ေနရင္းထိုင္ရင္း တရားခံျဖစ္သြားႏိူင္တဲ့ ဒီလိုအမႈမ်ိဳး ဆင္ျခင္သတိေလးထားျပီး ေနၾကပါ

114

ဖြိုးပြည့်စုံတို့အမှုက လူသိများတဲ့အပြင်ဝေဖန်သံတွေ ဆူညံနေလို့ သတိထားရမှာကို လူတွေသိလာတာပါ။ဒီမတိုင်ခင်ထဲက သတင်းပေးရင် ဝင်ဖမ်းလို့ စစ်လို့နေတာတွေ ကြုံနေရတဲ့သူ အများကြီးပါ။ တချို့အစစ်ခံရတယ်။

ဘာမှလဲ မတွေ့ဘူး အဲလို အတိုင်ခံရလို့ လာစစ်ရင် ဘာတွေဆောင်ရန် ရှောင်ရန်လိုသလဲဆိုတာ တခါက ရေးဖူးပါတယ်။ အတိုချုံးပြောရရင် မစစ်ခင် သူတို့လာစစ်သူတွေကို အရင်စစ်ခွင့်ရှိပါတယ်။ ကိုယ့်ကို သို့ ကားကို သို့ အိမ်ကို စစ်တော့မယ်ဆိုရင်လဲ ဘယ်နှယောက်စစ်မှာလဲ။ အဲလူကလွဲပီး တခြားလူ ဝင်မစစ်ပါစေနဲ့။

အိမ်ထဲခြံထဲဆို လူပိုကို အဝင်မခံပါနဲ့။ စစ်နေချိန်မှာ video ရိုက်ထားပါ။ ရပ်ရွာအုပ်ချုပ်ရေးမှူးတွေ ရှိပါစေ။မူးယစ်မှုတွေမှာက သတင်းပေးကို လျို့ဝှက်ထားရပါတယ်။ ဒါကြောင့် ပြန်တရားစွဲဖို့က ခက်ပါတယ်။ နောက်ပီး ဥပဒေရဲ့ အားနည်းချက်အရ ထောင်ထဲနေရတဲ့အချိန်၊ အချုပ်ကျချိန်တွေက အစားပြန်မရသလို နစ်နာကြေးလဲ မရပါဘူး။ သူများတိုင်းပြည်တွေမှာတော့ ပြန်တရားစွဲကြပါတယ်။

ဒီအမှုဖြစ်စဉ်ကတော့ သတင်းပေးတိုင်တယ်။ မူးယစ်က ဝင်ဖမ်းတော့ ဆေးပြားတွေတွေ့တယ်ဆိုပီး ဖမ်းသွားတယ်။ စခန်းကျတော့ မူးယစ်အဖွဲ့က Test Stick နဲ့ စစ်ပါတယ်။ အကြမ်းဖျင်း စစ်တဲ့သဘောပါ။ အရောင်အလိုက် ဘာအရောင်ဆို ဘာဆေးပေါ့။ ဒါက ယေဘုယျ စစ်တာပါ။ မတိကျပါဘူး။ အဲမှာ Ketamine နဲ့ တူတယ် ဆိုပီး သတ်မှတ်ပီး အမှုဖွင့်ပါတယ်။

နောက်နေ့ ရမန်ယူပါတယ်။ အမှုဖွင့်ပီးပီဆိုရင် CID အောက်က ဓာတုဝန်ရုံးကို တရားဝင်ပို့ပီး စစ်လို့ရပါပီ။ ဒီတော့ ဆေးပြားနဲ့ ဆီးကို ပေးပို့စစ်ဆေးပါတယ်။ သူတို့ကတော့ အတိကျဆုံးပါ။ သူတို့ဆီက ပြန်လာတဲ့အဖြေက ဘာမူးယစ်ဆေးမှ မပါဘူးဆိုတော့ လွှတ်ပေးရပါတယ်။ ရုံးရောက်နေပီဖြစ်လို ရာဇဝတ်ကျင့်ထုံးပုဒ်မ ၁၆၉အရ အပြီးပြန်လွှတ်ပေးလိုက်တာပါပဲ။ ဒါပါပဲ။

