တစ်ပတ်စာ၇ရက်သားသမီးဟောစာတမ်း – 26.9.2019 မှ 2.10.2019 အထိ

358

တနဂၤေႏြ

ဒီကာလဟာ တိမ္ညိဳတိမ္မဲေတြကင္းစင္ေနတဲ့ေကာင္းကင္ယံနဲ႔တူပါတယ္။အရာရာအဆင္ေျပေျပေခ်ာေခ်ာ ေမြ႔ေမြ႕ႏွင့္မိမိစိတ္တိုင္းက်ျဖစ္လာတတ္ပါတယ္။အလုပ္အကိုင္ေတြေကာင္းမြန္စြာတုိးတတ္ေနတတ္ပါတယ္။ ယခင္ ျပႆနာမ်ားရွိရင္ အၿပီးသတ္ရွင္းလင္းနိုင္ပါလိမ့္မယ္။

ရင္းနွီးျမဳပ္နွံမႈေတြကေန ေသခ်ာေပါက္အျမတ္အစြန္းရလာပါ လိမ့္မယ္။ အဘက္ဘက္ကေငြ၀င္လာတတ္ပါတယ္။ အထူးသျဖင့္လူငယ္ေတြဆိုမိဘေတြဆီကအေထာက္အပံ့ရ လြယ္ေနတဲ့ေန႔ရက္ေတြပါပဲ။ေငြေၾကးစုေဆာင္းခ်င္သူမ်ားဒီကာလေတြမွာစတင္စုေဆာင္းလုိ႔ရပါတယ္။

အရင္ကတည္းကေပါင္းသင္းဆက္ဆံေရးေကာင္းမြန္သူမ်ား ေခါင္းေဆာင္အျဖစ္၊ဦးေဆာင္သူအျဖစ္ေနရာေပးျခင္းခံရတတ္ ပါတယ္။လံုလ၀ီရိယသာ စိုက္ထုတ္တဲ့သူေတြဆုိရင္ေတာ့ ပိုမိုအဆင္ေျပတုိးတတ္ႏုိင္ပါတယ္။ ဆုေၾကးရကိန္းေတြ ႀကံဳရတတ္ပါတယ္။ က်န္းမာေရးကေတာ့အညံ့မရွိ။

ေဒါင္ေဒါင္ျမည္က်န္းမာေရးေကာင္းေနမဲ့ကာလပါပဲ။ခ်စ္သူစံုတြဲ လက္ထက္ဖုိ႔ကိစၥေတြတုိင္ပင္ေဆြးေႏြးတာ၊ မိဘေတြကိုေျပာျပတာမ်ိဳးေတြေဆာင္ရြက္ႏုိင္ပါတယ္။ အိမ္ေထာင္ေရး ကေတာ့ ပံုမွန္ပါပဲ။ အညံ့မရွိေျပလည္ေနပါလိမ့္မယ္။ ပညာေရးကေတာ့အေပ်ာ္မက္ၿပီးစာကိုစိတ္၀င္မစားႏိုင္ျဖစ္ရ တတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/4/6

အထူးေဟာ စိတ္ခ်မ္းသာစရာေတြပဲႀကံဳေနရမည္။

ယၾတာ ခင္ပြန္းႀကီးဆယ္ပါးကိုရည္မွန္းၿပီးဘုရားမွာဆြမ္းကပ္ပါ။

တနလၤာ

ဒီကာလအတြင္း ကံၾကမၼာသည္အလြန္အားနည္းေနတာေတြ႔ရပါတယ္။ အဆင္မေျပေသာကိစၥေတြပဲစိုးမိုး ေနတတ္ပါတယ္။ လုပ္ငန္းခြင္အတြင္း အဘက္ဘက္ကဖရိုဖရဲျဖစ္သြားနိုင္ပါတယ္။ ဒီကာလမွာႀကံဳလာတဲ့ျပႆနာ ေတြရဲ့ အရင္းအျမစ္ကို ရွာေဖြၿပီး ေျဖရွင္းကိုင္တြယ္နိုင္မွပဲအဆင္ေျပတတ္ပါတယ္။

ခက္ခဲတဲ့အခ်ိန္ေတြကို ေက်ာ္ ျဖတ္ေနရခ်ိန္မွာ စိတ္ဓာတ္ၾကံ့ခိုင္သူေတြကေတာ့ အဆင္ေျပေပမဲ့ စိတ္ဓာတ္ေပ်ာ့ညံ့သူေတြကေတာ့ အေျပာမွား အလုပ္မွားေတြကိုလုပ္မိေနတတ္ပါတယ္။ မိမိကိုေပးအပ္တဲ့တာ၀န္ကိုပဲ ေက်ပြန္ေအာင္ထမ္းေဆာင္လုိက္ပါ။ သူ မ်ားကိစၥေတြ၀င္မပါလိုက္ပါနဲ႕။

