ပေါတောတောနဲ့ ပျော်ပျော်နေတဲ့စုံတွဲများ အိမ်ထောင်မြဲလေ့ရှိဟု သုတေသနပညာရှင်ဆို

224

အမေရိကန် သုတေသနပညာရှင်တစ်ဦးရဲ့အဆိုမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်နေတတ်တဲ့ စုံတွဲတွေဟာ ချစ်သူသက်တမ်း ကြာရှည်ပြီး၊ အိမ်ထောင်မြဲလေ့ရှိကြောင်း ဆိုပါတယ်။ ပေါတော်တော်နေတာဟာ စိတ်ဖိအားကို လျှော့ပါးစေပြီး၊ တစ်ဖက်သားကို အပျော်တွေ ကူးစက်စေပါသတဲ့။

University of Kansas မှ သုတေသနပညာရှင် Jeffrey Hall က ဒီတွေ့ရှိချက်ကို ထုတ်ဖော်ခဲ့တာပါ။ သူ့ရဲ့အဆိုအရ အတူတူပျော်တဲ့စုံတွေ၊ တစ်ယောက်နဲ့တစ်ယောက် ဟာသအမျိုးမျိုးပြောပြီး အပြန်အလှန် နှစ်နှစ်ခြိုက်ခြိုက်ရယ်တဲ့ စုံတွဲတွေ၊ အချိန်အတူတူ ဖြုန်းတီးလေ့ရှိတဲ့ စုံတွဲတွေဟာ-

အချစ်ရေးသာယာလေ့ရှိပြီး၊ အိမ်ထောင်မြဲလေ့ရှိတယ်လို့ Hall က ဆိုပါတယ်။ သူဟာ ဒီအဖြေကို ထုတ်နိုင်ဖို့ နှစ်ပေါင်း(၃၀)အတွင်း လူပေါင်း(၁၅၀၀၀)ကျော်ကို လေ့လာမှုအကြိမ်ပေါင်း (၃၉)ကြိမ်အထိ ပြုလုပ်ကာ၊ လေ့လာခဲ့တာပါ။ မတူညီတဲ့ ချစ်သူစုံတွဲ အမျိုးမျိုးကိုလေ့လာခဲ့တာပါ။

Hall ရဲ့ တွေ့ရှိချက်ထဲမှာ ဟာသအမြင်ရှိတဲ့ ချစ်သူစုံတွဲတွေ၊ ဒါမှမဟုတ် နှစ်ယောက်စလုံးမဟုတ်တောင်မှ တစ်ယောက်မှာ ဟာသအမြင်ရှိနေတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင်ထားရတယ်ဆိုရင် အဲဒီစုံတွဲဟာ အချစ်ရေးခိုင်မာပြီး၊ အိမ်ထောင်ရေး တည်မြဲလေ့ရှိတယ်ဆိုတာ တွေ့ခဲ့ရကြောင်း ဆိုပါတယ်။

Hall က “အချစ်ရေး ခိုင်မြဲရခြင်းရဲ့ လျှို့ဝှက်ချက်ကို လေ့လာလိုက်တဲ့အခါ ဟာသပါဘဲ … ချစ်သူစုံတွဲတွေအချင်းချင်း အားရပါးရ ပြောပြီး အတူတကွ ရယ်မောကြတာမျိုး ပြောရရင် အတူတူ ရယ်မောကြလေ့ရှိကြသူတွေဟာ စိတ်အလွန်ချမ်းသာတဲ့ သူတွေပါ “လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အရေးကြီးတာ တစ်ခု ရှိပါသေးတယ်။ ဟာသကို ဟာသလို့မမြင်ဘဲ၊ ရယ်စရာကို ရယ်စရာလို့ မတွေးတတ်တဲ့ လက်တွဲဖော်ကြောင့် ဟာသတွေဟာ နာကျင်စရာဖြစ်သွားတတ်ပါတယ်။ တစ်စုံတစ်ယောက်ဟာ ရယ်စရာတွေ မပြောတတ်တောင် ဟာသကို အပြည့်အဝ ခံစားတတ်တဲ့ အသိဉာဏ် ရှိဖို့လည်း အရေးကြီးပါတယ်။

