ဆိုင်းဘုတ်မှာ “အေမီ၊ ငါ နင့််ကို ပိုချစ်တယ်”လို့ ရေးသားခဲ့တဲ့ နောက်ကွယ်က ကြည်နှုးစရာ အဖြစ်မှန်

79

အမေရိကန်နိုင်ငံ တူလ်ဆာ (Tulsa) မြို့က ဆိုင်းဘုတ် (၈) ခုမှာ ရေးထားတဲ့ “အေမီ ငါ နင့်ကို ပိုချစ်တယ်” ဆိုတဲ့ စာက Living Water Irrigation ကုမ္ပဏီက စိုက်ထူခဲ့ပြီး လူတွေရဲ့ အာရုံကို ဖမ်းစားသွားခဲ့ပါတယ်။

လူတွေက ဖြစ်ရပ်မှန်ကို မသိတဲ့ အတွက်ကြောင့်၊ ဆိုင်းဘုတ်ကို ဝယ်ယူတဲ့ သူက အန္တရယ်ကြုံတွေ့ နိုင်ပြီး “အေမီ” ဆိုတဲ့ အမျိုးသမီးကို ခွင့်လွတ်ပေးဖို့ တောင်းပန်ရမယ်လို့ ဖြစ်နိုင်သမျှ တွေးခဲ့ကြပါတယ်။

ဆိုင်းဘုတ်ကို ဖြုတ်ပြီး (၆) ပတ်အကြာမှာတော့ Living Water Irrigation ကုမ္ပဏီ ပိုင်ရှင် ဂျော့်ချ် ဝဲလ်ဆန် (Josh Wilson) က ဖြစ်ရပ်မှန်ကို ပြန်ရှင်းပြခဲ့ပါတယ်။

သူက ဆိုင်းဘုတ်မှာ “အေမီ ငါ နင့်ကို ပိုချစ်တယ်”လို့ ထင်မြင်စွာ ရေးခဲ့တာက သူ့ဇနီးသည် အေမီ ဝဲလ်ဆန် (Amy Wilson)ကို ချစ်လွန်းလို့ဆိုပါတယ်။ ဂျော့ချ်က သူ့ဇနီးကို ဘယ်လောက်ထိ ချစ်လဲ ဆိုတာကို ပြသနိုင်ဖို့အတွက် ဆိုင်းဘုတ်မှာ ရေးသွားခဲ့ပါတယ်။

ဂျော့ချ်က “လူတွေ များစွာက ကျွန်တော်နဲ့ အေဗီကို ရန်ဖြစ်ထားကြတယ်လို့ ထင်ခဲ့ကြပါတယ်။ အမှန်က ကွန်တေ်ာ အေမီကို အလွန် ချစ်တာပါ”လို့ ပြောခဲ့ပါတယ်။ သူဟာ ဆိုင်းဘုတ် အသုံးပြုခွင့်ကို (၁) နှစ်ကြာ ဝယ်ယူခဲ့ပြီး တစ်လကို ဒေါ်လာ (1,200)၊ မြန်မာငွေ (၁၈) သိန်း ကုန်ကျခဲ့ပါတယ်။

(၁) နှစ်ကြာဆိုတော့ မြန်မာငွေ သိန်း (၂၀၀) ကျော် အသုံးပြုပြီး သူ့ဇနီးကို ဘယ်လောက်ထိ ချစ်ကြောင်း ပြသခဲ့ပါတယ်။ သူက အစက ဆိုင်းဘုတ်မှာ ကုမ္ပဏီရဲ့ ကြောငြာကို ရေးသားခဲ့ပေမဲ့လည်း နောက်ပိုင်းမှာ “အေမီ၊ ငါ နင့်ကို ပိုချစ်တယ်”လို့ ပြောင်းရေးခဲ့ပါတယ်။

သူက “ဒါက အသေးအမွှားကိစ္စပါ။ ကျွန်တော်တို့ အချင်းအချင်း အမြဲ ပြောခဲ့ကြပါတယ်။ တစ်ဦးက “ငါ နင့်ကို ချစ်တယ်” လို့ ပြောရင် နောက်တစ်ဦးက ငါ နင့်ကို ပို ချစ်တယ်လို့ အပြန်အလှန် ပြောကြတာပါ” လို့ MSN သတင်းက နောက်ကွယ်က ဖြစ်ရပ်မှန်ကို ဖော်ပြသွားပါတယ်။

Ko Khant ( D Nae Khit Media )

Zawgyi

ဆိုင္းဘုတ္မွာ “ေအမီ၊ ငါ နင့္္ကို ပိုခ်စ္တယ္”လို႔ ေရးသားခဲ့တဲ့ ေနာက္ကြယ္က ၾကည္ႏႈးစရာ အျဖစ္မွန္