သူမ်ားေတြက ငါ့အလုပ္ကိုခဏအစားထုိးလုပ္ေပးပါဆုိရင္ သတိထားပါ။ ျပႆနာ ကအဲဒါကစပါလိမ့္မယ္။တစ္ျခားသူမ်ားမွားေနရင္ေတာင္မွ မိမိကပံုႀကီးခ်ဲ႕ၿပီး ျပႆနာမရွာလုိက္ပါနဲ႔။ အေျဖပဲရွာ ေပးလုိက္ပါ။က်န္းမာေရးကေတာ့ ဂရုစုိက္ရတတ္ပါတယ္။ အထူးသျဖင့္အသားအေရနဲ႔ပက္သက္ၿပီးထိန္းသိမ္း တတ္ဖုိ႔လုိပါတယ္။

၀က္ျခံပုုန္းေတြထြက္လာတတ္ပါတယ္။အခ်စ္ေရးကံမေကာင္းေသးတဲ့ကာလပါပဲ။ အိမ္ေထာင္ ေရးကေတာ့လက္တြဲညီညီနဲ႔ေရွ႕ဆက္ႏိုင္ပါလိမ့္မယ္။ ပညာေရးမွာေတာ့ စာေတြကိုအေပၚယံေလာက္ပဲနားလည္မဲ့ ကာလပါပဲ။

အက်ိဳးေပးဂဏန္း 2/1/4

အထူးေဟာ ကံအားနည္းေနပါလိမ့္မယ္။

ယၾတာ အဆင္မေျပတဲ့ မိတ္ေဆြတစ္ဦးကို တစ္ခုခုဝယ္ေကၽြးလိုက္ပါ

အဂၤါ

ဒီကာလမွာအရာရာတုိင္းဟာ ပံုမွန္ပဲလည္ပတ္ေနပါလိမ့္မယ္။ ပိုၿပီးဆုိးသြားတာမ်ိဳးလဲ မရွိနုိင္သလုိထူးၿပီး ေကာင္းသြားတာမ်ိဳးလဲ မရွိႏုိင္ပါဘူး။ တစ္ခုေလးသတိထားရမွာက လူငယ္ပိုင္းေတြဆုိခ်မွတ္ထားတဲ့အလုပ္စည္း ကမ္း၊အိမ္စည္းကမ္း၊ေက်ာင္းစည္းကမ္းေတြကိုေက်ာ္ၿပီးလုပ္မိတတ္ပါတယ္။

စည္းကမ္းေဖာက္လုိ႔ေကာင္းလာစရာ မရွိပါဘူး။ေနာက္ၿပီးစပ္တူလုပ္ထားသူမ်ား၊ ရွယ္ယာ၀င္အခ်င္းခ်င္းစိတ္၀မ္းကြဲလြယ္ပါတယ္။ သူတစ္လူငါတစ္မင္း ျဖစ္ေနတတ္ပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့လဲ လည္ပတ္မႈအားနည္းပါတယ္။ ၀င္ေငြထြက္ေငြကိုထိန္းခ်ဳပ္ သံုးစြဲႏိုင္မွပဲအဆင္ေျပတုိးတတ္သြားႏိုင္ပါတယ္။

အလုပ္နဲ႔ပက္သက္ေသာ အကူအညီေကာင္းေတြကိုရလာတတ္ ပါတယ္။ အလုပ္ရွာေနသူမ်ားကေတာ့အလုပ္ရလြယ္ပါတယ္။ လူႀကီးသူမေတြရဲ့ ဂရုဏာကိုရရွိတတ္ပါတယ္။ စက္ ကားယႏၱရားနဲ႔ လုပ္ကိုင္ေနရသူေတြ ေျဖးေျဖးမွန္မွန္လုပ္ပါ။ အလ်င္လိုေလ ထိခုိက္မႈမ်ားေလဆိုတာသိထားပါ။

က်န္းမာေရးကေတာ့ ေဒါင္ေဒါင္ျမည္ေကာင္းေနတတ္ပါတယ္။ အခ်စ္ေရးကံေခေနတတ္ပါတယ္။ အိမ္ေထာင္ေရး မွာေတာ့ အိမ္ေထာင္ဘက္အေပၚသံသယေတြမ်ားေနတာမ်ိဳးရွိရင္ေလွ်ာ့ပါ။ ပညာေရးနယ္ပယ္ေကာင္းမြန္ေနတတ္ ပါတယ္။

အက်ိဳးေပးဂဏန္း 1/4/7

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ ေကာ္ရည္ေခါက္ဆြဲဘုရားကပ္လွဴလုိက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္း မိမိရဲ့ညံ့ေနတဲ့ကံေတြျပန္လည္ေကာင္းမြန္လာပါလိမ့္မယ္။အဘက္ဘက္ကေနအေျခအေန ေကာင္းေတြႀကံဳလာရတတ္ပါတယ္။စီးပြားေရးေတြထင္ထားသည္ထက္ပိုမိုတိုးတတ္လာလိမ့္မယ္။ ယခုႀကံဳေနရတဲ့ အခက္အခဲေတြကိုေကာင္းစြာကိုင္တြယ္ေျဖရွင္းနို္င္ပါလိမ့္မယ္။

