ရုပ်ရှင်ရိုက်ရင်းလေဖြန်းသွားတာတောင် မနားပဲဇာတ်ကားကိုပြီးဆုံးအောင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဝိုင်း

118

မကြာခင်မှာရုံတင်ပြသတော့မယ့် ” ပပဝတီစီရင်ခန်း ” ရုပ်ရှင်ဇာတ်ကားရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာဝိုင်းရဲ့ အလုပ်အပေါ်မှာသစ္စာ ရှိပုံကို ဖွေးဖွေးတစ်ယောက် အံ့သြဝမ်းနည်းဖြစ်ခဲ့ရပါတယ်။

ရုပ်ရှင်ရိုက်ကူးနေရင်းနဲ့ လေဖြန်းသွားတာတောင် နှစ်ရက်ပဲနားပြီး ဇာတ်ကားဆက်လက်ရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ ရိုက်ရက်တွေပြန်ပေးပါ့မယ်ဆိုတာတောင် အချိန်အကြာကြီးမယူပဲ ဇာတ်ကား ကိုပြီးဆုံးအောင်ဆက်ရိုက်ခဲ့ပါတယ်တဲ့။

ဒါရိုက်တာနေမကောင်းလို့ တစ်ရက်နားမယ်ဆိုပြီး ဖုန်းဝင်လာတဲ့အချိန်မှာ သူမအနေနဲ့ ရုတ်တရက် အံ့သြသွားပြီး အနည်းငယ် လည်းပျော်သွားတယ်လို့ဆိုပါတယ်။ ရုတ်တရက်လေဖြန်းသွာတယ်ဆိုတာ ကို သိလိုက်ရတဲ့အချိန်မှာတော့ စိတ်ပူပြီးဖုန်းခေါ်ပေ မယ့် မကိုင်ခဲ့ဘူးလို့ဆိုပါတယ်။

ဒီနောက်မှာတော့ လေဖြန်းထားလို့ ပါးအနည်းငယ်စောင်းနေရင်းနဲ့ပဲ ရိုက်ကွင်းမှာဆေးတွေလူးပြီး ပြီးဆုံးတဲ့အချိန်ထိ တာဝန်ယူပြီး ရိုက်ကူးသွားခဲ့တဲ့ ဒါရိုက်တာရဲ့စိတ်ဓာတ်ကတော့ လေးစားစရာပါပဲ။

ဒီဇာတ်ကားမှာလည်း ဇာတ်ဆောင်မင်းသမီးနှစ်ယောက်လုံးဟာ ကာရိုက်တာဝင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် လက်ဝါးချင်းရိုက်ပြီး အပြင်မှာပါမခေါ်မပြောပဲနေခဲ့တယ်ဆိုတဲ့ အကြောင်းကိုလည်း ဖွေးကပြောပြခဲ့ပါသေးတယ်။ ပါဝင်သူအားလုံးက အစွမ်းကုန်ကြိုးစားခဲ့တဲ့ ဒီဇာတ်ကားလေးရုံတင်ရင် ပရိသတ်ကြီးကလည်း ဝန်းရံပေးလိုက်ပါဦးနော်။

aungparsay

႐ုပ္ရွင္ရိုက္ရင္းေလျဖန္းသြားတာေတာင္ မနားပဲဇာတ္ကားကိုၿပီးဆုံးေအာင္ရိုက္ကူးခဲ့တဲ့ ဒါရိုက္တာဝိုင္း

မၾကာခင္မွာ႐ုံတင္ျပသေတာ့မယ့္ ” ပပဝတီစီရင္ခန္း ” ႐ုပ္ရွင္ဇာတ္ကားရဲ့ ပဲ့ကိုင္ရွင္ ဒါရိုက္တာဝိုင္းရဲ့ အလုပ္အေပၚမွာသစၥာ ရွိပုံကို ေဖြးေဖြးတစ္ေယာက္ အံ့ၾသဝမ္းနည္းျဖစ္ခဲ့ရပါတယ္။

႐ုပ္ရွင္ရိုက္ကူးေနရင္းနဲ႔ ေလျဖန္းသြားတာေတာင္ ႏွစ္ရက္ပဲနားၿပီး ဇာတ္ကားဆက္လက္ရိုက္ကူးခဲ့တယ္လို႔ဆိုပါတယ္။ ရိုက္ရက္ေတြျပန္ေပးပါ့မယ္ဆိုတာေတာင္ အခ်ိန္အၾကာႀကီးမယူပဲ ဇာတ္ကား ကိုၿပီးဆုံးေအာင္ဆက္ရိုက္ခဲ့ပါတယ္တဲ့။

ဒါရိုက္တာေနမေကာင္းလို႔ တစ္ရက္နားမယ္ဆိုၿပီး ဖုန္းဝင္လာတဲ့အခ်ိန္မွာ သူမအေနနဲ႔ ႐ုတ္တရက္ အံ့ၾသသြားၿပီး အနည္းငယ္ လည္းေပ်ာ္သြားတယ္လို႔ဆိုပါတယ္။

႐ုတ္တရက္ေလျဖန္းသြာတယ္ဆိုတာ ကို သိလိုက္ရတဲ့အခ်ိန္မွာေတာ့ စိတ္ပူၿပီးဖုန္းေခၚေပ မယ့္ မကိုင္ခဲ့ဘူးလို႔ဆိုပါတယ္။ ဒီေနာက္မွာေတာ့ ေလျဖန္းထားလို႔ ပါးအနည္းငယ္ေစာင္းေနရင္းနဲ႔ပဲ ရိုက္ကြင္းမွာေဆးေတြလူးၿပီး ၿပီးဆုံးတဲ့အခ်ိန္ထိ တာဝန္ယူၿပီး ရိုက္ကူးသြားခဲ့တဲ့ ဒါရိုက္တာရဲ့စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲ။

ဒီဇာတ္ကားမွာလည္း ဇာတ္ေဆာင္မင္းသမီးႏွစ္ေယာက္လုံးဟာ ကာရိုက္တာဝင္ဖို႔အတြက္ တစ္ေယာက္နဲ႔တစ္ေယာက္ လက္ဝါးခ်င္းရိုက္ၿပီး အျပင္မွာပါမေခၚမေျပာပဲေနခဲ့တယ္ဆိုတဲ့ အေၾကာင္းကိုလည္း ေဖြးကေျပာျပခဲ့ပါေသးတယ္။ ပါဝင္သူအားလုံးက အစြမ္းကုန္ႀကိဳးစားခဲ့တဲ့ ဒီဇာတ္ကားေလး႐ုံတင္ရင္ ပရိသတ္ႀကီးကလည္း ဝန္းရံေပးလိုက္ပါဦးေနာ္။

aungparsay