ကာကွယ်ရေးဦးစီးချုပ်ကို ဖွဲ့စည်းပုံအရ ခန့်အပ်အတည်ပြုနိုင်ရန် ကာလုံခေါ်ယူရေး ဖိအားပေး

72

လက်ရှိအစိုးရလက်ထက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာလုံကနေ ခန့်အပ်အတည်ပြုထားခြင်းမရှိတာကြောင့် ကာလုံခေါ်ယူနိုင်ရေး ဖိအားပေးနေတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၇ ပုဒ်မ ၃၄၂ အရ နိုင်ငံတော်သမ္မတက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အဆိုပြုထောက်ခံချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်လို့ ပါရှိပါတယ်။ ဒါပေမယ့် အန်အယ်လ်ဒီ အစိုးရ လက်ထက်မှာ ကာလုံခေါ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးထားခြင်း မရှိပါဘူး။

လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရင်အစိုးရက ခန့်အပ် တာဝန်ပေးထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အာဏာရပါတီအစိုးရလက်ထက်မှာ ကာလုံခေါ်ယူခဲ့ခြင်း မရှိလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရကာကွယ်ရေးဦးစီးချုပ်ကို တရားဝင် ခန့်အပ်ထားတာ မဟုတ်ဘူးလို့ ပြည်ထောင်စုရှေ့နေများနှင့် ဥပဒေအထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ အသက် ၆၀ ပြည့်သွားလို့ နိုင်ငံဝန်ထမ်းဥပဒေအရအငြိမ်းစားယူရမှာဖြစ်ပေမယ့် တပ်မတော်ဥပဒေအရ နောက်ထပ်သက်တမ်း ၅ နှစ်ထပ်တိုးခဲ့တာကြောင့် ၂၀၂၁ ခုနှစ်အထိ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ထပ်ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။

တပ်ပိုင်းဆိုင်ရာဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က သက်တမ်းတိုးခွင့်ရှိတယ်လို့ ပြောဆိုပေ မယ့် ၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာတော့ သက်တမ်းတိုးထမ်းဆောင်ခွင့်ဆိုတာတော့ မပါရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအောင်ကြည်ညွှန့်ကပြောဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က အခုအစိုးရလက်ထက်မှာ ကာလုံကနေ ခန့်အပ်ထားတဲ့ ကာကွယ်ရေးဦးစီးချုပ်မဟုတ်ဘူး လို့လည်း ဦးအောင်ကြည်ညွန့်က ဆိုပါတယ်။

အန်အယ်ဒီ အစိုးရလက်ထက်မှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီကို ခေါ်ယူပေးဖို့ အတိုက်ခံပါတီနဲ့ မဟာမိတ်တွေဘက်က တောင်းဆိုခဲ့တာတွေ ရှိခဲ့ပါတယ်။ စက်တင်ဘာ လ ၂၈ ရက်နေ့က တပ်မတော်ဘက်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ဖြစ်မှ ကာလုံခေါ်မှာလား ဆိုပြီး တပ်မတော်ဘက်ကပြောဆိုခဲ့ပါတယ်။

လက်ရှိတိုင်းပြည်အခြေအနေက ကာလုံခေါ်ရမယ့်အခြေအနေ မဟုတ်ဘူးလို့ နိုင်ငံရေး အသိုင်းအဝိုင်းက သုံးသပ်ကြသလို ကာလုံက မဲခွဲဆုံးဖြတ်မယ့်နေရာမဟုတ်ရင် အချိုးညီတဲ့ ဖွဲ့စည်းပုံဖြစ်အောင်ပြင်ဆင်ပေးဖို့လိုတယ်လို့လဲ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