လမ္းမွားေနသူေတာင္မွ လမ္းမွန္ေပၚေရာက္ၿပီး ေမွ်ာ္လင့္ထားသည္အတိုင္းအဆင္ေျပပါလိမ့္မယ္။ အရက္ျဖတ္ခ်င္သူမ်ား၊ေဆးျဖတ္ခ်င္သူမ်ားဒီကာလမွာစျဖတ္ ရင္အၿပီးတုိင္ျပတ္သြားတတ္ပါတယ္။အထက္လူႀကီးမ်ားရဲ့အသိအမွတ္ျပဳျခင္းေတြအားေပးျခင္းေတြကိုရရွိပါလိမ့္ မယ္။

ဆန္႔က်င္ဘက္လိင္ေတြရဲ့ အာရံုစိုက္ျခင္း၊အေလးဂရုျပဳျခင္းကိုခံရတတ္ပါတယ္။ ေငြေၾကးအသံုးအစြဲက်စ္လစ္ သူေတြကေတာ့ ေငြအပိုအလွ်ံထြက္လာတတ္ပါတယ္။ ေငြကံေကာင္းေနတဲ့ကာလေတြျဖစ္တာေၾကာင့္ ထီ၀ါသနာ ပါသူမ်ားလဲထီကံစမ္းလုိ႔ေကာင္းပါတယ္။ ဘာလုပ္လုပ္ ခႏၶာကိုယ္ကိုထိခိုက္ေအာင္မလုပ္မိပါေစနဲ႔။

အနားယူခ်ိန္ကို သတ္မွတ္ၿပီးနားပါ။ က်န္းမာေရးအရမ္းညံ့ေနတာမ်ိဳးမေတြ႔ပါဘူး။ အခ်စ္ေရးမွာေတာ့ ခ်စ္ရသူကမိမိကိုအခ်စ္ေတြ ပိုလာပါလိမ့္မယ္။ အိမ္ေထာင္ေရးသာယာေပ်ာ္ရႊင္ရလိမ့္မယ္။ ပညာေရးကေတာ့စီးပြားေရးနဲ႔ပက္သက္တဲ့ပညာ ေတြရလိမ့္မယ္။

အက်ိဳးေပးဂဏန္း 8/7/0

အထူးေဟာ အခြင့္အလမ္းေတြရလာမဲ့ကာလပါပဲ။

ယၾတာ အိမ္ေရွ႕လမ္းကိုသန္႔ရွင္းေရးလုပ္ပါ။ တံျမက္စည္းလွည္းက်င္းပါ။

ၾကာသပေတး

စိတ္ပူစရာေတြမ်ားေနတတ္ပါတယ္။အဓိကေတာ့အရြယ္ေရာက္ၿပီးတဲ့သားသမီးရွိသူမ်ား သားသမီးအတြက္ ပူပန္ေနရတတ္ပါတယ္။ အသြားအလာမ်ားရတတ္ပါတယ္။ ထိုင္မေနရတတ္။ခရီးတိုေလးေတြထြက္ဖုိ႔အေၾကာင္း ဖန္လာတတ္ပါတယ္။ အလုပ္ေတြအတြက္အခ်ိန္မေပးႏုိင္ဘဲ လူမႈေရးကိစၥေတြအတြက္အခ်ိ္န္ေပးေနရတဲ့ေန႔ရက္ ေတြျဖစ္ေနတတ္ပါတယ္။

ေငြေၾကးရင္းနွီးျမဳပ္နွံမႈေတြကိုု သတိထားေဆာင္ရြက္သင့္ပါတယ္။ ေငြကအ၀င္နည္းၿပီး အထြက္မ်ားေနတတ္ပါတယ္။က်နး္မာေရးမွာေတာ့ အနည္းငယ္အားနည္းပါတယ္။ အဓိကေတာ့ ေသြးေပါင္က် တာမ်ိဳးျဖစ္လြယ္ပါတယ္။ မိန္းကေလးေတြဓမၼတာနဲ႔ပက္သက္ေသာေရာဂါေတြရလြယ္ပါတယ္။

ဒီကာလမွာတစ္ခု သတိေပးခ်င္တာက စကားေျပာနည္းတာအေကာင္းဆံုးပါပဲ။ အသံေၾကာင့္ ဖားေသဆုိတာမ်ိဳးျဖစ္တတ္လုိ႔ပါ။ အဆင္မေျပခက္ခဲေနတဲ့ဆရာသမားေတြကိုကူညီေထာက္ပံ့ခြင့္ေတြရလာတတ္ပါတယ္။အခ်စ္ေရးမွာေတာ့သည္းခံ နိုင္မွေျပလည္ပါလိမ့္မယ္။ အိမ္ေထာင္ေရးအညံ့အဆုိးေတြကိုရင္ဆုိင္ရတတ္ပါတယ္။