အေမရိကန္ႏိုင္ငံ တူလ္ဆာ (Tulsa) ၿမိဳ႕က ဆိုင္းဘုတ္ (၈) ခုမွာ ေရးထားတဲ့ “ေအမီ ငါ နင့္ကို ပိုခ်စ္တယ္” ဆိုတဲ့ စာက Living Water Irrigation ကုမၸဏီက စိုက္ထူခဲ့ၿပီး လူေတြရဲ႕ အာ႐ုံကို ဖမ္းစားသြားခဲ့ပါတယ္။

လူေတြက ျဖစ္ရပ္မွန္ကို မသိတဲ့ အတြက္ေၾကာင့္၊ ဆိုင္းဘုတ္ကို ဝယ္ယူတဲ့ သူက အႏၲရယ္ႀကဳံေတြ႕ ႏိုင္ၿပီး “ေအမီ” ဆိုတဲ့ အမ်ိဳးသမီးကို ခြင့္လြတ္ေပးဖို႔ ေတာင္းပန္ရမယ္လို႔ ျဖစ္ႏိုင္သမွ် ေတြးခဲ့ၾကပါတယ္။

ဆိုင္းဘုတ္ကို ျဖဳတ္ၿပီး (၆) ပတ္အၾကာမွာေတာ့ Living Water Irrigation ကုမၸဏီ ပိုင္ရွင္ ေဂ်ာ့္ခ်္ ဝဲလ္ဆန္ (Josh Wilson) က ျဖစ္ရပ္မွန္ကို ျပန္ရွင္းျပခဲ့ပါတယ္။

သူက ဆိုင္းဘုတ္မွာ “ေအမီ ငါ နင့္ကို ပိုခ်စ္တယ္”လို႔ ထင္ျမင္စြာ ေရးခဲ့တာက သူ႔ဇနီးသည္ ေအမီ ဝဲလ္ဆန္ (Amy Wilson)ကို ခ်စ္လြန္းလို႔ဆိုပါတယ္။ ေဂ်ာ့ခ်္က သူ႔ဇနီးကို ဘယ္ေလာက္ထိ ခ်စ္လဲ ဆိုတာကို ျပသႏိုင္ဖို႔အတြက္ ဆိုင္းဘုတ္မွာ ေရးသြားခဲ့ပါတယ္။

ေဂ်ာ့ခ်္က “လူေတြ မ်ားစြာက ကြၽန္ေတာ္နဲ႔ ေအဗီကို ရန္ျဖစ္ထားၾကတယ္လို႔ ထင္ခဲ့ၾကပါတယ္။ အမွန္က ကြန္ေတ္ာ ေအမီကို အလြန္ ခ်စ္တာပါ”လို႔ ေျပာခဲ့ပါတယ္။ သူဟာ ဆိုင္းဘုတ္ အသုံးျပဳခြင့္ကို (၁) ႏွစ္ၾကာ ဝယ္ယူခဲ့ၿပီး တစ္လကို ေဒၚလာ (1,200)၊ ျမန္မာေငြ (၁၈) သိန္း ကုန္က်ခဲ့ပါတယ္။

(၁) ႏွစ္ၾကာဆိုေတာ့ ျမန္မာေငြ သိန္း (၂၀၀) ေက်ာ္ အသုံးျပဳၿပီး သူ႔ဇနီးကို ဘယ္ေလာက္ထိ ခ်စ္ေၾကာင္း ျပသခဲ့ပါတယ္။ သူက အစက ဆိုင္းဘုတ္မွာ ကုမၸဏီရဲ႕ ေၾကာျငာကို ေရးသားခဲ့ေပမဲ့လည္း ေနာက္ပိုင္းမွာ “ေအမီ၊ ငါ နင့္ကို ပိုခ်စ္တယ္”လို႔ ေျပာင္းေရးခဲ့ပါတယ္။

သူက “ဒါက အေသးအမႊားကိစၥပါ။ ကြၽန္ေတာ္တို႔ အခ်င္းအခ်င္း အၿမဲ ေျပာခဲ့ၾကပါတယ္။ တစ္ဦးက “ငါ နင့္ကို ခ်စ္တယ္” လို႔ ေျပာရင္ ေနာက္တစ္ဦးက ငါ နင့္ကို ပို ခ်စ္တယ္လို႔ အျပန္အလွန္ ေျပာၾကတာပါ” လို႔ MSN သတင္းက ေနာက္ကြယ္က ျဖစ္ရပ္မွန္ကို ေဖာ္ျပသြားပါတယ္။

Ko Khant ( D Nae Khit Media )