HIV ရွိေနတဲ့ခ်စ္သူကို သစၥာရွိရွိရဲရဲဝင့္ဝင့္ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးရဲ႕ အာဂသတၱိ

238
For illustration purposes only

လူတစ္ေယာက္မွာ လိင္ပိုင္းဆုိင္ရာ ကူးစက္ေရာဂါေတြထဲက အဆုိးဆုံး ေရာဂါတစ္ခုျဖစ္တဲ့ HIV ေရာဂါ ကူးစက္ခံထားရၿပီဆုိရင္ သာမန္အားျဖင့္ လူေတြက အဲဒီလူကို ေရွာင္တတ္ပါတယ္။ ဖက္လွဲတကင္း ေပြ႕ဖက္ႏႈတ္ဆက္ဖုိ႔ ေနေနသာသာ ေရတစ္ဘူးတည္းေတာင္ အတူတူ မေသာက္ခ်င္ၾကပါဘူး။

တကယ္ေတာ့ HIV က လိင္ကတစ္ဆင့္ အဓိက ကူးစက္တဲ့ေရာဂါျဖစ္တာေၾကာင့္ ေသြးခ်င္းမထိသေရြ႕ ကူးစက္ဖုိ႔ အင္မတန္အခြင့္အလန္း နည္းပါတယ္။ တံေထြး၊ ေခၽြးစသည္တုိ႔မွာ HIV ဗုိင္းရပ္ ပါဝင္မႈဟာ အလြန္နည္းပါတယ္။ HIV ျဖစ္ေနတဲ့ ခ်စ္သူကို ႏႈတ္ခမ္းခ်င္း နမ္းရင္ေတာင္မွ-

ျပင္းျပင္းထန္ထန္ ေသြးထြက္ေအာင္ မနမ္းဘူးဆုိရင္ HIV မကူးစက္ႏုိင္ဘူးလုိ႔ေတာင္ ဆရာဝန္ေတြက မွတ္ခ်က္ေပးပါတယ္။ လိင္ပုိင္းဆုိင္ရာ အဆက္အသြယ္မကင္းဘူးဆုိရင္လည္း အရည္အေသြးေကာင္းမြန္တဲ့ ကြန္ဒုံးလုိ အစြပ္မ်ိဳးသုံးသင့္ပါတယ္။ ဒါေပမယ့္ HIV ရွိေနသူတစ္ဦးနဲ႔ ျဖစ္ႏုိင္ရင္ လိင္ပုိင္းဆုိင္ရာ ကင္းရွင္းဖုိ႔ ေဒါက္တာေတြက အႀကံျပဳထားပါတယ္။။

အခုလည္း အမိ်ဳးသမီးတစ္ဦးဟာ ခ်စ္သူအမ်ိဳးသားမွာ HIV ရွိ္တယ္ဆုိတာ သိေပမယ့္၊ လက္ထပ္ခဲ့တာပါ။ အခုဆုိရင္ သူမတုိ႔ အိမ္ေထာင္ေရးဟာ (၆)ႏွစ္တာ ခရီးလမ္းကို ေလွ်ာက္လွမ္းလာခဲ့ပါၿပီ။ အဆုိပါ အမ်ိဳးသမီးဟာ တြစ္တာအေကာင့္  @Suamikuhivpoz ကို အသုံးျပဳပါတယ္။

” ဟုတ္ပါတယ္ … ကၽြန္မကေတာ့ အခုအခ်ိန္ထိ နဂၢတစ္ပါ … ခင္ပြန္းက ၿပီးခဲ့တဲ့ (၆)ႏွစ္ေလာက္ကတည္းက HIV ရွိေနပမယ့္ ကၽြန္မကေတာ့ အခုအခ်ိန္ထိ က်န္းက်န္းမာမာပါဘဲ … HAART treatment ကုိလည္း သူ ခံယူေနပါတယ္ .. ကၽြန္မတုိ႔က ေပ်ာ္ရႊင္တဲ့ စုံတြဲပါ”လုိ႔ ေရးထားပါတယ္။

@Suamikuhivpoz က HIV ရွိတဲ့လူေတြကုိ ခြဲျခားဆက္ဆံတာေတြ ရပ္တန္႔ဖုိ႔ ေတာင္းဆုိထားၿပီး၊ HIV ရွိသူေတြအေနနဲ႔ HAART treatment ကုထုံးကို ခံယူၾကဖုိ႔ သူမက တုိက္တြန္းထားပါတယ္။ HAART treatment ကုိ ခ်မ္းသာတဲ့ႏုိင္ငံေတြမွာေတာ့ အလကားနီးပါး အစုိးရက ေထာက္ပံ့ေပးေပမယ့္-

ဆင္းရဲတဲ့ႏုိင္ငံေတြမွာေတာ့ အလြန္ေစ်းႀကီးတဲ့ ပုံစံမ်ိဳးနဲ႔သာ ရႏုိင္တာလုိ႔ သိရပါတယ္။ တစ္ျခားကုထုံးကေတာ့ ART ကုထုံးျဖစ္ၿပီး၊ လူနာကုိယ္တုိင္က စိတ္ဓာတ္မက်ဘဲ ေဆးေတြပုံမွန္ေသာက္၊ အားရွိမယ့္အစားအစာေတြစား၊ က်န္းမာေအာင္ ဂ႐ုတစုိက္ေနပါက သက္တမ္းေစ့ေနႏုိင္ေၾကာင္း သိရါတယ္။

