အကြမ်းဖက်အမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ရဟန်းကို လိုင်စင်မဲ့ကားအမှုနဲ့ ပြန်ဖမ်း

232

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာတော်နှစ်ပါးကို စစ်တွေခရိုင်တရားရုံးက သက်သေမခိုင်လုံလို့ မနေ့က ပြန်လွှတ်ပေးလိုက်ပေမယ့် အဲဒီထဲက ဆရာတော်တစ်ပါးကို မှုခင်းရဲတပ်ဖွဲ့က နောက်ထပ်ပုဒ်မတစ်ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပါတယ်။

ဒီဆရာတော်နှစ်ပါးဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့က ကျောင်းထိုင်ဆရာတော်တွေဖြစ်ပြီး လူငယ် သုံးဦးနဲ့အတူ ဧပြီ ၁ရက်နေ့ကတည်းက တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထိန်းသိမ်း အမှုဖွင့်ထားတာပါ။

ခြောက်လအကြာမှာ စစ်ဆေးပေါ်ပေါက်ချက် မရှိတာကြောင့် မနေ့က စစ်တွေခရိုင်တရားရုံးက လွှတ်ဖို့ အမိန့်ချလိုက်ပြီးတဲ့နောက် ပုဏ္ဏားကျွန်းက ဆရာတော်ကို မှုခင်းရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး အမှုထပ်ဖွင့်လိုက်တာလို့ သူတို့ရဲ့ ရှေ့နေ ဦးသန်းထွန်း က ပြောပါတယ်။

ဒီလို အမှုထပ်ဖွင့်ပြီး ဖမ်းဆီးလိုက်တဲ့အပေါ် ဝေဖန်သူတွေ ရှိနေပါတယ်။

စတင်ဖမ်းဆီးခံရချိန်မှာ အသုံးပြုတဲ့ ကားဟာ လိုင်စင်မဲ့ကားဖြစ်တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ဆိုပါတယ်။

အစောကတည်းကဆို နှစ်မှုစလုံး ပြတ်တဲ့ကိစ္စပဲ။ တစ်ခုပြီးမှ တစ်ခုဆိုတော့ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့က မြင်တယ်လေ

“၅၂(က)နဲ့ တရားစွဲတဲ့အခါ ဒီလိုင်စင်မဲ့ကားဆိုတာနဲ့ တစ်ခါတည်း တစ်ပြိုင်တည်း အမှုဖွင့်လို့ရတယ်။ မဖွင့်ခဲ့ဘူး။ အခုမှ ဒီအမှုပြီးတဲ့ဟာ လွတ်တဲ့ဟာ ကြားတာနဲ့ မှုခင်းတပ်ဖွဲ့က ချက်ချင်းရမန် တောင်းယူတာ။

အစောကတည်းကဆို နှစ်မှုစလုံး ပြတ်တဲ့ကိစ္စပဲ။ တစ်ခုပြီးမှ တစ်ခုဆိုတော့ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့က မြင်တယ်လေ”

ဒီအမှုမှာ တရားလိုဖြစ်တဲ့ ရဲအုပ် ညီညီဟာ အရင်အမှုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တပ်မတော်က အမှုဖွင့်ထားစဉ်မှာ အမှုစစ် ဖြစ်တယ်လို့လည်း ဦးသန်းထွန်းက ပြောပါတယ်။

ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဟာ အာမခံရနိုင်တဲ့အတွက် ဒီဆရာတော် မကြာခင် လွတ်မြောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆရာတော်ဟာ မနေ့က တရားရုံးချိန်းအပြီးမှာ သတိလစ်သွားတဲ့အတွက် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မြောက်ဦးမြို့က မြို့ဦးခေါင်းကျောင်းတိုက် ဆရာတော် အရှင်ဝဏ္ဏသာရက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် လွတ်လာချိန်မှာ သံဃာတစ်ပါးကို အမှုထပ်ဖွင့်လိုက်တာ မဖြစ်သင့်ဘူးလို့ မိန့်ပါတယ်။