သတိထားရမှာက နိုင်ငံတော်က မူးယစ်ဆေးကို အပြင်းအထန် နှိမ်နင်းနေပါတယ်။ မူးယစ်အဖွဲ့တွေကိုလဲ လုပ်ပိုင်ခွင့်တွေ ပေးထားပါတယ်။ ဒီတော့ ကိုယ့်ကို မလိုသူတွေက အမှုဆင် တိုင်ကြားနိုင်ပါတယ်။ ဒီတော့ သူငယ်ချင်းကားတွေ ဘာတွေ ကပ်စီးရင်လဲ ဂရုစိုက်ပါ။ ကိုယ့်ကားကို သူများပေးစီးရင်လဲ ဂရုစိုက်ပါ။ ကိုယ့်အသုံးအဆောင်တွေကိုလဲ အမြဲ ဂရုစိုက် စစ်ပေးပါ။

သူများကားကပ်စီးနေတုန်း တစုံတရာတွေ့ရင် ကိုယ်ပါ အမှုတွဲထဲ ပါနေမှာဖြစ်သလို ကိုယ့်အိတ်ထဲ တွေ့ရင်လဲ ရှင်းမရတော့ပါဘူး။ အနည်းဆုံး ၅ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ကျနေပါမယ်။ နေရင်းထိုင်ရင်း တရားခံဖြစ်သွားနိူင်တဲ့ အမှုမျိုးပါ။ ဆင်ခြင်သတိလေးထားပီး နေကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Glamour- စွဲမက်

Zawgyi

ၿဖိဳးျပည့္စုံတို႔အမႈက လူသိမ်ားတဲ့အျပင္ေဝဖန္သံေတြ ဆူညံေနလို႔ သတိထားရမွာကို လူေတြသိလာတာပါ။ဒီမတိုင္ခင္ထဲက သတင္းေပးရင္ ၀င္ဖမ္းလို႔ စစ္လို႔ေနတာေတြ ႀကဳံေနရတဲ့သူ အမ်ားႀကီးပါ။ တခ်ိဳ႕အစစ္ခံရတယ္။

ဘာမွလဲ မေတြ႕ဘူး အဲလို အတိုင္ခံရလို႔ လာစစ္ရင္ ဘာေတြေဆာင္ရန္ ေရွာင္ရန္လိုသလဲဆိုတာ တခါက ေရးဖူးပါတယ္။ အတိုခ်ဳံးေျပာရရင္ မစစ္ခင္ သူတို႔လာစစ္သူေတြကို အရင္စစ္ခြင့္ရွိပါတယ္။ ကိုယ့္ကို သို႔ ကားကို သို႔ အိမ္ကို စစ္ေတာ့မယ္ဆိုရင္လဲ ဘယ္ႏွေယာက္စစ္မွာလဲ။ အဲလူကလြဲပီး တျခားလူ ၀င္မစစ္ပါေစနဲ႔။

အိမ္ထဲၿခံထဲဆို လူပိုကို အ၀င္မခံပါနဲ႔။ စစ္ေနခ်ိန္မွာ video ႐ိုက္ထားပါ။ ရပ္႐ြာအုပ္ခ်ဳပ္ေရးမႉးေတြ ရွိပါေစ။မူးယစ္မႈေတြမွာက သတင္းေပးကို လ်ိဳ႕ဝွက္ထားရပါတယ္။ ဒါေၾကာင့္ ျပန္တရားစြဲဖို႔က ခက္ပါတယ္။ ေနာက္ပီး ဥပေဒရဲ႕ အားနည္းခ်က္အရ ေထာင္ထဲေနရတဲ့အခ်ိန္၊ အခ်ဳပ္က်ခ်ိန္ေတြက အစားျပန္မရသလို နစ္နာေၾကးလဲ မရပါဘူး။ သူမ်ားတိုင္းျပည္ေတြမွာေတာ့ ျပန္တရားစြဲၾကပါတယ္။