ပညာေရးကံအထူးေကာင္း ေနမည္။စာေမးပြဲေတြ၊အင္တာဗ်ဴးေတြရလဒ္ေကာင္းေနတတ္ပါတယ္။

အက်ိဳးေပးဂဏန္း 3/6/9

အထူးေဟာ အလုပ္မ်ားေနမည္။

ယၾတာ နီးစပ္ရာေစတီရဲ့ေမြးနံေထာင့္မွာ ဘုရားရွင္အားေရသပၸယ္ပါ။

ေသာၾကာ

ဒီကာလအတြင္းကုသိုလ္ကံကတိုးတတ္ျခင္းမရွိေသးပါဘူး။ အလုပ္ေတြကို ဆင္ကန္းေတာတိုးေလွ်ာက္ မလုပ္လုိက္ပါနဲ႔။ အမွားမွားအယြင္းယြင္းနဲ႔ ပိုဆုိးသြားတတ္လုိ႔ပါပဲ။ အေရးႀကီးတဲ့ပစၥည္းေတြ အသိမ္းလြန္ၿပီးျပန္ရွာ ရခက္ခဲေနတတ္ပါတယ္။ စာရင္းဇယားနဲ႔လုပ္ကို္င္ရသူမ်ား ေသခ်ာအေခ်ာသတ္စစ္ၿပီးမွ တင္ျပတာမ်ိဳးလုပ္ေစခ်င္ ပါတယ္။

ေငြကေတာ့ပံုမွန္၀င္ေနပါလိမ့္မယ္။ ဒါကိုအားမရဘဲ တစ္ပြဲထုိးအေနနဲ႔ ေလာင္းကစားသြားလုပ္မိတယ္ ဆိုရင္ေတာ့ ဒုကၡေတြပိုလာပါလိမ့္မယ္။ ရတာနဲ႔ေရာင့္ရဲတာကေတာ့ ဒီကာလမွာအေကာင္းဆံုးပါပဲ။ လူအမ်ားနဲ႔ အလုိက္သင့္ဆက္ဆံတတ္သူေတြကေတာ့ အခက္အခဲနည္းပါလိမ့္မယ္။

အမွားတစ္ခုလုပ္မိၿပီဆုိတာနဲ႔ခ်က္ခ်င္းျပန္ လည္ေျဖရွင္းလုိက္ပါ။အမွားက ျပင္မရတဲ့အမွားျဖစ္သြားတတ္လုိ႔ပါ။ က်နး္မာေရးကေတာ့ လူငယ္ေတြလူလတ္ပိုင္း ေတြအညံ့နည္းပါတယ္။ အသက္အရြယ္ႀကီးရင့္သူေတြနာမက်န္္းျဖစ္ရင္ေတာ့ ခ်က္ခ်င္းေသခ်ာကုသမႈခံယူပါ။

အခ်စ္ေရးမွာေတာ့ အညံ့အဆုိးနည္းေပမဲ့ ကို္ယ့္အလုပ္နဲ႔ကို သူကိုလဲဂရုမစိုက္နို္င္ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ ေရးကေတာ့ အဆင္ေျပသာယာပါလိမ့္မယ္။ ပညာေရးမွာေတာ့ ႀကိဳးစားမႈေတြကအရာမေရာက္သလုိျဖစ္ေနမည္။

အက်ိဳးေပးဂဏန္း 2/5/9

အထူးေဟာ စိတ္္ပင္ပန္းရမည္။

ယၾတာ သေျပပန္းဘုရားကပ္လွဴဆုေတာင္းပါ။

စေန

ဒီကာလအတြင္း အဆင္ေျပျခင္း၊တုိးတတ္ျခင္းေတြရွိပါလိမ့္မယ္။ အဆင္ေျပမႈေတြကုိ ပိုမိုရွင္သန္ေအာင္ လုပ္ဖုိ႔ကမိမိတာ၀န္ပါ။ တရားေန႔စဥ္ရႈမွတ္ေနသူမ်ား အားရစရာေကာင္းေအာင္ ဥာဏ္စဥ္ေတြတတ္ပါလိမ့္မယ္။ ေလာကီထက္ ေလာကုတၱရာကံအေျခအေနကပိုျမင့္မားေနတတ္ပါတယ္။

မိမိ၀န္ထမ္းေတြရဲ့စြမ္းေဆာင္ရည္ ေၾကာင့္လဲအလုပ္ေတြပိုမိုတိုးတတ္ရပါလိမ့္မယ္။ အသိအမွတ္ျပဳေပးဖို႔ေတာ့လုိပါတယ္။ မိမိအဆင္ေျပေနတာေတြ ကမိမိတစ္ေယာက္ထဲရဲ့စြမ္းေဆာင္ရည္ေၾကာင့္ျဖစ္တာမ်ိဳးမဟုတ္ပါ။ အလုပ္သစ္ရွာေဖြျခင္းမ်ား၊အိုးအိမ္သစ္မွာ စတင္ေနထိုင္ျခင္မ်ားလဲ ဒီကာလမွာေဆာင္ရြက္ႏိုင္ပါတယ္။

ရပ္ေ၀းကသားသမီးေတြဆီကေန အေထာက္အပံ့ေတြ ရလာတတ္ပါတယ္။ ႏုိင္ငံျခားစာေမးပြဲမ်ား၊အင္တာဗ်ဴးမ်ားေျဖဆိုေအာင္ျမင္တတ္ပါတယ္။ စပ္တူလုပ္ငန္းမ်ားအတြဲ ညီညီနဲ႔ ေရွ႕ဆက္လုပ္ကိုင္ႏုိင္ပါလိမ့္မယ္။ က်န္းမာေရးကေတာ့အလြန္ေကာင္းပါတယ္။ စား၀င္အိပ္ေပ်ာ္ၿပီးေနသာ ထုိင္သာရွိပါလိမ့္မယ္။