“မဖြစ်သင့်တဲ့ဟာတွေကို မဖြစ်အောင် လူကြီးတွေအနေနဲ့ သတိထား ဆင်ခြင်သင့်တယ်လို့ မြင်တယ်။ နောက်နောင်လည်း ဒီလိုမျိုးမဖြစ်အောင် ကြိုးစားစေချင်တယ်ပေါ့”

ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကလည်း အခုလို ပြောပါတယ်။

ဒါမျိုးက မဖြစ်သင့်ဘူးပေါ့နော်။ ဒါမျိုးက ရည်ရွယ်ချက်ရှိရှိ အကျဉ်းကျအောင် လုပ်ဆောင်သလို ဖြစ်နေတာပေါ့
“ဒါမျိုးက မဖြစ်သင့်ဘူးပေါ့နော်။ ဒါမျိုးက ရည်ရွယ်ချက်ရှိရှိ အကျဉ်းကျအောင် လုပ်ဆောင်သလို ဖြစ်နေတာပေါ့။

ပြောချင်တာကတော့ တကယ်လို့သာ အဲဒီဆရာတော်ရဲ့ ကားသာ လိုင်စင်မဲ့ကားဆိုရင် အစောကြီးကတည်းက နဂိုကတည်းက မော်တော်ယာဉ်ဥပဒေနဲ့ လုပ်သင့်တာပေါ့။ အခုက အမှုတစ်ခုလွတ်သွားလို့ နောက်တစ်မှုနဲ့ စွဲတယ်ဆိုတာမျိုးက ဥပဒေကြောင်းအရ ဆိုတာထက် မဖြစ်သင့်ဘူးလို့ မြင်တာပေါ့။

လိုင်စင်မဲ့ကား စီးတာကလည်း အများကြီးပဲပေါ့။ ဒါမျိုးကို တကယ်စိစစ်ပြီး သေချာစစ်ဆေးသင့်တာပေါ့။ အခုတော့ ဒီလိုအမှုဖြစ်မှ နောက်တစ်မှုနဲ့ ချိတ်ဆက်တယ်ဆိုတာကြီးက မဖြစ်သင့်ဘူးလို့မြင်တယ်”

စတင်ဖမ်းဆီးခံရချိန်မှာ ဒီဆရာတော်နှစ်ပါးနဲ့အတူ လူငယ် သုံးဦးဟာ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာကို ကားနဲ့ သွားရောက်စဉ်မှာ တပ်မတော်က မသင်္ကာလို့ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

လူငယ် သုံးဦးကတော့ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ပြီး AA ရက္ခိုင့်တပ်တော်ကို အားပေးကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှု ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်ရှင်။

(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)

RFA Burmese

Zawgyi

အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)နဲ႕ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ဆရာေတာ္ႏွစ္ပါးကို စစ္ေတြခရိုင္တရား႐ုံးက သက္ေသမခိုင္လုံလို႔ မေန႕က ျပန္လႊတ္ေပးလိုက္ေပမယ့္ အဲဒီထဲက ဆရာေတာ္တစ္ပါးကို မႈခင္းရဲတပ္ဖြဲ႕က ေနာက္ထပ္ပုဒ္မတစ္ခုနဲ႕ အမႈဖြင့္ၿပီး ဖမ္းဆီးလိုက္ပါတယ္။

ဒီဆရာေတာ္ႏွစ္ပါးဟာ ပုဏၰားကြၽန္းနဲ႕ ေျမာက္ဦးၿမိဳ႕က ေက်ာင္းထိုင္ဆရာေတာ္ေတြျဖစ္ၿပီး လူငယ္ သုံးဦးနဲ႕အတူ ဧၿပီ ၁ရက္ေန႕ကတည္းက တပ္မေတာ္က အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က)နဲ႕ ထိန္းသိမ္း အမႈဖြင့္ထားတာပါ။

