“အချက်အလက်ပြည့်စုံစွာ ကြည့်ချင်တယ်ဆိုရင်တော့ သမိုင်းစာအုပ်တွေသာ ဖတ်ပါ” လူမင်းနဲ့ တွေ့ဆုံခြင်း

73

နာမည္ေက်ာ္ သ႐ုပ္ေဆာင္ လူမင္းနဲ႔ ေတြ႔ဆံုခိုက္ ေအာင္ဆန္း႐ုပ္ရွင္ စတင္႐ိုက္ကူးေတာ့မယ့္ အေၾကာင္းနဲ႔ ေဝဖန္မႈမ်ား ထြက္ေပၚလာတဲ့ အေၾကာင္းအရာမ်ားကို ေမးျမန္းထားပါတယ္။

Voice : ေအာင္ဆန္း႐ုပ္ရွင္စ႐ိုက္ေတာ့မယ္ဆိုေတာ့ ဘာေတြမ်ား စိုးရိမ္စိတ္ရွိေနလဲ။

LM : တစ္ေန႔တစ္ေန႔ကို ထမင္းစားခ်ိန္ ေရာက္လို႔ေရာက္မွန္းမသိဘူး။ လုပ္ေနတာပဲ။ အိပ္လိုက္ၿပီ၊ အိပ္ရာဝင္ၿပီဆိုရင္ အလုပ္ေတြ မၿပီးေသးပါလားဆိုတဲ့ စိတ္နဲ႔ ႏိုးလာတာနဲ႔ဟာ ငါ အမ်ားႀကီးလုပ္ရ ဦးမွာလားဆိုတဲ့ စိတ္နဲ႔ ႏိုးထတယ္။ အခုတစ္ေလာ ရက္ပိုင္းေတြက အဲဒီလိုခ်ည္းပဲ ျဖစ္ေနတယ္။ ဒါေပမဲ့ ကိုယ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ေတာ့ အိပ္ေပ်ာ္ေအာင္အိပ္တယ္။

Voice : ေအာင္ဆန္း႐ုပ္ရွင္ က ႐ုပ္ရွင္ရသဘက္ကိုပဲ ဆြဲေခၚသြားမွာလား။

LM : ႐ုပ္ရွင္အမ်ိဳးအစားကို ေျပာရင္ေတာ့ အတၳဳပၸတၱိလို႔ ေျပာလို႔ရတယ္။ ကၽြန္ေတာ္ဆိုလိုတာက သမိုင္းမွတ္တမ္းအခ်က္အလက္ႀကီးကို အခ်က္အလက္ျပည့္စံုစြာ ၾကည့္ခ်င္တယ္ဆိုရင္ေတာ့ သမိုင္းစာအုပ္ေတြသာဖတ္ပါ။ အတၳဳပၸတိၲ စာအုပ္ေတြသာဖတ္ပါ။ သတ္မွတ္ခ်က္ေတြ ရွိတယ္။ ဒီထဲမွာ ဝင္ေအာင္ျပရမွာ။

ေနာက္တစ္ခုက ဒီထဲက ဇာတ္ေကာင္ႀကီးကို သက္ဝင္လႈပ္ရွားစြာ သ႐ုပ္ေဆာင္ျပရမွာ ျဖစ္တဲ့အတြက္ ႐ုပ္ရွင္တစ္ကားၾကည့္သလို ဘာလို႔ ႐ုပ္ရွင္လို တင္ျပရမလဲဆိုလို႔ လူေတြရဲ႕ ႏွလံုးသားထဲမွာ စီးဝင္ႏိုင္တဲ့ အႏုပညာရပ္နဲ႔ တင္ျပခ်င္တာျဖစ္တဲ့အတြက္ ႐ုပ္ရွင္လို႔ သံုးႏႈန္းတာပါ။ ႐ုပ္ရွင္ကိုပဲကို ဇမ္းတင္ၿပီး တမင္ေျပာတာပါ။

Voice : ကိုလူမင္းက ဒါ႐ိုက္တာအျဖစ္ပဲပါမယ္ သိထားတယ္။ အခုေတာ့ ဗိုလ္မင္းေရာင္ ေနရာကေရာ ဘာလို႔ ပါျဖစ္သြားတာလဲ။