အခ်စ္ေရးကေတာ့ ပန္းခင္းေသာလမ္းမဟုတ္ပါဘူး။ အိမ္ေထာင္ေရးကိစၥေတြမွာေတာ့မိမိ ရဲ့သေဘာထားႀကီးမႈေၾကာင့္အဆင္ေျပပါလိမ့္မယ္။ ရပ္ေ၀းသြားၿပီးပညာရွာလို႔ေကာင္းတဲ့ကာလပါပဲ။

အက်ိဳးေပးဂဏန္း 1/3/7

အထူးေဟာ ကံျမင့္မားေနမည္။

ယၾတာ ထိုးမုန္႔ဘုရားကပ္လွဴၿပီးလုိရာဆုေတာင္းပါ။

၇ရက္သားသမီးအေပါင္း ေကာင္းေသာလုိအင္ဆႏၵေတြျပည့္၀ပါေစ

ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ) 0977 5555 69 / 09 44 5555 695

Unicode

တနင်္ဂနွေ

ဒီကာလဟာ တိမ်ညိုတိမ်မဲတွေကင်းစင်နေတဲ့ကောင်းကင်ယံနဲ့တူပါတယ်။အရာရာအဆင်ပြေပြေချောချော မွေ့မွေ့နှင့်မိမိစိတ်တိုင်းကျဖြစ်လာတတ်ပါတယ်။အလုပ်အကိုင်တွေကောင်းမွန်စွာတိုးတတ်နေတတ်ပါတယ်။ ယခင် ပြဿနာများရှိရင် အပြီးသတ်ရှင်းလင်းနိုင်ပါလိမ့်မယ်။

ရင်းနှီးမြုပ်နှံမှုတွေကနေ သေချာပေါက်အမြတ်အစွန်းရလာပါ လိမ့်မယ်။ အဘက်ဘက်ကငွေဝင်လာတတ်ပါတယ်။ အထူးသဖြင့်လူငယ်တွေဆိုမိဘတွေဆီကအထောက်အပံ့ရ လွယ်နေတဲ့နေ့ရက်တွေပါပဲ။ငွေကြေးစုဆောင်းချင်သူများဒီကာလတွေမှာစတင်စုဆောင်းလို့ရပါတယ်။

အရင်ကတည်းကပေါင်းသင်းဆက်ဆံရေးကောင်းမွန်သူများ ခေါင်းဆောင်အဖြစ်၊ဦးဆောင်သူအဖြစ်နေရာပေးခြင်းခံရတတ် ပါတယ်။လုံလဝီရိယသာ စိုက်ထုတ်တဲ့သူတွေဆိုရင်တော့ ပိုမိုအဆင်ပြေတိုးတတ်နိုင်ပါတယ်။ ဆုကြေးရကိန်းတွေ ကြုံရတတ်ပါတယ်။ ကျန်းမာရေးကတော့အညံ့မရှိ။

ဒေါင်ဒေါင်မြည်ကျန်းမာရေးကောင်းနေမဲ့ကာလပါပဲ။ချစ်သူစုံတွဲ လက်ထက်ဖို့ကိစ္စတွေတိုင်ပင်ဆွေးနွေးတာ၊ မိဘတွေကိုပြောပြတာမျိုးတွေဆောင်ရွက်နိုင်ပါတယ်။ အိမ်ထောင်ရေး ကတော့ ပုံမှန်ပါပဲ။ အညံ့မရှိပြေလည်နေပါလိမ့်မယ်။ ပညာရေးကတော့အပျော်မက်ပြီးစာကိုစိတ်ဝင်မစားနိုင်ဖြစ်ရ တတ်ပါတယ်။

အကျိုးပေးဂဏန်း 3/4/6

အထူးဟော စိတ်ချမ်းသာစရာတွေပဲကြုံနေရမည်။

ယတြာ ခင်ပွန်းကြီးဆယ်ပါးကိုရည်မှန်းပြီးဘုရားမှာဆွမ်းကပ်ပါ။

တနင်္လာ

ဒီကာလအတွင်း ကံကြမ္မာသည်အလွန်အားနည်းနေတာတွေ့ရပါတယ်။ အဆင်မပြေသောကိစ္စတွေပဲစိုးမိုး နေတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အဘက်ဘက်ကဖရိုဖရဲဖြစ်သွားနိုင်ပါတယ်။ ဒီကာလမှာကြုံလာတဲ့ပြဿနာ တွေရဲ့ အရင်းအမြစ်ကို ရှာဖွေပြီး ဖြေရှင်းကိုင်တွယ်နိုင်မှပဲအဆင်ပြေတတ်ပါတယ်။