လင္းေဇာ္ကို D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

လူတစ်ယောက်မှာ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေထဲက အဆိုးဆုံး ရောဂါတစ်ခုဖြစ်တဲ့ HIV ရောဂါ ကူးစက်ခံထားရပြီဆိုရင် သာမန်အားဖြင့် လူတွေက အဲဒီလူကို ရှောင်တတ်ပါတယ်။ ဖက်လှဲတကင်း ပွေ့ဖက်နှုတ်ဆက်ဖို့ နေနေသာသာ ရေတစ်ဘူးတည်းတောင် အတူတူ မသောက်ချင်ကြပါဘူး။

တကယ်တော့ HIV က လိင်ကတစ်ဆင့် အဓိက ကူးစက်တဲ့ရောဂါဖြစ်တာကြောင့် သွေးချင်းမထိသရွေ့ ကူးစက်ဖို့ အင်မတန်အခွင့်အလန်း နည်းပါတယ်။ တံထွေး၊ ချွေးစသည်တို့မှာ HIV ဗိုင်းရပ် ပါဝင်မှုဟာ အလွန်နည်းပါတယ်။ HIV ဖြစ်နေတဲ့ ချစ်သူကို နှုတ်ခမ်းချင်း နမ်းရင်တောင်မှ-

ပြင်းပြင်းထန်ထန် သွေးထွက်အောင် မနမ်းဘူးဆိုရင် HIV မကူးစက်နိုင်ဘူးလို့တောင် ဆရာဝန်တွေက မှတ်ချက်ပေးပါတယ်။ လိင်ပိုင်းဆိုင်ရာ အဆက်အသွယ်မကင်းဘူးဆိုရင်လည်း အရည်အသွေးကောင်းမွန်တဲ့ ကွန်ဒုံးလို အစွပ်မျိုးသုံးသင့်ပါတယ်။ ဒါပေမယ့် HIV ရှိနေသူတစ်ဦးနဲ့ ဖြစ်နိုင်ရင် လိင်ပိုင်းဆိုင်ရာ ကင်းရှင်းဖို့ ဒေါက်တာတွေက အကြံပြုထားပါတယ်။။

အခုလည်း အမျိုးသမီးတစ်ဦးဟာ ချစ်သူအမျိုးသားမှာ HIV ရှိ်တယ်ဆိုတာ သိပေမယ့်၊ လက်ထပ်ခဲ့တာပါ။ အခုဆိုရင် သူမတို့ အိမ်ထောင်ရေးဟာ (၆)နှစ်တာ ခရီးလမ်းကို လျှောက်လှမ်းလာခဲ့ပါပြီ။ အဆိုပါ အမျိုးသမီးဟာ တွစ်တာအကောင့်  @Suamikuhivpoz ကို အသုံးပြုပါတယ်။

” ဟုတ်ပါတယ် … ကျွန်မကတော့ အခုအချိန်ထိ နဂ္ဂတစ်ပါ … ခင်ပွန်းက ပြီးခဲ့တဲ့ (၆)နှစ်လောက်ကတည်းက HIV ရှိနေပမယ့် ကျွန်မကတော့ အခုအချိန်ထိ ကျန်းကျန်းမာမာပါဘဲ … HAART treatment ကိုလည်း သူ ခံယူနေပါတယ် .. ကျွန်မတို့က ပျော်ရွှင်တဲ့ စုံတွဲပါ”လို့ ရေးထားပါတယ်။

@Suamikuhivpoz က HIV ရှိတဲ့လူတွေကို ခွဲခြားဆက်ဆံတာတွေ ရပ်တန့်ဖို့ တောင်းဆိုထားပြီး၊ HIV ရှိသူတွေအနေနဲ့ HAART treatment ကုထုံးကို ခံယူကြဖို့ သူမက တိုက်တွန်းထားပါတယ်။ HAART treatment ကို ချမ်းသာတဲ့နိုင်ငံတွေမှာတော့ အလကားနီးပါး အစိုးရက ထောက်ပံ့ပေးပေမယ့်-

ဆင်းရဲတဲ့နိုင်ငံတွေမှာတော့ အလွန်စျေးကြီးတဲ့ ပုံစံမျိုးနဲ့သာ ရနိုင်တာလို့ သိရပါတယ်။ တစ်ခြားကုထုံးကတော့ ART ကုထုံးဖြစ်ပြီး၊ လူနာကိုယ်တိုင်က စိတ်ဓာတ်မကျဘဲ ဆေးတွေပုံမှန်သောက်၊ အားရှိမယ့်အစားအစာတွေစား၊ ကျန်းမာအောင် ဂရုတစိုက်နေပါက သက်တမ်းစေ့နေနိုင်ကြောင်း သိရါတယ်။

လင်းဇော်ကို D Nae Khit Media