အမျိုးသမီးတွေကို ကိုယ်ဝန်ရအောင် အဓမ္မကျင့်ပြီး ကလေးတွေကို ကျွန်အဖြစ် ပြန်ရောင်းသူများ

414

ကလေးတစ်ဦးကို ကျွန်စျေးကွက်မှာ ပေါင်(၁၀၀၀)နဲ့ ရောင်းချနေတဲ့ ကျွန်ရောင်းကျွန်ဝယ် မှောင်ခိုလုပ်ငန်းတစ်ခုကို နိုင်ဂျီးရီးယားရဲတပ်ဖွဲ့က ဝင်ဖမ်းခဲ့ပါတယ်။ အဲဒီလုပ်ငန်းကို Baby Farm လို့ဖော်ပြထားတာဖြစ်ပြီး၊ ကလေးတွေကို တိရစ္ဆာန်မွေးမြူရေးလုပ်သလို စီးပွားဖြစ် မွေးမြူနေတဲ့သဘောဖြစ်ပါတယ်။

အဲဒီလုပ်ငန်းမှာ ပုံမှန် ကလေးမွေးပေးနေရတဲ့ အမျိုးသမီးငယ်များစွာကိုလည်း ရဲက ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးငယ်တွေအနက် (၁၉)ယောက်က ကိုယ်ဝန်ရှိနေပြီး၊ သူတို့မွေးတဲ့ ကလေးတွေဟာ ကျွန်စျေးကွက်မှာ ပြန်ရောင်းမှာပါ။ ကျွန်စနစ်ကို စတင်ခဲ့တဲ့ နိုင်ငံတွေက-

ကျွန်စနစ်ဖျက်သိမ်းခဲ့ပေမယ့်၊ အာဖရိကမှာတော့ ကိုယ့်လူမျိုးကိုယ် ကျွန်ဇာတ်ပြန်သွင်းနေတဲ့ မသမာသူလုပ်ငန်းရှင်တွေ ရှိနေပါတယ်။ အခုလုပ်ငန်းကလည်း ကလေးတွေကို မွေးမြူရေးလုပ်ငန်းကဲ့သို့ သဘောထားပြီး၊ စီးပွားဖြစ် မွေးမြူနေတာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့အဆိုအရ ယောက်ျားလေးတစ်ဦးဆိုရင် ပေါင်(၁၀၀၀) ပေါက်စျေးရှိပြီး၊ မိန်းကလေးတစ်ဦးမှာ ပေါင် (၇၀၀) စျေးရကြောင်း သိရပါတယ်။ ဒီ Baby Farm ဟာ Lagos မှာ တည်ရှိပြီး၊ ကျေးလက်က မိန်းကလေးငယ်တွေကို လစာကောင်းကောင်းပေးမယ်ဆိုပြီး လိမ်ညာဖမ်းဆီးထားပါတယ်။

 

သူတို့ကို အမျိုးသားတွေက အကြိမ်ကြိမ် အဓမ္မကျင့်ပြီး ဒါမှသာ လိုအပ်တဲ့ ကလေးအရေအတွက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှာလို့ ဆိုပါတယ်။ အတော်လေးကို ကြောက်စရာကောင်းတဲ့ အတ္တတွေကို မြင်တွေ့နေရပါတယ်။ တစ်ချို့ကလေးဆိုရင် လသားအရွယ်မှာကတည်းက ရောင်းစားတာကို ခံရပါတယ်။

ဒီလုပ်ငန်းကို လည်ပတ်နေတဲ့ အသက်(၄၀)(၅၄)အရွယ် အမျိုးသမီးနှစ်ဦးကို ရဲက ဖမ်းဆီးနိုင်ခဲ့ပြီး၊ အခြားတစ်ဦးကိုလည်း ဖမ်းဆီးနိုင်ရေး ကြိုးပန်းနေပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ ကျွန်လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဗလီတစ်ခုမှ ကလေး(၄၀၀) ကယ်တင်နိုင်ခဲ့ပါသေးတယ်။

