ရဲ ဟန်ဆောင်ပြီး ပစ္စည်းတွေကို ခိုးယူတဲ့ သူခိုး ဖမ်းဆီးခံရ (သတိထားစရာ ခိုးနည်းအသစ်ပါ)

265

သူခိုးတွေဟာ အခုနောက်ပိုင်း ပစ္စည်းခိုးတဲ့ အခါမှာ တစ်ခါတည်း ဝင်လုခိုးကြတာထက် ဉာဏ်နဲ့ လိမ်ပြီး ခိုးလာကြပါတယ်။ အမျိုးသား တစ်ဦးဆိုရင် ရဲအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းတွေကို လိုက်ခိုးနေခဲ့တာပါ။

ရဲအဖြစ် ဟန်ဆောင်ပြီး ပစ္စည်းခိုးနည်းဟာ အလွန်ကို သတိထားရပါမယ်။ သူဟာ လူတွေကို သူ့ကားကို အခမဲ့ စီးပါ၊ မစီးခင်မှာ ပစ္စည်းတွေကို ထားခဲ့ပါလို့ ပြောပြီး ပစ္စည်းတွေကို ခိုးယူခဲ့ပါတယ်။

WorldofBuzz သတင်းအရ၊ သူခိုးဟာ မလေးရှားနိုင်ငံက (Brickfileds) မြို့ နဲ့ (Sentul) မြို့မှာ ရဲအဖြစ် ဟန်ဆောင်လျက် ပစ္စည်းတွေ ခိုးခဲ့ပြီး အောက်တိုဘာလ (၂) ရက်နေ့က အဖမ်းခံခဲ့ရတယ်လို့ ဖော်ပြသွား ခဲ့ပါတယ်။

အသက် (၃၆) နှစ်အရွယ် သူခိုးဟာ ကားမောင်းလာစဉ် သူ့ကားက လမ်းဘေးကို ဝင်တိုက်ခဲ့ပြီး မလေးရှာနိုင်ငံ၊ Negeri Sembilan မြို့မှာ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

သူဟာ လူတွေကို သူ့ကိုယ်သူ သူ့နာမည်က တွန်အမ် (Tuan Am) ဖြစ်ကြောင်း၊ ရဲဖြစ်ကြောင်း ပြောခဲ့တဲ့ အတွက်ကြောင့် လူတွေက သူ့ကို ယုံလွယ်ခဲ့ကြပါတယ်။ အင်ဒိုနီးရှား အမျိုးသမီး (၂) ဦးကို သူ့ရဲ့ကားကို အခမဲ့ စီးပါ၊ မစီးခင် သူတို့မှာ ပါလာတဲ့ ပစ္စည်းတွေကို ကားပေါ်မှာ ထားခဲ့ပါလို့ ပြောပါတယ်။

ကားပေါ်မှာ ပစ္စည်းတွေကို ထားတဲ့ အခါမှာ သူက ကားမောင်းပြီး ခိုးယူထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။ရဲအရာရှိ ဇေရုနီယမ် မို (Zairulnizam Mohd) က “ရဲတွေက သူ့ကို ဖမ်းလိုက်တဲ့ အချိန်မှာ Brand မတူတဲ့ ဖုန်း (၄) ခု၊ ပိုက်ဆံအိတ် တစ်ခု၊ မှတ်ပုံတင် (၂) ခု၊ ယာဉ်မောင်းလိုင်စင် (၂) ခု နှင့် Myvi ကား တစ်စင်းကို ရရှိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ရဲအဖြစ် ဟန်ဆောင်လျက် လူတွေကို လိမ်တဲ့ အခါ လူတွေက အယုံလွယ် ကြတာကြောင့် လွယ်လွယ်နဲ့ ပစ္စည်းတွေ အခိုးခံရနိုင်ပြီး အလွန် သတိထားစရာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )

