ပြန်လွတ်လာတဲ့ ဖြိုးပြည့်စုံ ပြောပြီ
174
နစ်နာမှုအတွက်မီဒီယာရှင်းလင်းပွဲ လုပ်မယ်ဆိုတဲ့ ဖြိုးပြည့်စုံ…
“ကျနော် ၊ ရော်နီ နဲ့ ငြိမ်းချမ်းကိုတို့ရဲ့ မှန်ကန်မှုကို ယုံကြည်ပေးတဲ့ အယောက်ချင်းစီ ကို ကျေးဇူးအထူးတင်ပါတယ်
မကြာခင်မှာ media conference လေးတခု လုပ်နိုင်ဖို့ ကျနော် စီစဉ်ပါ့မယ်..” လို့ ဖြိုးပြည့်စုံက FaceBook မှာရေးသားထားတာဖြစ်ပါတယ်..
Credit.. Phyo Pyae Sone FB
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော အဆိုတော်ဖြိုးပြည့်စုံနှင့် တေးရေးဆရာနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဝင်းက အတည်ပြုပြောကြားသည်။
“ဥပဒေနဲ့ အညီပြန်လွှတ်လိုက်ပါပြီ”ဟု ရဲမှူးသိန်းက The Voice သတင်းစာ၏ မေးမြန်းမှု ပြန်လည်ဖြေကြားခဲ့သည်။အဆိုတော်ဖြိုးပြည့်စုံအပါအဝင် သုံးဦး အောက်တိုဘာ ၇ ရက် ညနေပိုင်းက မြန်မာပလာဇာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးဟူသည့် ဆေးပြားများမှာ ထိုင်းနိုင်ငံထုတ် ငုံဆေးပြားများဟု ပြည်သူများအကြား ဝေဖန်လျက်ရှိပြီးနောက် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။အေးချမ်းသူ
The Voice
Zawgyi
The Voice