ခက်ခဲတဲ့အချိန်တွေကို ကျော် ဖြတ်နေရချိန်မှာ စိတ်ဓာတ်ကြံ့ခိုင်သူတွေကတော့ အဆင်ပြေပေမဲ့ စိတ်ဓာတ်ပျော့ညံ့သူတွေကတော့ အပြောမှား အလုပ်မှားတွေကိုလုပ်မိနေတတ်ပါတယ်။ မိမိကိုပေးအပ်တဲ့တာဝန်ကိုပဲ ကျေပွန်အောင်ထမ်းဆောင်လိုက်ပါ။ သူ များကိစ္စတွေဝင်မပါလိုက်ပါနဲ့။

သူများတွေက ငါ့အလုပ်ကိုခဏအစားထိုးလုပ်ပေးပါဆိုရင် သတိထားပါ။ ပြဿနာ ကအဲဒါကစပါလိမ့်မယ်။တစ်ခြားသူများမှားနေရင်တောင်မှ မိမိကပုံကြီးချဲ့ပြီး ပြဿနာမရှာလိုက်ပါနဲ့။ အဖြေပဲရှာ ပေးလိုက်ပါ။ကျန်းမာရေးကတော့ ဂရုစိုက်ရတတ်ပါတယ်။ အထူးသဖြင့်အသားအရေနဲ့ပက်သက်ပြီးထိန်းသိမ်း တတ်ဖို့လိုပါတယ်။

ဝက်ခြံပုန်းတွေထွက်လာတတ်ပါတယ်။အချစ်ရေးကံမကောင်းသေးတဲ့ကာလပါပဲ။ အိမ်ထောင် ရေးကတော့လက်တွဲညီညီနဲ့ရှေ့ဆက်နိုင်ပါလိမ့်မယ်။ ပညာရေးမှာတော့ စာတွေကိုအပေါ်ယံလောက်ပဲနားလည်မဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း 2/1/4

အထူးဟော ကံအားနည်းနေပါလိမ့်မယ်။

ယတြာ အဆင်မပြေတဲ့ မိတ်ဆွေတစ်ဦးကို တစ်ခုခုဝယ်ကျွေးလိုက်ပါ

အင်္ဂါ

ဒီကာလမှာအရာရာတိုင်းဟာ ပုံမှန်ပဲလည်ပတ်နေပါလိမ့်မယ်။ ပိုပြီးဆိုးသွားတာမျိုးလဲ မရှိနိုင်သလိုထူးပြီး ကောင်းသွားတာမျိုးလဲ မရှိနိုင်ပါဘူး။ တစ်ခုလေးသတိထားရမှာက လူငယ်ပိုင်းတွေဆိုချမှတ်ထားတဲ့အလုပ်စည်း ကမ်း၊အိမ်စည်းကမ်း၊ကျောင်းစည်းကမ်းတွေကိုကျော်ပြီးလုပ်မိတတ်ပါတယ်။

စည်းကမ်းဖောက်လို့ကောင်းလာစရာ မရှိပါဘူး။နောက်ပြီးစပ်တူလုပ်ထားသူများ၊ ရှယ်ယာဝင်အချင်းချင်းစိတ်ဝမ်းကွဲလွယ်ပါတယ်။ သူတစ်လူငါတစ်မင်း ဖြစ်နေတတ်ပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီးတော့လဲ လည်ပတ်မှုအားနည်းပါတယ်။ ဝင်ငွေထွက်ငွေကိုထိန်းချုပ် သုံးစွဲနိုင်မှပဲအဆင်ပြေတိုးတတ်သွားနိုင်ပါတယ်။

အလုပ်နဲ့ပက်သက်သော အကူအညီကောင်းတွေကိုရလာတတ် ပါတယ်။ အလုပ်ရှာနေသူများကတော့အလုပ်ရလွယ်ပါတယ်။ လူကြီးသူမတွေရဲ့ ဂရုဏာကိုရရှိတတ်ပါတယ်။ စက် ကားယန္တရားနဲ့ လုပ်ကိုင်နေရသူတွေ ဖြေးဖြေးမှန်မှန်လုပ်ပါ။ အလျင်လိုလေ ထိခိုက်မှုများလေဆိုတာသိထားပါ။

ကျန်းမာရေးကတော့ ဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။ အချစ်ရေးကံခေနေတတ်ပါတယ်။ အိမ်ထောင်ရေး မှာတော့ အိမ်ထောင်ဘက်အပေါ်သံသယတွေများနေတာမျိုးရှိရင်လျှော့ပါ။ ပညာရေးနယ်ပယ်ကောင်းမွန်နေတတ် ပါတယ်။

အကျိုးပေးဂဏန်း 1/4/7

အထူးဟော ကံသင့်ပါတယ်။

ယတြာ ကော်ရည်ခေါက်ဆွဲဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း မိမိရဲ့ညံ့နေတဲ့ကံတွေပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။အဘက်ဘက်ကနေအခြေအနေ ကောင်းတွေကြုံလာရတတ်ပါတယ်။စီးပွားရေးတွေထင်ထားသည်ထက်ပိုမိုတိုးတတ်လာလိမ့်မယ်။ ယခုကြုံနေရတဲ့ အခက်အခဲတွေကိုကောင်းစွာကိုင်တွယ်ဖြေရှင်းနိ်ုင်ပါလိမ့်မယ်။

