မိမိကို အလုပ်က ထုတ်ပယ်ထားကြောင်း (၆)နှစ်ကြာမှ သိခဲ့ရတဲ့ဝန်ထမ်းရဲ့အဖြစ်

83

MTA မှာ သန့်ရှင်းရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ မိမိကို ကုမ္ပဏီက အလုပ်ထုတ်ထားကြောင်းကို (၆)နှစ်ကြာမှာ သိခဲ့ပါတယ်။ တစ်ခုသောရက်မှာ သူရဲ့ လုပ်အားခအတွက် လစာလာထုတ်စဉ်၊ သူ့ကို ကုမ္ပဏီက ပိုင်နက်ကျူးကျော်မှုအတွက် တရားစွဲခဲ့တာပါ။

ဒီအကြောင်းကို UniLad သတင်းမှာ ဖော်ပြထားတာပါ။ ဝန်ထမ်းဟောင်းရဲ့အမည်ကတော့ Ronald Berry ဖြစ်ပြီး အသက် (၄၇)နှစ် ဖြစ်ပါတယ်။ Berry ဟာ (၂၀၁၅)ခုနှစ်ကတည်းက သွေးတိုးရောဂါနဲ့ ပန်းနာရောဂါကြောင့် Sick Leave ယူခဲ့တာကို ကုမ္ပဏီက လက်ခံခဲ့ပေမယ့်၊ အခုတော့ သူ့ကို (၂၀၁၃)ကတည်းက အနားပေးထားခဲ့တာလို့ ကုမ္ပဏီက ဆိုပါတယ်။

ဒါပေမယ့် Berry ဟာ Transit ရုံးကိုသွားပြီး သူ့လုပ်အားခကို ထုတ်နေဆဲပါဘဲ။ ဒီလိုပဲ သူတာဝန်ကျတဲ့ ဘူတာမှာ သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိန်းရေးအလုပ်တွေ ပုံမှန်လုပ်ကိုင်ခဲ့ပြီး၊ သူ့ကို အလုပ်ထုတ်ထားကြောင်း တရားဝင်စာ ပေးပို့ခြင်းလည်း မရှိသလို၊ လုပ်ဖော်ကိုင်ဘက်တွေကလည်း ဘာမှ မပြောပါဘူးတဲ့။

နောက်ပြီး ဒီအတောအတွင်း ငွေထုတ်ရာမှာ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ကာလအတောအတွင်းမှာ ဒေါ်လာ(၂)သိန်းခွဲလောက်အထိ (အလုပ်ထုတ်ခံခဲ့ရပေမယ့်) လုပ်အားခအဖြစ် ရရှိခဲ့ပါတယ်။ အခုနောက်ဆုံး လုပ်ခ လာထုတ်ချိန်ရောက်မှ တာဝန်ရှိသူတစ်ဦးက-

Berry ဟာ အလုပ်ထုတ်ခံထားရတာဖြစ်လို့ ပိုက်နက်ကျူးလွန်မှုနဲ့ တရားစွဲခဲ့တာပါ။ အဲဒီတော့မှ သူဟာ အလုပ်က ထုတ်ခံထားရတာဆိုတာ သိလိုက်တာလို့ ပြောပါတယ်။ ဒီကြားထဲ လုပ်ခလစာကို ဘာလို့ထုတ်ပေးတာလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူက  Payroll’s problem ကြောင့်လို့ အကြောင်းပြခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ လကပဲ ကုမ္ပဏီက သူ့ကို သင်တန်းတက်ဖို့လိုအပ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိခဲ့တာကလည်း သူ့ကို ကုမ္ပဏီက အလုပ်ထားတယ်ဆိုတဲ့ အချက်က အငြင်းပွားစရာ ဖြစ်နေပါသတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် Berry ကို ရဲက ဖမ်းဆီးထားပြီး၊ ဒီအတောအတွင်း ထုတ်ယူခဲ့တဲ့ လခတွေအတွက် ဘယ်လို ဖြေရှင်းမလဲတော့ မသိရသေးပါဘူး။

နေသူရိန် D Nae Khit Media

Zawgyi ျဖင့္ဖတ္ရန္-

MTA မွာ သန္႔ရွင္းေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ခဲ့တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ မိမိကို ကုမၸဏီက အလုပ္ထုတ္ထားေၾကာင္းကို (၆)ႏွစ္ၾကာမွာ သိခဲ့ပါတယ္။ တစ္ခုေသာရက္မွာ သူရဲ႕ လုပ္အားခအတြက္ လစာလာထုတ္စဥ္၊ သူ႕ကုိ ကုမၸဏီက ပုိင္နက္က်ဴးေက်ာ္မႈအတြက္ တရားစြဲခဲ့တာပါ။