LM : သူက ဇာတ္ကားရဲ႕ အစေျခဆင္းအပိုင္းေလးပဲပါမွာ။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ဘိုးေဘးလည္း လုပ္ရမွာဆိုေတာ့ မင္းသားႀကီးတစ္ေယာက္လိုတယ္။ အဲေတာ့ ရွာၾကေတာ့ ကၽြန္ေတာ္ လံုးဝမပါခ်င္ဘူး။ ဒါ႐ိုက္တာပိုင္းကို အာ႐ံုေရာက္ေနတယ္။ ဒါ႐ိုက္တာအဖြဲ႔ဝင္ေတြကလည္း လုပ္ေစခ်င္တယ္။ ဒီလူဆိုရင္ မေျပးေတာ့ဘူး။ ခိုင္းလို႔လည္းရမယ္။

ကိုယ္လည္း ရာဇဝင္႐ုပ္နဲ႔လည္း လိုက္တယ္။ နည္းနည္းေလးပဲပါမယ္။ အေစာပိုင္းေလး အရင္႐ိုက္ထားလိုက္ရင္ ေနာက္ပိုင္းလည္း ပူစရာမလိုေတာ့ဘူး။ ေျမႇာက္ေပးတာလား၊ က်ပ္တာလားေတာ့ မသိဘူး။ ဒီအခန္းေလးနည္းနည္းနဲ႔ မင္းသားႀကီးတစ္ေယာက္ ကမ္းလွမ္းရဦးမယ္။ ကၽြန္ေတာ္ပဲ ပါလိုက္မယ္။ အမွတ္တရလည္း ျဖစ္သြားမယ္။ အဲဒါေၾကာင့္ ႐ိုက္ျဖစ္လိုက္တာပါ။

Voice : ေအာင္ဆန္း႐ုပ္ရွင္ကို ႐ိုက္မယ္ဆိုကတည္းက ေဝဖန္ၾကတာ အခုထိလည္း ရွိေနတုန္းပဲေနာ္။ မယံုၾကည္ၾကတဲ့သူေတြအေပၚ ဘာေျပာခ်င္လဲ။

LM : မယံုၾကည္တဲ့သူမ်ားမွာပါ။ ကၽြန္ေတာ္က ဒီကားကို႐ိုက္ဖို႔ တာဝန္ယူလိုက္တဲ့အခ်ိန္မွာ ဒီကားကိုၿပီးေအာင္ ဆံုးခန္းတိုင္ေအာင္ ေအာင္ျမင္ေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့ ယံုၾကည္ခ်က္ ကိုယ့္ဘာသာရွိတယ္။ ကၽြန္ေတာ့္ကို ကၽြန္ေတာ့္မွ မယံုၾကည္ရင္ ဒီေလာက္ႀကီးေလးတဲ့ တာဝန္ႀကီးကို လံုးဝမယူဘူး။

အဲဒါေၾကာင့္ တခ်ိဳ႕ကိစၥေတြကသာမန္အားျဖင့္ေတာ့ မွန္ပါတယ္။ ကၽြန္ေတာ့္ကို မယံုၾကည္ တဲ့သူေတြကို အျပစ္မျမင္ပါဘူး။ ေျပာစရာအေၾကာင္းလည္း မရွိဘူး။ အလုပ္ႀကီးက ႀကီးလြန္းတာကို။ ကၽြန္ေတာ့္ပံုစံနဲ႔ ကၽြန္ေတာ့္အေနအထားကို မယံုတာလည္းျဖစ္ပါတယ္။ သူတို႔တန္ဖိုးထားတဲ့အရာႀကီးတစ္ခု ပ်က္သြားမွာစိုးတယ္။