ဒီအမႈျဖစ္စဥ္ကေတာ့ သတင္းေပးတိုင္တယ္။ မူးယစ္က ၀င္ဖမ္းေတာ့ ေဆးျပားေတြေတြ႕တယ္ဆိုပီး ဖမ္းသြားတယ္။ စခန္းက်ေတာ့ မူးယစ္အဖြဲ႕က Test Stick နဲ႔ စစ္ပါတယ္။ အၾကမ္းဖ်င္း စစ္တဲ့သေဘာပါ။ အေရာင္အလိုက္ ဘာအေရာင္ဆို ဘာေဆးေပါ့။ ဒါက ေယဘုယ် စစ္တာပါ။ မတိက်ပါဘူး။ အဲမွာ Ketamine နဲ႔ တူတယ္ ဆိုပီး သတ္မွတ္ပီး အမႈဖြင့္ပါတယ္။

ေနာက္ေန႔ ရမန္ယူပါတယ္။ အမႈဖြင့္ပီးပီဆိုရင္ CID ေအာက္က ဓာတု၀န္႐ုံးကို တရား၀င္ပို႔ပီး စစ္လို႔ရပါပီ။ ဒီေတာ့ ေဆးျပားနဲ႔ ဆီးကို ေပးပို႔စစ္ေဆးပါတယ္။ သူတို႔ကေတာ့ အတိက်ဆုံးပါ။ သူတို႔ဆီက ျပန္လာတဲ့အေျဖက ဘာမူးယစ္ေဆးမွ မပါဘူးဆိုေတာ့ လႊတ္ေပးရပါတယ္။ ႐ုံးေရာက္ေနပီျဖစ္လို ရာဇဝတ္က်င့္ထုံးပုဒ္မ ၁၆၉အရ အၿပီးျပန္လႊတ္ေပးလိုက္တာပါပဲ။ ဒါပါပဲ။

သတိထားရမွာက ႏိုင္ငံေတာ္က မူးယစ္ေဆးကို အျပင္းအထန္ ႏွိမ္နင္းေနပါတယ္။ မူးယစ္အဖြဲ႕ေတြကိုလဲ လုပ္ပ္ိုင္ခြင့္ေတြ ေပးထားပါတယ္။ ဒီေတာ့ ကိုယ့္ကို မလိုသူေတြက အမႈဆင္ တိုင္ၾကားႏိုင္ပါတယ္။ ဒီေတာ့ သူငယ္ခ်င္းကားေတြ ဘာေတြ ကပ္စီးရင္လဲ ဂ႐ုစိုက္ပါ။ ကိုယ့္ကားကို သူမ်ားေပးစီးရင္လဲ ဂ႐ုစိုက္ပါ။ ကိုယ့္အသုံးအေဆာင္ေတြကိုလဲ အၿမဲ ဂ႐ုစိုက္ စစ္ေပးပါ။

သူမ်ားကားကပ္စီးေနတုန္း တစုံတရာေတြ႕ရင္ ကိုယ္ပါ အမႈတြဲထဲ ပါေနမွာျဖစ္သလို ကိုယ့္အိတ္ထဲ ေတြ႕ရင္လဲ ရွင္းမရေတာ့ပါဘူး။ အနည္းဆုံး ၅ ႏွစ္ကေန ႏွစ္အကန္႔အသတ္မရွိ ေထာင္က်ေနပါမယ္။ ေနရင္းထိုင္ရင္း တရားခံျဖစ္သြားႏိူင္တဲ့ အမႈမ်ိဳးပါ။ ဆင္ျခင္သတိေလးထားပီး ေနၾကပါလို႔ တိုက္တြန္းလိုက္ပါရေစ။

Glamour- စြဲမက္