဝေကာ လိုက်လံတောင်းရမ်းစားသောက်နေသူများကို ရှင်းလင်းမည်

47

YBS ဘတ်စ်ကားများပေါ်တွင် စာရွက်များဝေကာ လိုက်လံတောင်းရမ်းစားသောက်နေသူများကို ရှင်းလင်းထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးကော်မတီများကို အကြောင်းကြားထားကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ဌာနမှူး ရဲမှူးကြီး သက်လွင်က ပြောကြားသည်။

ယခုလက်ရှိ လူစည်ကားရာနေရာများနှင့် YBS ဘတ်စ်ကားများပေါ်တွင် ကလေးသူငယ်များက မိတ္တူဆွဲထားသည့် အလှူခံစာရွက်များကို ကားပေါ်ရှိ ခရီးသည်များကို လိုက်လံဝေငှကာ တောင်းရမ်းစားသောက်သည့် ဖြစ်စဉ်များ များပြားလာကြောင်း ခရီးသွားက တိုင်ကြားသဖြင့် ယခုကဲ့သို့ ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တောင်းရမ်းစားသောက်တဲ့ သူတွေကို လက်ရှိအချိန်မှာတော့ ထိန်းသိမ်းပြီးတော့ ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို ပို့ဆောင်ပေးတယ်။ အခုလက်ရှိ တောင်းရမ်းစားသောက်သူတွေကို တွေ့ရှိရင် ထိန်းသိမ်းဖို့အတွက် စည်ပင်ရဲ့ လက်ရှိ လူအင်အားနဲ့ ဆောင်ရွက်နေပါတယ်”ဟု ရဲမှူးကြီးသက်လွင်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၁၅ ရက်အထိ တောင်းရမ်း စားသောက်သူ ၁၂၅၀ ဦးနှင့် ငွေကျပ် ၁၇ သိန်းကို ထိန်းသိမ်းခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

တောင်းရမ်း စားသောက်သဖြင့် လိုက်လံထိန်းသိမ်းခံရသည့်သူများကို လူအခွင့်အရေးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာများနှင့်အညီ ထိန်းသိမ်းနိုင်ရန် သက်ဆိုင်ရာစောင့်ရှောက်ရေး ဂေဟာများဆီ ပို့ဆောင်ပေးရကြောင်းနှင့် ယင်းတောင်းရမ်းစားသောက်သူများမှာ တည်ဆဲဥပဒေ တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်နေခြင်း မဟုတ်သည့်အတွက် ဖမ်းဆီး၍မရကြောင်း လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

ရန်ကုန်မြို့တွင်း တောင်းရမ်းစားသောက်မှုမှာ လူစည်ကားရာ အရပ်များ၊ လမ်းဆုံ လမ်းခွများတွင် တစ်နေ့တခြား ပိုမိုများပြားလာပြီး စောင့်ရှောက်ရေး ဂေဟာမှ ထွက်လာပြီး ငွေလွယ်လွယ်ရသည့် တောင်းရမ်းသည့် လုပ်ငန်းသာ လုပ်ကိုင်ဆောင်ရွက်နေသော အခြေအနေများကြောင့် သံသရာလည်နေကြောင်း ရဲမှူးကြီး သက်လွင်က ဆိုသည်။

လက်ရှိဘက်ဂျက်တွင် တောင်းရမ်းစားသောက်များကို လိုက်လံထိန်းသိမ်းရန်အတွက် ကားအသစ်တစ်စီးကို ရန်ကုန်မြို့တော်ဝန်ထံ တောင်းခံထားရှိပြီး လမ်းဆုံလမ်းခွများတွင် ဝန်ထမ်း ၅ ဦးချကာ နေ့စဉ် ဆောင်ရွက်နေကြောင်း လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနထံမှ သိရသည်။

[ ယခုသတင်းကို The Voice ၏ ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။ ]

Zawgyi

YBS ဘတ္စ္ကားမ်ားေပၚတြင္ စာ႐ြက္မ်ားေဝကာ လိုက္လံေတာင္းရမ္းစားေသာက္ေနသူမ်ားကို ရွင္းလင္းထိန္းသိမ္းရန္အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမ်ားကို အေၾကာင္းၾကားထားေၾကာင္း လံုၿခံဳေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးဌာနမွ ဌာနမွဴး ရဲမွဴးႀကီး သက္လြင္က ေျပာၾကားသည္။