လင်းဇော်ကို D Nae Khit Media

Zawgyi

ကေလးတစ္ဦးကို ကၽြန္ေစ်းကြက္မွာ ေပါင္(၁၀၀၀)နဲ႔ ေရာင္းခ်ေနတဲ့ ကၽြန္ေရာင္းကၽြန္ဝယ္ ေမွာင္ခုိလုပ္ငန္းတစ္ခုကုိ ႏုိင္ဂ်ီးရီးယားရဲတပ္ဖြဲ႕က ဝင္ဖမ္းခဲ့ပါတယ္။ အဲဒီလုပ္ငန္းကို Baby Farm လုိ႔ေဖာ္ျပထားတာျဖစ္ၿပီး၊ ကေလးေတြကို တိရစာၦန္ေမြးျမဴေရးလုပ္သလုိ စီးပြားျဖစ္ ေမြးျမဴေနတဲ့သေဘာျဖစ္ပါတယ္။

အဲဒီလုပ္ငန္းမွာ ပုံမွန္ ကေလးေမြးေပးေနရတဲ့ အမ်ိဳးသမီးငယ္မ်ားစြာကိုလည္း ရဲက ထိန္းသိမ္းႏုိင္ခဲ့ပါတယ္။ အဲဒီအမ်ိဳးသမီးငယ္ေတြအနက္ (၁၉)ေယာက္က ကုိယ္ဝန္ရွိေနၿပီး၊ သူတုိ႔ေမြးတဲ့ ကေလးေတြဟာ ကၽြန္ေစ်းကြက္မွာ ျပန္ေရာင္းမွာပါ။ ကၽြန္စနစ္ကုိ စတင္ခဲ့တဲ့ ႏုိင္ငံေတြက-

 

ကၽြန္စနစ္ဖ်က္သိမ္းခဲ့ေပမယ့္၊ အာဖရိကမွာေတာ့ ကိုယ့္လူမ်ိဳးကိုယ္ ကၽြန္ဇာတ္ျပန္သြင္းေနတဲ့ မသမာသူလုပ္ငန္းရွင္ေတြ ရွိေနပါတယ္။ အခုလုပ္ငန္းကလည္း ကေလးေတြကို ေမြးျမဴေရးလုပ္ငန္းကဲ့သုိ႔ သေဘာထားၿပီး၊ စီးပြားျဖစ္ ေမြးျမဴေနတာ ျဖစ္ပါတယ္။

 

ရဲတပ္ဖြဲ႕ရဲ႕အဆုိအရ ေယာက္်ားေလးတစ္ဦးဆုိရင္ ေပါင္(၁၀၀၀) ေပါက္ေစ်းရွိၿပီး၊ မိန္းကေလးတစ္ဦးမွာ ေပါင္ (၇၀၀) ေစ်းရေၾကာင္း သိရပါတယ္။ ဒီ Baby Farm ဟာ Lagos မွာ တည္ရွိၿပီး၊ ေက်းလက္က မိန္းကေလးငယ္ေတြကို လစာေကာင္းေကာင္းေပးမယ္ဆုိၿပီး လိမ္ညာဖမ္းဆီးထားပါတယ္။

သူတုိ႔ကို အမ်ိဳးသားေတြက အႀကိမ္ႀကိမ္ အဓမၼက်င့္ၿပီး ဒါမွသာ လုိအပ္တဲ့ ကေလးအေရအတြက္ကို ျပည့္မီေအာင္ ထုတ္လုပ္ႏုိင္မွာလုိ႔ ဆုိပါတယ္။ အေတာ္ေလးကို ေၾကာက္စရာေကာင္းတဲ့ အတၱေတြကို ျမင္ေတြ႕ေနရပါတယ္။ တစ္ခ်ိဳ႕ကေလးဆုိရင္ လသားအရြယ္မွာကတည္းက ေရာင္းစားတာကို ခံရပါတယ္။ဒီလုပ္ငန္းကို လည္ပတ္ေနတဲ့ အသက္(၄၀)(၅၄)အရြယ္ အမ်ိဳးသမီးႏွစ္ဦးကို ရဲက ဖမ္းဆီးႏုိင္ခဲ့ၿပီး၊ အျခားတစ္ဦးကိုလည္း ဖမ္းဆီးနုိင္ေရး ႀကိဳးပန္းေနပါတယ္။ ၿပီးခဲ့တဲ့အပတ္ကပဲ ကၽြန္လုပ္ငန္းနဲ႔ ဆက္စပ္ေနတဲ့ ဗလီတစ္ခုမွ ကေလး(၄၀၀) ကယ္တင္ႏုိင္ခဲ့ပါေသးတယ္။

လင္းေဇာ္ကုိ D Nae Khit Media