အိမ်ကွင်းမှာ မန်စီးတီးရှုံးပွဲတွေ့ခဲ့ပြီး အာဆင်နယ်၊ ချယ်လ်ဆီးတို့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်

169

တနင်္ဂနွေနေ့ အင်္ဂလန် ပရီးမီးယားလိဂ်မှာတော့ လက်ရှိ ချန်ပီယံ မန်စီးတီး အိမ်ကွင်းမှာ မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ပြီး အာဆင်နယ်၊ ချယ်လ်ဆီးတို့ နိုင်ပါတယ်။

လီဗာပူးလ်ရဲ့ နိုင်ပွဲကြောင့် ဖိအားများနေတဲ့ မန်စီးတီးတို့ အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ကစားပုံကောင်းတဲ့ ဝုလ်ဖ်ကြောင့် ရုန်းကန်ခဲ့ရတာပါ။ ဧည့်သည် ဝုလ်ဖ်က အကောင်းဆုံး ခြေစွမ်းပြပြီး တောင်ပံကစားသမား ထရာအိုရီရဲ့ သွင်းဂိုးတွေနဲ့ နိုင်ခဲ့တာပါ။

ဖိကစားထားတဲ့ စီးတီးဖက်ကို ထရာအိုရီက ၈ဝမိနစ်နဲ့ ၉ဝမိနစ်တွေ ၂ဂိုးသွင်းပြီး ဧည့်သည် အသင်း ၂ဂိုးပြတ်နဲ့ နိုင်ပါတယ်။

အာဆင်နယ်ကလည်း အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရြ့ပီး ဘွန်းမောက်ကို နောက်ခံလူ ဒါးဗစ် လု့ဇ်ရဲ့ တစ်လုံးတည်းသော ခေါင်းတိုက် ဂိုးနဲ့ နိုင်ပါတယ်။ ချယ်လ်ဆီးကတော့ လူငယ်တွေ ခြေစွမ်းပြပြီး ဆောက်သမ်တန်ကွင်းမှာ ၄-၁ဂိုးနဲ့နိုင်ပါတယ်။

ချယ်လ်ဆီးအတွက် အေဘရာဟမ်၊ မေဆန်မောင့်၊ ကန်တေနဲ့ မစ်ချီ ဘရွိုင်းတို့ သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
မန်စီးတီးရဲ့ ရှုံးပွဲကြောင့် လီဗာပူးလ်ဟာ ဇယားထိပ်မှာ ၈မှတ်အသာနဲ့ လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့်ရသွားပြီး အာဆင်နယ်က အဆင့် ၃၊ ချယ်လ်ဆီးက အဆင့် ၅ကို တက်လာခဲ့ပါတယ်။

မန်စီးတီး ၀-၂ ဝုလ်ဖ်

အာဆင်နယ် ၁-၀ ဘွန်းမောက်

ဆောက်သမ်တန် ၁-၄ ချယ်လ်ဆီး

ဘီဘီစီမြန်မာပိုင်း

( Zawgyi )






မန်စီးတီး ၀-၂ ၀ုလ်ဖ်