ေျခာက္လအၾကာမွာ စစ္ေဆးေပၚေပါက္ခ်က္ မရွိတာေၾကာင့္ မေန႕က စစ္ေတြခရိုင္တရား႐ုံးက လႊတ္ဖို႔ အမိန႔္ခ်လိဳက္ၿပီးတဲ့ေနာက္ ပုဏၰားကြၽန္းက ဆရာေတာ္ကို မႈခင္းရဲတပ္ဖြဲ႕က တရားလိုလုပ္ၿပီး အမႈထပ္ဖြင့္လိုက္တာလို႔ သူတို႔ရဲ႕ ေရွ႕ေန ဦးသန္းထြန္း က ေျပာပါတယ္။

ဒီလို အမႈထပ္ဖြင့္ၿပီး ဖမ္းဆီးလိုက္တဲ့အေပၚ ေဝဖန္သူေတြ ရွိေနပါတယ္။

စတင္ဖမ္းဆီးခံရခ်ိန္မွာ အသုံးျပဳတဲ့ ကားဟာ လိုင္စင္မဲ့ကားျဖစ္တယ္ဆိုၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ နဲ႕ အမႈဖြင့္တာလို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းထြန္းက ဆိုပါတယ္။

အေစာကတည္းကဆို ႏွစ္မႈစလုံး ျပတ္တဲ့ကိစၥပဲ။ တစ္ခုၿပီးမွ တစ္ခုဆိုေတာ့ မလုပ္သင့္ေတာ့ဘူးလို႔ ကြၽန္ေတာ္တို႔က ျမင္တယ္ေလ

“၅၂(က)နဲ႕ တရားစြဲတဲ့အခါ ဒီလိုင္စင္မဲ့ကားဆိုတာနဲ႕ တစ္ခါတည္း တစ္ၿပိဳင္တည္း အမႈဖြင့္လို႔ရတယ္။ မဖြင့္ခဲ့ဘူး။ အခုမွ ဒီအမႈၿပီးတဲ့ဟာ လြတ္တဲ့ဟာ ၾကားတာနဲ႕ မႈခင္းတပ္ဖြဲ႕က ခ်က္ခ်င္းရမန္ ေတာင္းယူတာ။ အေစာကတည္းကဆို ႏွစ္မႈစလုံး ျပတ္တဲ့ကိစၥပဲ။ တစ္ခုၿပီးမွ တစ္ခုဆိုေတာ့ မလုပ္သင့္ေတာ့ဘူးလို႔ ကြၽန္ေတာ္တို႔က ျမင္တယ္ေလ”

ဒီအမႈမွာ တရားလိုျဖစ္တဲ့ ရဲအုပ္ ညီညီဟာ အရင္အမႈျဖစ္တဲ့ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၂(က) နဲ႕ တပ္မေတာ္က အမႈဖြင့္ထားစဥ္မွာ အမႈစစ္ ျဖစ္တယ္လို႔လည္း ဦးသန္းထြန္းက ေျပာပါတယ္။

ပို႔ကုန္သြင္းကုန္ဥပေဒ ပုဒ္မ ၈ ဟာ အာမခံရနိုင္တဲ့အတြက္ ဒီဆရာေတာ္ မၾကာခင္ လြတ္ေျမာက္လာမွာျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီဆရာေတာ္ဟာ မေန႕က တရား႐ုံးခ်ိန္းအၿပီးမွာ သတိလစ္သြားတဲ့အတြက္ စစ္ေတြေဆး႐ုံမွာ ကုသမႈခံယူေနတယ္လို႔ သိရပါတယ္။