လမ်းမှားနေသူတောင်မှ လမ်းမှန်ပေါ်ရောက်ပြီး မျှော်လင့်ထားသည်အတိုင်းအဆင်ပြေပါလိမ့်မယ်။ အရက်ဖြတ်ချင်သူများ၊ဆေးဖြတ်ချင်သူများဒီကာလမှာစဖြတ် ရင်အပြီးတိုင်ပြတ်သွားတတ်ပါတယ်။အထက်လူကြီးများရဲ့အသိအမှတ်ပြုခြင်းတွေအားပေးခြင်းတွေကိုရရှိပါလိမ့် မယ်။

ဆန့်ကျင်ဘက်လိင်တွေရဲ့ အာရုံစိုက်ခြင်း၊အလေးဂရုပြုခြင်းကိုခံရတတ်ပါတယ်။ ငွေကြေးအသုံးအစွဲကျစ်လစ် သူတွေကတော့ ငွေအပိုအလျှံထွက်လာတတ်ပါတယ်။ ငွေကံကောင်းနေတဲ့ကာလတွေဖြစ်တာကြောင့် ထီဝါသနာ ပါသူများလဲထီကံစမ်းလို့ကောင်းပါတယ်။ ဘာလုပ်လုပ် ခန္ဓာကိုယ်ကိုထိခိုက်အောင်မလုပ်မိပါစေနဲ့။

အနားယူချိန်ကို သတ်မှတ်ပြီးနားပါ။ ကျန်းမာရေးအရမ်းညံ့နေတာမျိုးမတွေ့ပါဘူး။ အချစ်ရေးမှာတော့ ချစ်ရသူကမိမိကိုအချစ်တွေ ပိုလာပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာပျော်ရွှင်ရလိမ့်မယ်။ ပညာရေးကတော့စီးပွားရေးနဲ့ပက်သက်တဲ့ပညာ တွေရလိမ့်မယ်။

အကျိုးပေးဂဏန်း 8/7/0

အထူးဟော အခွင့်အလမ်းတွေရလာမဲ့ကာလပါပဲ။

ယတြာ အိမ်ရှေ့လမ်းကိုသန့်ရှင်းရေးလုပ်ပါ။ တံမြက်စည်းလှည်းကျင်းပါ။

ကြာသပတေး

စိတ်ပူစရာတွေများနေတတ်ပါတယ်။အဓိကတော့အရွယ်ရောက်ပြီးတဲ့သားသမီးရှိသူများ သားသမီးအတွက် ပူပန်နေရတတ်ပါတယ်။ အသွားအလာများရတတ်ပါတယ်။ ထိုင်မနေရတတ်။ခရီးတိုလေးတွေထွက်ဖို့အကြောင်း ဖန်လာတတ်ပါတယ်။ အလုပ်တွေအတွက်အချိန်မပေးနိုင်ဘဲ လူမှုရေးကိစ္စတွေအတွက်အချိ်န်ပေးနေရတဲ့နေ့ရက် တွေဖြစ်နေတတ်ပါတယ်။

ငွေကြေးရင်းနှီးမြုပ်နှံမှုတွေကို သတိထားဆောင်ရွက်သင့်ပါတယ်။ ငွေကအဝင်နည်းပြီး အထွက်များနေတတ်ပါတယ်။ကျနး်မာရေးမှာတော့ အနည်းငယ်အားနည်းပါတယ်။ အဓိကတော့ သွေးပေါင်ကျ တာမျိုးဖြစ်လွယ်ပါတယ်။ မိန်းကလေးတွေဓမ္မတာနဲ့ပက်သက်သောရောဂါတွေရလွယ်ပါတယ်။

ဒီကာလမှာတစ်ခု သတိပေးချင်တာက စကားပြောနည်းတာအကောင်းဆုံးပါပဲ။ အသံကြောင့် ဖားသေဆိုတာမျိုးဖြစ်တတ်လို့ပါ။ အဆင်မပြေခက်ခဲနေတဲ့ဆရာသမားတွေကိုကူညီထောက်ပံ့ခွင့်တွေရလာတတ်ပါတယ်။အချစ်ရေးမှာတော့သည်းခံ နိုင်မှပြေလည်ပါလိမ့်မယ်။ အိမ်ထောင်ရေးအညံ့အဆိုးတွေကိုရင်ဆိုင်ရတတ်ပါတယ်။

ပညာရေးကံအထူးကောင်း နေမည်။စာမေးပွဲတွေ၊အင်တာဗျူးတွေရလဒ်ကောင်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/6/9

