အသက်မပြည့်သူ ခယ်မ(၆)တန်းကျောင်းသူလေးအား ခဲအိုလုပ်သူက သားမယား ပြုကျင့်

97

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် ၆ တန်း ကျောင်းသူ အသက် ၁၄ နှစ်အရွယ်ကို ခယ်အိုဖြစ်သူမှ ခြိမ်းခြောက်ပြီး ၁၅ ကြိမ်ထက်မနည်း အလိုမတူပဲအာဓမ္မပြု မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မြောင်းမြမြို့နယ်၊ဂတ်စုကျေးရွာတွင် အောက်တိုဘာ ၉ ရက်က မိဘများမှ ၎င်းတို့မရှိခိုက် ၆ တန်းကျောင်းသူ အသက် ၁၄ အရွယ်ရှိ မိန်းကလေးငယ်ကို ကျောင်းတက်ဖို့ အတွက်အစ်မဖြစ်သူ မမာမာလွင် အိမ်ကိုပို့ထားစဉ် မမာမာ လွင်မရှိခိုက် ပြန်ပြောရင် သတ်ပစ်မည် ဟုဆိုကာ ခြိမ်းခြောက်၍ ၁၅ ကြိမ်ခန့် အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မိဘများကို ပြောပြခြင်းဖြစ် ကြောင်းသိရသည်။

အဓမ္မပြုကျင့်ခံရသူ အသက် ၁၄ နှစ် အရွယ် ၆ တန်းကျောင်းသူမှာ အဆိပ် သောက်မည်ဟုဆိုကာ ကြံရွယ်စဉ် မိဘ များမှမေးမြန်သဖြင့် ခယ်အိုဖြစ်သူမှ အစ်မမရှိချိန် အဓမ္မပြုကျင့်တာဖြစ် ကြောင်း ပြောပြခြင်းဖြစ်သည်။

အဓမ္မပြုကျင့်သူ အမျိုးသားမှာအသက်(၁၄)နှစ်အရွယ် (၆)တန်းကျောင်းသူ၏အစ်မ မမာမာလွင်၏အမျိုးသား ဖိုးသား(ခ)မင်းဦး(၃၆)နှစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေးငယ်၏ မိဘများမှ တိုင်ကြားချက်အရ မြောင်းမြမြို့မရဲစခန်းတွင် ဖိုးသား(ခ)မင်းဦး(၃၆)နှစ်အား ၉.၁၀.၂၀၁၉ရက်နေ့တွင် (ပ)၇၈၁/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအမှုဖွင့် အရေးယူထားကြောင်းသိရသည်။

သတင်း တာဝန်ခံ – ကျော်ခေတ်လင်း -#AlinnMyay(အလင်းမြေ)

(Zawgyi)

အသက္မျပည့္သူ ခယ္မ(၆)တန္းေက်ာင္းသူေလးအား ခဲအိုလုပ္သူက သားမယား ျပဳက်င့္

ေအာက္တိုဘာ(၉)AlinnMyay(အလင္းေျမ)

ဧရာဝတီတိုင္းေဒသႀကီး ေျမာင္းျမၿမိဳ႕နယ္၊ဂတ္စုေက်းရြာတြင္ ၆ တန္း ေက်ာင္းသူ အသက္ ၁၄ ႏွစ္အရြယ္ကို ခယ္အိုျဖစ္သူမွ ၿခိမ္းေျခာက္ၿပီး ၁၅ ႀကိမ္ထက္မနည္း အလိုမတူပဲအာဓမၼျပဳ မႈျဖစ္ပြားခဲ႔ေၾကာင္းသိရသည္။

ေျမာင္းျမၿမိဳ႕နယ္၊ဂတ္စုေက်းရြာတြင္ ေအာက္တိုဘာ ၉ ရက္က မိဘမ်ားမွ ၎တို႔မရွိခိုက္ ၆ တန္းေက်ာင္းသူ အသက္ ၁၄ အရြယ္ရွိ မိန္းကေလးငယ္ကို ေက်ာင္းတက္ဖို႔ အတြက္အစ္မျဖစ္သူ မမာမာလြင္ အိမ္ကိုပို႔ထားစဥ္ မမာမာ လြင္မရွိခိုက္ ျပန္ေျပာရင္ သတ္ပစ္မည္ ဟုဆိုကာ ၿခိမ္းေျခာက္၍ ၁၅ ႀကိမ္ခန္႔ အဓမၼျပဳက်င့္ခဲ႔ျခင္းျဖစ္ေၾကာင္း မိဘမ်ားကို ေျပာျပျခင္းျဖစ္ ေၾကာင္းသိရသည္။

အဓမၼျပဳက်င့္ခံရသူ အသက္ ၁၄ ႏွစ္ အရြယ္ ၆ တန္းေက်ာင္းသူမွာ အဆိပ္ ေသာက္မည္ဟုဆိုကာ ႀကံရြယ္စဥ္ မိဘ မ်ားမွေမးျမန္သျဖင့္ ခယ္အိုျဖစ္သူမွ အစ္မမရွိခ်ိန္ အဓမၼျပဳက်င့္တာျဖစ္ ေၾကာင္း ေျပာျပျခင္းျဖစ္သည္။

အဓမၼျပဳက်င့္သူ အမ်ဳိးသားမွာအသက္(၁၄)ႏွစ္အ႐ြယ္ (၆)တန္းေက်ာင္းသူ၏အစ္မ မမာမာလြင္၏အမ်ဳိးသား ဖိုးသား(ခ)မင္းဦး(၃၆)ႏွစ္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ပတ္သက္၍ မိန္းကေလးငယ္၏ မိဘမ်ားမွ တိုင္ၾကားခ်က္အရ ေျမာင္းျမၿမိဳ႕မရဲစခန္းတြင္ ဖိုးသား(ခ)မင္းဦး(၃၆)ႏွစ္အား ၉.၁၀.၂၀၁၉ရက္ေန႔တြင္ (ပ)၇၈၁/၂၀၁၉ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္ ဖမ္းဆီးအမႈဖြင့္ အေရးယူထားေၾကာင္းသိရသည္။

သတင္း တာဝန္ခံ – ေက်ာ္ေခတ္လင္း -#AlinnMyay(အလင္းေျမ)