တိုင်းပြည်အခြေအနေကြောင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ခေါ်ယူပေးဖို့ အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခန်း ၁၀ အရ သက်ဆိုင်ရာဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကသာ တင်ပြခွင့်ရှိပြီး ကာလုံခေါ်ယူခြင်း မခေါ်ယူခြင်းကို သမ္မတကသာဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အခုလို ကာလုံခေါ်ယူရေးဖိအားပေးနေတာက ပြည်သူတွေကို ထင်ယောင်ထင်မှားနဲ့ ကြောက်စိတ်ဝင်အောင် လုပ်ဆောင်နေသလိုဖြစ်တယ်လို့ ၈၈မျိုးဆက် ပဲခူးက ကိုသိန်းဋ္ဌေးက သုံးသပ်ပါတယ်။

ကြံ့ခိုင်ရေးပါတီကတင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဥပဒေမူကြမ်းမှာ ထည့်သွင်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့အခန်းကဏ္ဍမှာပါဝင်တဲ့ အချက်တွေက တပ်မတော်ရဲ့နိုင်ငံရေး အရပါဝင်မှုကို တိုးမြှင့်ချင်တဲ့သဘောဖြစ်နေတယ်လို့ အာဏာရ အန်အယ်ဒီ ပါတီက သုံးသပ်ထားပါတယ်။

[ ယခုသတင်းကို DVB TV News ၏ ခွင့်ပြုချက်ဖြင့်ဖေါ်ပြခြင်းဖြစ်ပါသည်။ ]

Zawgyi

လက္ရွိအစိုးရလက္ထက္မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ကာလုံကေန ခန႔္အပ္အတည္ျပဳထားျခင္းမရွိတာေၾကာင့္ ကာလုံေခၚယူႏိုင္ေရး ဖိအားေပးေနတာ ျဖစ္ႏိုင္တယ္လို႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက သုံးသပ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း ၇ ပုဒ္မ ၃၄၂ အရ ႏိုင္ငံေတာ္သမၼတက အမ်ိဳးသား ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕အဆိုျပဳေထာက္ခံခ်က္နဲ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ကို ခန႔္အပ္တာဝန္ေပးရမယ္လို႔ ပါရွိပါတယ္။ ဒါေပမယ့္ အန္အယ္လ္ဒီ အစိုးရ လက္ထက္မွာ ကာလုံေခၚၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကို ခန႔္အပ္တာဝန္ေပးထားျခင္း မရွိပါဘူး။

လက္ရွိ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို အရင္အစိုးရက ခန႔္အပ္ တာဝန္ေပးထားခဲ့တာ ျဖစ္ပါတယ္။ လက္ရွိ အာဏာရပါတီအစိုးရလက္ထက္မွာ ကာလုံေခၚယူခဲ့ျခင္း မရွိလို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအရကာကြယ္ေရးဦးစီးခ်ဳပ္ကို တရားဝင္ ခန႔္အပ္ထားတာ မဟုတ္ဘူးလို႔ ျပည္ေထာင္စုေရွ႕ေနမ်ားႏွင့္ ဥပေဒအေထာက္အကူျပဳသူမ်ားအဖြဲ႕ ဥကၠ႒ ဦးႀကီးျမင့္က ေျပာပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနနဲ႔ ၂၀၁၆ ခုႏွစ္ ဇူလိုင္လမွာ အသက္ ၆၀ ျပည့္သြားလို႔ ႏိုင္ငံဝန္ထမ္းဥပေဒအရအၿငိမ္းစားယူရမွာျဖစ္ေပမယ့္ တပ္မေတာ္ဥပေဒအရ ေနာက္ထပ္သက္တမ္း ၅ ႏွစ္ထပ္တိုးခဲ့တာေၾကာင့္ ၂၀၂၁ ခုႏွစ္အထိ ကာကြယ္ေရးဦးစီးခ်ဳပ္အျဖစ္ ထပ္ဦးေဆာင္ခြင့္ ရရွိခဲ့ပါတယ္။