ေျမာက္ဦးၿမိဳ႕က ၿမိဳ႕ဦးေခါင္းေက်ာင္းတိုက္ ဆရာေတာ္ အရွင္ဝဏၰသာရက မသကၤာလို႔ ဖမ္းဆီး စစ္ေဆးခံခဲ့ရၿပီးေနာက္ လြတ္လာခ်ိန္မွာ သံဃာတစ္ပါးကို အမႈထပ္ဖြင့္လိုက္တာ မျဖစ္သင့္ဘူးလို႔ မိန႔္ပါတယ္။

“မျဖစ္သင့္တဲ့ဟာေတြကို မျဖစ္ေအာင္ လူႀကီးေတြအေနနဲ႕ သတိထား ဆင္ျခင္သင့္တယ္လို႔ ျမင္တယ္။ ေနာက္ေနာင္လည္း ဒီလိုမ်ိဳးမျဖစ္ေအာင္ ႀကိဳးစားေစခ်င္တယ္ေပါ့”

ဝံလက္ေဖာင္ေဒးရွင္း ဒါရိုက္တာ ဦးခိုင္ေကာင္းစံ ကလည္း အခုလို ေျပာပါတယ္။

ဒါမ်ိဳးက မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါမ်ိဳးက ရည္႐ြယ္ခ်က္ရွိရွိ အက်ဥ္းက်ေအာင္ လုပ္ေဆာင္သလို ျဖစ္ေနတာေပါ့
“ဒါမ်ိဳးက မျဖစ္သင့္ဘူးေပါ့ေနာ္။ ဒါမ်ိဳးက ရည္႐ြယ္ခ်က္ရွိရွိ အက်ဥ္းက်ေအာင္ လုပ္ေဆာင္သလို ျဖစ္ေနတာေပါ့။

ေျပာခ်င္တာကေတာ့ တကယ္လို႔သာ အဲဒီဆရာေတာ္ရဲ႕ ကားသာ လိုင္စင္မဲ့ကားဆိုရင္ အေစာႀကီးကတည္းက နဂိုကတည္းက ေမာ္ေတာ္ယာဥ္ဥပေဒနဲ႕ လုပ္သင့္တာေပါ့။ အခုက အမႈတစ္ခုလြတ္သြားလို႔ ေနာက္တစ္မႈနဲ႕ စြဲတယ္ဆိုတာမ်ိဳးက ဥပေဒေၾကာင္းအရ ဆိုတာထက္ မျဖစ္သင့္ဘူးလို႔ ျမင္တာေပါ့။

လိုင္စင္မဲ့ကား စီးတာကလည္း အမ်ားႀကီးပဲေပါ့။ ဒါမ်ိဳးကို တကယ္စိစစ္ၿပီး ေသခ်ာစစ္ေဆးသင့္တာေပါ့။ အခုေတာ့ ဒီလိုအမႈျဖစ္မွ ေနာက္တစ္မႈနဲ႕ ခ်ိတ္ဆက္တယ္ဆိုတာႀကီးက မျဖစ္သင့္ဘူးလို႔ျမင္တယ္”

စတင္ဖမ္းဆီးခံရခ်ိန္မွာ ဒီဆရာေတာ္ႏွစ္ပါးနဲ႕အတူ လူငယ္ သုံးဦးဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ကန္ေစာက္ေက်း႐ြာကို ကားနဲ႕ သြားေရာက္စဥ္မွာ တပ္မေတာ္က မသကၤာလို႔ စစ္ေဆးၿပီး ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။

လူငယ္ သုံးဦးကေတာ့ ရေသ့ေတာင္၊ ပုဏၰားကြၽန္းနဲ႕ ေပါက္ေတာၿမိဳ႕နယ္ေတြမွာ ေနထိုင္သူေတြျဖစ္ၿပီး AA ရကၡိုင့္တပ္ေတာ္ကို အားေပးကူညီတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႕ပဲ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၂(က)နဲ႕ အမႈ ဆက္လက္ရင္ဆိုင္ေနရဆဲျဖစ္ပါတယ္ရွင္။

(RFA သတင္းေထာက္ မဇင္မာဝင္း ေပးပို႔သည္)