Zawgyi

သူခုိးေတြဟာ အခုေနာက္ပုိင္း ပစၥည္းခုိးတဲ့ အခါမွာ တစ္ခါတည္း ၀င္လုခုိးၾကတာထက္ ဉာဏ္နဲ႔ လိမ္ၿပီး ခုိးလာၾကပါတယ္။ အမ်ဳိးသား တစ္ဦးဆုိရင္ ရဲအျဖစ္ ဟန္ေဆာင္ၿပီး ပစၥည္းေတြကုိ လုိက္ခုိးေနခဲ့တာပါ။

ရဲအျဖစ္ ဟန္ေဆာင္ၿပီး ပစၥည္းခုိးနည္းဟာ အလြန္ကို သတိထားရပါမယ္။ သူဟာ လူေတြကုိ သူ႔ကားကုိ အခမဲ့ စီးပါ၊ မစီးခင္မွာ ပစၥည္းေတြကုိ ထားခဲ့ပါလုိ႔ ေျပာၿပီး ပစၥည္းေတြကုိ ခုိးယူခဲ့ပါတယ္။

WorldofBuzz သတင္းအရ၊ သူခုိးဟာ မေလးရွားႏုိင္ငံက (Brickfileds) ၿမိဳ႕ နဲ႔ (Sentul) ၿမိဳ႕မွာ ရဲအျဖစ္ ဟန္ေဆာင္လ်က္ ပစၥည္းေတြ ခုိးခဲ့ၿပီး ေအာက္တုိဘာလ (၂) ရက္ေန႔က အဖမ္းခံခဲ့ရတယ္လုိ႔ ေဖာ္ျပသြား ခဲ့ပါတယ္။

အသက္ (၃၆) ႏွစ္အရြယ္ သူခုိးဟာ ကားေမာင္းလာစဥ္ သူ႔ကားက လမ္းေဘးကုိ ၀င္တုိက္ခဲ့ၿပီး မေလးရွာႏုိင္ငံ၊ Negeri Sembilan ၿမိဳ႕မွာ ဖမ္းဆီးခံလုိက္ရတယ္လုိ႔ သိရပါတယ္။

သူဟာ လူေတြကုိ သူ႔ကုိယ္သူ သူ႔နာမည္က တြန္အမ္ (Tuan Am) ျဖစ္ေၾကာင္း၊ ရဲျဖစ္ေၾကာင္း ေျပာခဲ့တဲ့ အတြက္ေၾကာင့္ လူေတြက သူ႔ကုိ ယုံလြယ္ခဲ့ၾကပါတယ္။ အင္ဒုိနီးရွား အမ်ဳိးသမီး (၂) ဦးကို သူ႔ရဲ႕ကားကုိ အခမဲ့ စီးပါ၊ မစီးခင္ သူတုိ႔မွာ ပါလာတဲ့ ပစၥည္းေတြကုိ ကားေပၚမွာ ထားခဲ့ပါလုိ႔ ေျပာပါတယ္။

ကားေပၚမွာ ပစၥည္းေတြကုိ ထားတဲ့ အခါမွာ သူက ကားေမာင္းၿပီး ခုိးယူထြက္ေျပးသြားခဲ့တာ ျဖစ္ပါတယ္။ရဲအရာရွိ ေဇရုနီယမ္ မုိ (Zairulnizam Mohd) က “ရဲေတြက သူ႔ကုိ ဖမ္းလုိက္တဲ့ အခ်ိန္မွာ Brand မတူတဲ့ ဖုန္း (၄) ခု၊ ပုိက္ဆံအိတ္ တစ္ခု၊ မွတ္ပုံတင္ (၂) ခု၊ ယာဥ္ေမာင္းလုိင္စင္ (၂) ခု ႏွင့္ Myvi ကား တစ္စင္းကုိ ရရွိခဲ့ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

ရဲအျဖစ္ ဟန္ေဆာင္လ်က္ လူေတြကုိ လိမ္တဲ့ အခါ လူေတြက အယုံလြယ္ ၾကတာေၾကာင့္ လြယ္လြယ္နဲ႔ ပစၥည္းေတြ အခုိးခံရႏုိင္ၿပီး အလြန္ သတိထားစရာ ျဖစ္ပါတယ္။

Ko Khant ( D Nae Khit Media )