တန္ဖိုးေလ်ာ့သြားမွာ စိုးရိမ္ၾကလို႔ ဗိုလ္ခ်ဳပ္ကိုခ်စ္တဲ့စိတ္ေၾကာင့္ မယံုၾကည္တာလည္း ျဖစ္မွာပါ။ အဆိုးျမင္သက္သက္မဟုတ္ဘဲ အျပဳသေဘာ ခ်စ္ျခင္း မုန္းျခင္းၾကားေလးထဲကေန ကၽြန္ေတာ့္လုပ္ရပ္ကို တစ္ဆင့္ခ်င္း ၾကည့္ပါ၊ အလုပ္နဲ႔ တစ္ဆင့္ခ်င္း သက္ေသျပမယ္။ ခင္ညိဳညိဳသိမ့္

ယခုသတင္းကို  The Voice ခြင့္ျပဳခ်က္ျဖင္႔ေဖာ္ျပျခင္း ျဖစ္ပါသည္။

Unicode

နာမည်ကျော် သရုပ်ဆောင် လူမင်းနဲ့ တွေ့ဆုံခိုက် အောင်ဆန်းရုပ်ရှင် စတင်ရိုက်ကူးတော့မယ့် အကြောင်းနဲ့ ဝေဖန်မှုများ ထွက်ပေါ်လာတဲ့ အကြောင်းအရာများကို မေးမြန်းထားပါတယ်။

Voice : အောင်ဆန်းရုပ်ရှင်စရိုက်တော့မယ်ဆိုတော့ ဘာတွေများ စိုးရိမ်စိတ်ရှိနေလဲ။

LM : တစ်နေ့တစ်နေ့ကို ထမင်းစားချိန် ရောက်လို့ရောက်မှန်းမသိဘူး။ လုပ်နေတာပဲ။ အိပ်လိုက်ပြီ၊ အိပ်ရာဝင်ပြီဆိုရင် အလုပ်တွေ မပြီးသေးပါလားဆိုတဲ့ စိတ်နဲ့ နိုးလာတာနဲ့ဟာ ငါ အများကြီးလုပ်ရ ဦးမှာလားဆိုတဲ့ စိတ်နဲ့ နိုးထတယ်။ အခုတစ်လော ရက်ပိုင်းတွေက အဲဒီလိုချည်းပဲ ဖြစ်နေတယ်။ ဒါပေမဲ့ ကိုယ် နှစ်နှစ်ခြိုက်ခြိုက်တော့ အိပ်ပျော်အောင်အိပ်တယ်။

Voice : အောင်ဆန်းရုပ်ရှင် က ရုပ်ရှင်ရသဘက်ကိုပဲ ဆွဲခေါ်သွားမှာလား။

LM : ရုပ်ရှင်အမျိုးအစားကို ပြောရင်တော့ အတ္ထုပ္ပတ္တိလို့ ပြောလို့ရတယ်။ ကျွန်တော်ဆိုလိုတာက သမိုင်းမှတ်တမ်းအချက်အလက်ကြီးကို အချက်အလက်ပြည့်စုံစွာ ကြည့်ချင်တယ်ဆိုရင်တော့ သမိုင်းစာအုပ်တွေသာဖတ်ပါ။ အတ္ထုပ္ပတ္တိ စာအုပ်တွေသာဖတ်ပါ။ သတ်မှတ်ချက်တွေ ရှိတယ်။ ဒီထဲမှာ ဝင်အောင်ပြရမှာ။

နောက်တစ်ခုက ဒီထဲက ဇာတ်ကောင်ကြီးကို သက်ဝင်လှုပ်ရှားစွာ သရုပ်ဆောင်ပြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်တစ်ကားကြည့်သလို ဘာလို့ ရုပ်ရှင်လို တင်ပြရမလဲဆိုလို့ လူတွေရဲ့ နှလုံးသားထဲမှာ စီးဝင်နိုင်တဲ့ အနုပညာရပ်နဲ့ တင်ပြချင်တာဖြစ်တဲ့အတွက် ရုပ်ရှင်လို့ သုံးနှုန်းတာပါ။ ရုပ်ရှင်ကိုပဲကို ဇမ်းတင်ပြီး တမင်ပြောတာပါ။

Voice : ကိုလူမင်းက ဒါရိုက်တာအဖြစ်ပဲပါမယ် သိထားတယ်။ အခုတော့ ဗိုလ်မင်းရောင် နေရာကရော ဘာလို့ ပါဖြစ်သွားတာလဲ။