တပ္ပိုင္းဆိုင္ရာဥပေဒအရ ကာကြယ္ေရးဦးစီးခ်ဳပ္က သက္တမ္းတိုးခြင့္ရွိတယ္လို႔ ေျပာဆိုေပ မယ့္ ၂၀၀၈ ဖြဲ႕စည္းပုံဥပေဒမွာေတာ့ သက္တမ္းတိုးထမ္းေဆာင္ခြင့္ဆိုတာေတာ့ မပါရွိဘူးလို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုေကာ္မတီဝင္ ဦးေအာင္ၾကည္ၫႊန႔္ကေျပာဆိုပါတယ္။

ဒါ့အျပင္ လက္ရွိကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉး ႀကီးမင္းေအာင္လႈိင္က အခုအစိုးရလက္ထက္မွာ ကာလုံကေန ခန႔္အပ္ထားတဲ့ ကာကြယ္ေရးဦးစီးခ်ဳပ္မဟုတ္ဘူး လို႔လည္း ဦးေအာင္ၾကည္ၫြန႔္က ဆိုပါတယ္။

အန္အယ္ဒီ အစိုးရလက္ထက္မွာျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အမ်ိဳးသား ကာကြယ္ေရးနဲ႔လုံၿခဳံေရး ေကာင္စီကို ေခၚယူေပးဖို႔ အတိုက္ခံပါတီနဲ႔ မဟာမိတ္ေတြဘက္က ေတာင္းဆိုခဲ့တာေတြ ရွိခဲ့ပါတယ္။ စက္တင္ဘာ လ ၂၈ ရက္ေန႔က တပ္မေတာ္ဘက္ကျပဳလုပ္ခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ စစ္ျဖစ္မွ ကာလုံေခၚမွာလား ဆိုၿပီး တပ္မေတာ္ဘက္ကေျပာဆိုခဲ့ပါတယ္။

လက္ရွိတိုင္းျပည္အေျခအေနက ကာလုံေခၚရမယ့္အေျခအေန မဟုတ္ဘူးလို႔ ႏိုင္ငံေရး အသိုင္းအဝိုင္းက သုံးသပ္ၾကသလို ကာလုံက မဲခြဲဆုံးျဖတ္မယ့္ေနရာမဟုတ္ရင္ အခ်ိဳးညီတဲ့ ဖြဲ႕စည္းပုံျဖစ္ေအာင္ျပင္ဆင္ေပးဖို႔လိုတယ္လို႔လဲ ႏိုင္ငံေရးေလ့လာသူ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

တိုင္းျပည္အေျခအေနေၾကာင့္ အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ ေခၚယူေပးဖို႔ အတြက္ ၂၀၀၈ ဖြဲ႕စည္းပုံ အခန္း ၁၀ အရ သက္ဆိုင္ရာေဒသဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းကသာ တင္ျပခြင့္ရွိၿပီး ကာလုံေခၚယူျခင္း မေခၚယူျခင္းကို သမၼတကသာဆုံးျဖတ္ရမွာျဖစ္ပါတယ္။

အခုလို ကာလုံေခၚယူေရးဖိအားေပးေနတာက ျပည္သူေတြကို ထင္ေယာင္ထင္မွားနဲ႔ ေၾကာက္စိတ္ဝင္ေအာင္ လုပ္ေဆာင္ေနသလိုျဖစ္တယ္လို႔ ၈၈မ်ိဳးဆက္ ပဲခူးက ကိုသိန္းေ႒းက သုံးသပ္ပါတယ္။

ႀကံ့ခိုင္ေရးပါတီကတင္သြင္းခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဥပေဒမူၾကမ္းမွာ ထည့္သြင္းထားတဲ့ အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕အခန္းက႑မွာပါဝင္တဲ့ အခ်က္ေတြက တပ္မေတာ္ရဲ႕ႏိုင္ငံေရး အရပါဝင္မႈကို တိုးျမႇင့္ခ်င္တဲ့သေဘာျဖစ္ေနတယ္လို႔ အာဏာရ အန္အယ္ဒီ ပါတီက သုံးသပ္ထားပါတယ္။

[ ယခုသတင္းကို DVB TV News ၏ ခြင့္ျပဳခ်က္ျဖင့္ေဖၚျပျခင္းျဖစ္ပါသည္။ ]