ယခုလက္ရွိ လူစည္ကားရာေနရာမ်ားႏွင့္ YBS ဘတ္စ္ကားမ်ားေပၚတြင္ ကေလးသူငယ္မ်ားက မိတၱဴဆြဲထားသည့္ အလွဴခံစာ႐ြက္မ်ားကို ကားေပၚရွိ ခရီးသည္မ်ားကို လိုက္လံေဝငွကာ ေတာင္းရမ္းစားေသာက္သည့္ ျဖစ္စဥ္မ်ား မ်ားျပားလာေၾကာင္း ခရီးသြားက တိုင္ၾကားသျဖင့္ ယခုကဲ့သို႔ ထိန္းသိမ္းရန္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေတာင္းရမ္းစားေသာက္တဲ့ သူေတြကို လက္ရွိအခ်ိန္မွာေတာ့ ထိန္းသိမ္းၿပီးေတာ့ ထိန္းသိမ္းေစာင့္ေရွာက္ေရးေဂဟာကို ပို႔ေဆာင္ေပးတယ္။ အခုလက္ရွိ ေတာင္းရမ္းစားေသာက္သူေတြကို ေတြ႔ရွိရင္ ထိန္းသိမ္းဖို႔အတြက္ စည္ပင္ရဲ႕ လက္ရွိ လူအင္အားနဲ႔ ေဆာင္႐ြက္ေနပါတယ္”ဟု ရဲမွဴးႀကီးသက္လြင္က ဆိုသည္။

ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ လံုၿခံဳေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးဌာနမွ ယခုႏွစ္ ဇန္နဝါရီလမွ စက္တင္ဘာလ ၁၅ ရက္အထိ ေတာင္းရမ္း စားေသာက္သူ ၁၂၅၀ ဦးႏွင့္ ေငြက်ပ္ ၁၇ သိန္းကို ထိန္းသိမ္းခဲ့ေၾကာင္း ယင္းဌာနထံမွ သိရသည္။

ေတာင္းရမ္း စားေသာက္သျဖင့္ လိုက္လံထိန္းသိမ္းခံရသည့္သူမ်ားကို လူအခြင့္အေရးႏွင့္ ကေလးသူငယ္ အခြင့္အေရး ဆိုင္ရာမ်ားႏွင့္အညီ ထိန္းသိမ္းႏိုင္ရန္ သက္ဆိုင္ရာေစာင့္ေရွာက္ေရး ေဂဟာမ်ားဆီ ပို႔ေဆာင္ေပးရေၾကာင္းႏွင့္ ယင္းေတာင္းရမ္းစားေသာက္သူမ်ားမွာ တည္ဆဲဥပေဒ တစ္ရပ္ရပ္ကို ေဖာက္ဖ်က္ က်ဴးလြန္ေနျခင္း မဟုတ္သည့္အတြက္ ဖမ္းဆီး၍မရေၾကာင္း လံုၿခံဳေရးႏွင့္ စည္းကမ္း ထိန္းသိမ္းေရးဌာနထံမွ သိရသည္။

ရန္ကုန္ၿမိဳ႕တြင္း ေတာင္းရမ္းစားေသာက္မႈမွာ လူစည္ကားရာ အရပ္မ်ား၊ လမ္းဆံု လမ္းခြမ်ားတြင္ တစ္ေန႔တျခား ပိုမိုမ်ားျပားလာၿပီး ေစာင့္ေရွာက္ေရး ေဂဟာမွ ထြက္လာၿပီး ေငြလြယ္လြယ္ရသည့္ ေတာင္းရမ္းသည့္ လုပ္ငန္းသာ လုပ္ကိုင္ေဆာင္႐ြက္ေနေသာ အေျခအေနမ်ားေၾကာင့္ သံသရာလည္ေနေၾကာင္း ရဲမွဴးႀကီး သက္လြင္က ဆိုသည္။

လက္ရွိဘက္ဂ်က္တြင္ ေတာင္းရမ္းစားေသာက္မ်ားကို လိုက္လံထိန္းသိမ္းရန္အတြက္ ကားအသစ္တစ္စီးကို ရန္ကုန္ၿမိဳ႕ေတာ္ဝန္ထံ ေတာင္းခံထားရွိၿပီး လမ္းဆံုလမ္းခြမ်ားတြင္ ဝန္ထမ္း ၅ ဦးခ်ကာ ေန႔စဥ္ ေဆာင္႐ြက္ေနေၾကာင္း လံုၿခံဳေရးႏွင့္ စည္းကမ္းထိန္းသိမ္းေရးဌာနထံမွ သိရသည္။

[ ယခုသတင္းကို The Voice ၏ ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]