လင်းဇော်ကို

Zawgyi

အေမရိကန္ သုေတသနပညာရွင္တစ္ဦးရဲ႕အဆိုမွာေတာ့ ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ စုံတြဲေတြဟာ ခ်စ္သူသက္တမ္း ၾကာရွည္ၿပီး၊ အိမ္ေထာင္ၿမဲေလ့ရွိေၾကာင္း ဆုိပါတယ္။ ေပါေတာ္ေတာ္ေနတာဟာ စိတ္ဖိအားကို ေလွ်ာ့ပါးေစၿပီး၊ တစ္ဖက္သားကုိ အေပ်ာ္ေတြ ကူးစက္ေစပါသတဲ့။

University of Kansas မွ သုေတသနပညာရွင္ Jeffrey Hall က ဒီေတြ႕ရွိခ်က္ကုိ ထုတ္ေဖာ္ခဲ့တာပါ။ သူ႕ရဲ႕အဆုိအရ အတူတူေပ်ာ္တဲ့စုံေတြ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဟာသအမ်ိဳးမ်ိဳးေျပာၿပီး အျပန္အလွန္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ရယ္တဲ့ စုံတြဲေတြ၊ အခ်ိန္အတူတူ ျဖဳန္းတီးေလ့ရွိတဲ့ စုံတြဲေတြဟာ-

 

အခ်စ္ေရးသာယာေလ့ရွိၿပီး၊ အိမ္ေထာင္ၿမဲေလ့ရွိတယ္လုိ႔ Hall က ဆုိပါတယ္။ သူဟာ ဒီအေျဖကုိ ထုတ္ႏုိင္ဖုိ႔ ႏွစ္ေပါင္း(၃၀)အတြင္း လူေပါင္း(၁၅၀၀၀)ေက်ာ္ကုိ ေလ့လာမႈအႀကိမ္ေပါင္း (၃၉)ႀကိမ္အထိ ျပဳလုပ္ကာ၊ ေလ့လာခဲ့တာပါ။ မတူညီတဲ့ ခ်စ္သူစုံတြဲ အမ်ိဳးမ်ိဳးကိုေလ့လာခဲ့တာပါ။

 

Hall ရဲ႕ ေတြ႕ရွိခ်က္ထဲမွာ ဟာသအျမင္ရွိတဲ့ ခ်စ္သူစုံတြဲေတြ၊ ဒါမွမဟုတ္ ႏွစ္ေယာက္စလုံးမဟုတ္ေတာင္မွ တစ္ေယာက္မွာ ဟာသအျမင္ရွိေနတဲ့ ခ်စ္သူမ်ိဳးကို ပိုင္ဆုိင္ထားရတယ္ဆုိရင္ အဲဒီစုံတြဲဟာ အခ်စ္ေရးခုိင္မာၿပီး၊ အိမ္ေထာင္ေရး တည္ၿမဲေလ့ရွိတယ္ဆုိတာ ေတြ႕ခဲ့ရေၾကာင္း ဆုိပါတယ္။

 

Hall က “အခ်စ္ေရး ခုိင္ၿမဲရျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကုိ ေလ့လာလုိက္တဲ့အခါ ဟာသပါဘဲ … ခ်စ္သူစုံတြဲေတြအခ်င္းခ်င္း အားရပါးရ ေျပာၿပီး အတူတကြ ရယ္ေမာၾကတာမ်ိဳး ေျပာရရင္ အတူတူ ရယ္ေမာၾကေလ့ရွိၾကသူေတြဟာ စိတ္အလြန္ခ်မ္းသာတဲ့ သူေတြပါ “လုိ႔ ေျပာခဲ့ပါတယ္။

 

ဒါေပမယ့္ အေရးႀကီးတာ တစ္ခု ရွိပါေသးတယ္။ ဟာသကုိ ဟာသလုိ႔မျမင္ဘဲ၊ ရယ္စရာကုိ ရယ္စရာလုိ႔ မေတြးတတ္တဲ့ လက္တြဲေဖာ္ေၾကာင့္ ဟာသေတြဟာ နာက်င္စရာျဖစ္သြားတတ္ပါတယ္။ တစ္စုံတစ္ေယာက္ဟာ ရယ္စရာေတြ မေျပာတတ္ေတာင္ ဟာသကုိ အျပည့္အဝ ခံစားတတ္တဲ့ အသိဉာဏ္ ရွိဖုိ႔လည္း အေရးႀကီးပါတယ္။

လင္းေဇာ္ကို