အထူးဟော အလုပ်များနေမည်။

ယတြာ နီးစပ်ရာစေတီရဲ့မွေးနံထောင့်မှာ ဘုရားရှင်အားရေသပ္ပယ်ပါ။

သောကြာ

ဒီကာလအတွင်းကုသိုလ်ကံကတိုးတတ်ခြင်းမရှိသေးပါဘူး။ အလုပ်တွေကို ဆင်ကန်းတောတိုးလျှောက် မလုပ်လိုက်ပါနဲ့။ အမှားမှားအယွင်းယွင်းနဲ့ ပိုဆိုးသွားတတ်လို့ပါပဲ။ အရေးကြီးတဲ့ပစ္စည်းတွေ အသိမ်းလွန်ပြီးပြန်ရှာ ရခက်ခဲနေတတ်ပါတယ်။ စာရင်းဇယားနဲ့လုပ်ကိ်ုင်ရသူများ သေချာအချောသတ်စစ်ပြီးမှ တင်ပြတာမျိုးလုပ်စေချင် ပါတယ်။

ငွေကတော့ပုံမှန်ဝင်နေပါလိမ့်မယ်။ ဒါကိုအားမရဘဲ တစ်ပွဲထိုးအနေနဲ့ လောင်းကစားသွားလုပ်မိတယ် ဆိုရင်တော့ ဒုက္ခတွေပိုလာပါလိမ့်မယ်။ ရတာနဲ့ရောင့်ရဲတာကတော့ ဒီကာလမှာအကောင်းဆုံးပါပဲ။ လူအများနဲ့ အလိုက်သင့်ဆက်ဆံတတ်သူတွေကတော့ အခက်အခဲနည်းပါလိမ့်မယ်။

အမှားတစ်ခုလုပ်မိပြီဆိုတာနဲ့ချက်ချင်းပြန် လည်ဖြေရှင်းလိုက်ပါ။အမှားက ပြင်မရတဲ့အမှားဖြစ်သွားတတ်လို့ပါ။ ကျနး်မာရေးကတော့ လူငယ်တွေလူလတ်ပိုင်း တွေအညံ့နည်းပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေနာမကျန်းဖြစ်ရင်တော့ ချက်ချင်းသေချာကုသမှုခံယူပါ။

အချစ်ရေးမှာတော့ အညံ့အဆိုးနည်းပေမဲ့ ကိ်ုယ့်အလုပ်နဲ့ကို သူကိုလဲဂရုမစိုက်နိ်ုင်ဖြစ်ရတတ်ပါတယ်။ အိမ်ထောင် ရေးကတော့ အဆင်ပြေသာယာပါလိမ့်မယ်။ ပညာရေးမှာတော့ ကြိုးစားမှုတွေကအရာမရောက်သလိုဖြစ်နေမည်။

အကျိုးပေးဂဏန်း 2/5/9

အထူးဟော စိတ်ပင်ပန်းရမည်။

ယတြာ သပြေပန်းဘုရားကပ်လှူဆုတောင်းပါ။

စနေ

ဒီကာလအတွင်း အဆင်ပြေခြင်း၊တိုးတတ်ခြင်းတွေရှိပါလိမ့်မယ်။ အဆင်ပြေမှုတွေကို ပိုမိုရှင်သန်အောင် လုပ်ဖို့ကမိမိတာဝန်ပါ။ တရားနေ့စဉ်ရှုမှတ်နေသူများ အားရစရာကောင်းအောင် ဉာဏ်စဉ်တွေတတ်ပါလိမ့်မယ်။ လောကီထက် လောကုတ္တရာကံအခြေအနေကပိုမြင့်မားနေတတ်ပါတယ်။

မိမိဝန်ထမ်းတွေရဲ့စွမ်းဆောင်ရည် ကြောင့်လဲအလုပ်တွေပိုမိုတိုးတတ်ရပါလိမ့်မယ်။ အသိအမှတ်ပြုပေးဖို့တော့လိုပါတယ်။ မိမိအဆင်ပြေနေတာတွေ ကမိမိတစ်ယောက်ထဲရဲ့စွမ်းဆောင်ရည်ကြောင့်ဖြစ်တာမျိုးမဟုတ်ပါ။ အလုပ်သစ်ရှာဖွေခြင်းများ၊အိုးအိမ်သစ်မှာ စတင်နေထိုင်ခြင်များလဲ ဒီကာလမှာဆောင်ရွက်နိုင်ပါတယ်။

ရပ်ဝေးကသားသမီးတွေဆီကနေ အထောက်အပံ့တွေ ရလာတတ်ပါတယ်။ နိုင်ငံခြားစာမေးပွဲများ၊အင်တာဗျူးများဖြေဆိုအောင်မြင်တတ်ပါတယ်။ စပ်တူလုပ်ငန်းများအတွဲ ညီညီနဲ့ ရှေ့ဆက်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကတော့အလွန်ကောင်းပါတယ်။ စားဝင်အိပ်ပျော်ပြီးနေသာ ထိုင်သာရှိပါလိမ့်မယ်။

အချစ်ရေးကတော့ ပန်းခင်းသောလမ်းမဟုတ်ပါဘူး။ အိမ်ထောင်ရေးကိစ္စတွေမှာတော့မိမိ ရဲ့သဘောထားကြီးမှုကြောင့်အဆင်ပြေပါလိမ့်မယ်။ ရပ်ဝေးသွားပြီးပညာရှာလို့ကောင်းတဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း 1/3/7

အထူးဟော ကံမြင့်မားနေမည်။

ယတြာ ထိုးမုန့်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 69 / 09 44 5555 695