မြင်းပေါ်က ပြုတ်ကျပြီး၊ မေးရိုးတစ်ခုလုံး ပြုတ်ထွက်သွားခဲ့တဲ့ ကောင်မလေးရဲ့အဖြစ်

71

အသက်(၁၅)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ မြင်းစီးလေ့ကျင့်စဉ်၊ မြင်းက တရှိန်ထိုးပြေးပြီး အစီးမခံ ခါချခဲ့တဲ့အတွက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို UniLad က ဖော်ပြထားတာပါ။ ကလေးမလေးရဲ့နာမည်ကတော့ Emily Eccle ဖြစ်ပါတယ်။

Emily ဟာ အသက်(၁၅)နှစ်ဖြစ်ပြီး၊ ပြုတ်ကျလာတဲ့ မေးရိုးတွဲလောင်းကြီးကို ချိတ်ဆွဲထားတာက တစ်လမဗြက်အရွယ် အရေပြားလေးသာ ကျန်နေပါတော့တယ်။ Emily ဟာ Baslow, Derbyshire မှာ မြင်းစီးစဉ် အခုလို ဖြစ်ခဲ့တာပါ။ ရရှိထားတဲ့ ဒဏ်ရာက-

ဆိုးလွန်းလို့ သေမယ်လို့တောင် ထင်ခဲ့ပါသတဲ့။ Emily ကို ဆေးရုံအမြန် ပို့ပေးခဲ့ကြရာ၊ မျက်နှာပြင်ပြုပြင်တည်ဆောက်ရေးနဲ့ ခွဲစိတ်ဘက်မှာ အထူးကျွမ်းကျင်တဲ့ ဒေါက်တာ Ricardo Mohammed-Ali နဲ့အဖွဲ့က တာဝန်ယူခွဲစိတ်ခဲ့ရာ ထင်မှတ်မထားလောက်အောင် ပြန်ပြီး ကောင်းသွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ သြဂုတ်လ အစောပိုင်းက ဖြစ်ခဲ့တာပါ။ Emily ဟာ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်တဲ့အတွက်၊ သူမ ဝါသနာပါတဲ့ မြင်းစီးခြင်းကို ပြန်လည်လေ့ကျင့်လိုနေပါတယ်။ ဒါပေမယ့် သူမရဲ့ မိဘတွေက နောက်တစ်ကြိမ်ထပ်ပြီး ခွင့်ပြုမှာ မဟုတ်တော့ပါဘူးတဲ့။

သတ္တိိခဲ Emily ကတော့ ဒဏ်ရာရရှိစဉ်တုန်းကလည်း မျက်နှာတစ်ချက် မပျက်ခဲ့ဘူးလို့ ဆိုပါတယ်။ သူမဟာ နာကျင်လွန်းတဲ့ဒဏ်ကို သတ္တိရှိစွာ အောင့်အည်းသည်းခံပြီး မျက်ရည်တစ်စက်မကျခဲ့ဘူးလို့ သူမရဲ့ မိခင်က ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်တွေရဲ့ ကြိုးစားမှုကိုလည်း ကျေးဇူးတင်ရမှာပါ။

လင်းဇော်ကို

Zawgyi ျဖင့္ဖတ္ရန္-

အသက္(၁၅)ႏွစ္အရြယ္ ေကာင္မေလးတစ္ေယာက္ဟာ ျမင္းစီးေလ့က်င့္စဥ္၊ ျမင္းက တရွိန္ထုိးေျပးၿပီး အစီးမခံ ခါခ်ခဲ့တဲ့အတြက္ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေၾကာင္း သိရပါတယ္။ ဒီအေၾကာင္းကို UniLad က ေဖာ္ျပထားတာပါ။ ကေလးမေလးရဲ႕နာမည္ကေတာ့ Emily Eccle ျဖစ္ပါတယ္။

Emily ဟာ အသက္(၁၅)ႏွစ္ျဖစ္ၿပီး၊ ျပဳတ္က်လာတဲ့ ေမး႐ုိးတြဲေလာင္းႀကီးကုိ ခ်ိတ္ဆြဲထားတာက တစ္လမျဗက္အရြယ္ အေရျပားေလးသာ က်န္ေနပါေတာ့တယ္။ Emily ဟာ Baslow, Derbyshire မွာ ျမင္းစီးစဥ္ အခုလုိ ျဖစ္ခဲ့တာပါ။ ရရွိထားတဲ့ ဒဏ္ရာက-

ဆုိးလြန္းလုိ႔ ေသမယ္လုိ႔ေတာင္ ထင္ခဲ့ပါသတဲ့။ Emily ကုိ ေဆး႐ုံအျမန္ ပို႔ေပးခဲ့ၾကရာ၊ မ်က္ႏွာျပင္ျပဳျပင္တည္ေဆာက္ေရးနဲ႔ ခြဲစိတ္ဘက္မွာ အထူးကၽြမ္းက်င္တဲ့ ေဒါက္တာ Ricardo Mohammed-Ali နဲ႔အဖြဲ႕က တာဝန္ယူခြဲစိတ္ခဲ့ရာ ထင္မွတ္မထားေလာက္ေအာင္ ျပန္ၿပီး ေကာင္းသြားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၾသဂုတ္လ အေစာပုိင္းက ျဖစ္ခဲ့တာပါ။ Emily ဟာ ပုံမွန္အတုိင္း ျပန္လည္ေကာင္းမြန္သြားၿပီ ျဖစ္တဲ့အတြက္၊ သူမ ဝါသနာပါတဲ့ ျမင္းစီးျခင္းကို ျပန္လည္ေလ့က်င့္လုိေနပါတယ္။ ဒါေပမယ့္ သူမရဲ႕ မိဘေတြက ေနာက္တစ္ႀကိမ္ထပ္ၿပီး ခြင့္ျပဳမွာ မဟုတ္ေတာ့ပါဘူးတဲ့။

သတိၱိခဲ Emily ကေတာ့ ဒဏ္ရာရရွိစဥ္တုန္းကလည္း မ်က္ႏွာတစ္ခ်က္ မပ်က္ခဲ့ဘူးလုိ႔ ဆုိပါတယ္။ သူမဟာ နာက်င္လြန္းတဲ့ဒဏ္ကုိ သတၱိရွိစြာ ေအာင့္အည္းသည္းခံၿပီး မ်က္ရည္တစ္စက္မက်ခဲ့ဘူးလုိ႔ သူမရဲ႕ မိခင္က ေျပာပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ဆရာဝန္ေတြရဲ႕ ႀကိဳးစားမႈကိုလည္း ေက်းဇူးတင္ရမွာပါ။

လင္းေဇာ္ကို