ဒီအေၾကာင္းကို UniLad သတင္းမွာ ေဖာ္ျပထားတာပါ။ ဝန္ထမ္းေဟာင္းရဲ႕အမည္ကေတာ့ Ronald Berry ျဖစ္ၿပီး အသက္ (၄၇)ႏွစ္ ျဖစ္ပါတယ္။ Berry ဟာ (၂၀၁၅)ခုႏွစ္ကတည္းက ေသြးတုိးေရာဂါနဲ႔ ပန္းနာေရာဂါေၾကာင့္ Sick Leave ယူခဲ့တာကို ကုမၸဏီက လက္ခံခဲ့ေပမယ့္၊ အခုေတာ့ သူ႕ကို (၂၀၁၃)ကတည္းက အနားေပးထားခဲ့တာလုိ႔ ကုမၸဏီက ဆုိပါတယ္။

ဒါေပမယ့္ Berry ဟာ Transit ႐ုံးကိုသြားၿပီး သူ႕လုပ္အားခကို ထုတ္ေနဆဲပါဘဲ။ ဒီလုိပဲ သူတာဝန္က်တဲ့ ဘူတာမွာ သန္႔ရွင္းေရးနဲ႔ ျပဳျပင္ထိန္းသိန္းေရးအလုပ္ေတြ ပုံမွန္လုပ္ကုိင္ခဲ့ၿပီး၊ သူ႕ကို အလုပ္ထုတ္ထားေၾကာင္း တရားဝင္စာ ေပးပုိ႔ျခင္းလည္း မရွိသလုိ၊ လုပ္ေဖာ္ကုိင္ဘက္ေတြကလည္း ဘာမွ မေျပာပါဘူးတဲ့။

ေနာက္ၿပီး ဒီအေတာအတြင္း ေငြထုတ္ရာမွာ ဘာျပႆနာမွ မရွိခဲ့ပါဘူး။ သူဟာ ၿပီးခဲ့တဲ့ ကာလအေတာအတြင္းမွာ ေဒၚလာ(၂)သိန္းခြဲေလာက္အထိ (အလုပ္ထုတ္ခံခဲ့ရေပမယ့္) လုပ္အားခအျဖစ္ ရရွိခဲ့ပါတယ္။ အခုေနာက္ဆုံး လုပ္ခ လာထုတ္ခ်ိန္ေရာက္မွ တာဝန္ရွိသူတစ္ဦးက-

Berry ဟာ အလုပ္ထုတ္ခံထားရတာျဖစ္လုိ႔ ပိုက္နက္က်ဴးလြန္မႈနဲ႔ တရားစြဲခဲ့တာပါ။ အဲဒီေတာ့မွ သူဟာ အလုပ္က ထုတ္ခံထားရတာဆုိတာ သိလုိက္တာလုိ႔ ေျပာပါတယ္။ ဒီၾကားထဲ လုပ္ခလစာကို ဘာလုိ႔ထုတ္ေပးတာလဲဆုိတဲ့ ကိစၥနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူက  Payroll’s problem ေၾကာင့္လုိ႔ အေၾကာင္းျပခဲ့ပါတယ္။

ဒါေပမယ့္ ၿပီးခဲ့တဲ့ လကပဲ ကုမၸဏီက သူ႕ကို သင္တန္းတက္ဖုိ႔လုိအပ္ေၾကာင္း အေၾကာင္းၾကားစာ လက္ခံရရွိခဲ့တာကလည္း သူ႕ကုိ ကုမၸဏီက အလုပ္ထားတယ္ဆုိတဲ့ အခ်က္က အျငင္းပြားစရာ ျဖစ္ေနပါသတဲ့။ ဘယ္လုိပဲျဖစ္ျဖစ္ Berry ကုိ ရဲက ဖမ္းဆီးထားၿပီး၊ ဒီအေတာအတြင္း ထုတ္ယူခဲ့တဲ့ လခေတြအတြက္ ဘယ္လုိ ေျဖရွင္းမလဲေတာ့ မသိရေသးပါဘူး။

ေနသူရိန္  D Nae Khit Media