LM : သူက ဇာတ်ကားရဲ့ အစခြေဆင်းအပိုင်းလေးပဲပါမှာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘိုးဘေးလည်း လုပ်ရမှာဆိုတော့ မင်းသားကြီးတစ်ယောက်လိုတယ်။ အဲတော့ ရှာကြတော့ ကျွန်တော် လုံးဝမပါချင်ဘူး။ ဒါရိုက်တာပိုင်းကို အာရုံရောက်နေတယ်။ ဒါရိုက်တာအဖွဲ့ဝင်တွေကလည်း လုပ်စေချင်တယ်။ ဒီလူဆိုရင် မပြေးတော့ဘူး။ ခိုင်းလို့လည်းရမယ်။

ကိုယ်လည်း ရာဇဝင်ရုပ်နဲ့လည်း လိုက်တယ်။ နည်းနည်းလေးပဲပါမယ်။ အစောပိုင်းလေး အရင်ရိုက်ထားလိုက်ရင် နောက်ပိုင်းလည်း ပူစရာမလိုတော့ဘူး။ မြှောက်ပေးတာလား၊ ကျပ်တာလားတော့ မသိဘူး။ ဒီအခန်းလေးနည်းနည်းနဲ့ မင်းသားကြီးတစ်ယောက် ကမ်းလှမ်းရဦးမယ်။ ကျွန်တော်ပဲ ပါလိုက်မယ်။ အမှတ်တရလည်း ဖြစ်သွားမယ်။ အဲဒါကြောင့် ရိုက်ဖြစ်လိုက်တာပါ။

Voice : အောင်ဆန်းရုပ်ရှင်ကို ရိုက်မယ်ဆိုကတည်းက ဝေဖန်ကြတာ အခုထိလည်း ရှိနေတုန်းပဲနော်။ မယုံကြည်ကြတဲ့သူတွေအပေါ် ဘာပြောချင်လဲ။

LM : မယုံကြည်တဲ့သူများမှာပါ။ ကျွန်တော်က ဒီကားကိုရိုက်ဖို့ တာဝန်ယူလိုက်တဲ့အချိန်မှာ ဒီကားကိုပြီးအောင် ဆုံးခန်းတိုင်အောင် အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက် ကိုယ့်ဘာသာရှိတယ်။ ကျွန်တော့်ကို ကျွန်တော့်မှ မယုံကြည်ရင် ဒီလောက်ကြီးလေးတဲ့ တာဝန်ကြီးကို လုံးဝမယူဘူး။

အဲဒါကြောင့် တချို့ကိစ္စတွေကသာမန်အားဖြင့်တော့ မှန်ပါတယ်။ ကျွန်တော့်ကို မယုံကြည် တဲ့သူတွေကို အပြစ်မမြင်ပါဘူး။ ပြောစရာအကြောင်းလည်း မရှိဘူး။ အလုပ်ကြီးက ကြီးလွန်းတာကို။ ကျွန်တော့်ပုံစံနဲ့ ကျွန်တော့်အနေအထားကို မယုံတာလည်းဖြစ်ပါတယ်။ သူတို့တန်ဖိုးထားတဲ့အရာကြီးတစ်ခု ပျက်သွားမှာစိုးတယ်။

တန်ဖိုးလျော့သွားမှာ စိုးရိမ်ကြလို့ ဗိုလ်ချုပ်ကိုချစ်တဲ့စိတ်ကြောင့် မယုံကြည်တာလည်း ဖြစ်မှာပါ။ အဆိုးမြင်သက်သက်မဟုတ်ဘဲ အပြုသဘော ချစ်ခြင်း မုန်းခြင်းကြားလေးထဲကနေ ကျွန်တော့်လုပ်ရပ်ကို တစ်ဆင့်ချင်း ကြည့်ပါ၊ အလုပ်နဲ့ တစ်ဆင့်ချင်း သက်သေပြမယ်။ ခင်ညိုညိုသိမ့်

ယခုသတင်းကို  The Voice ခွင့်ပြုချက်ဖြင့်ဖော်ပြခြင်း ဖြစ်ပါသည်။