တစ်ပတ်စာဗေဒင် – နာမက္ခရအထူးဟောစာတမ်း . 23.9.2019 မှ 29.9.2019 အထိ

338

(အ၊အာ၊ဣ၊အိ၊အီ၊ဥ၊ဥူ၊ဧ၊သြ) စသည့် ”အ” အသံထွက်နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ဒီကာလမှာတော့ ဆွေမျိုးသားချင်းထဲက ကြီးသူတွေရဲ့ အလုပ်တွေကိုကူညီပေးဖြစ်ပါလိမ့်မယ်။ရာထူး တတ်တာမျိုးဒါမှမဟုတ် အလုပ်နဲ့ဆက်စပ်၍ပညာရတတ်ပါတယ်။ဖခင်ရဲ့ အလုပ်တွေတိုးတတ်တာကြောင့်မိသား စုပြေလည်မဲ့ကာလပါပဲ။

အဟောင်းများ၊ တစ်ပတ်ရစ်များ၊ အပေါင်ဆုံးပစ္စည်းများဝယ်ဖြစ်ပါလိမ့်မယ်။ ၀ယ်ရောင်း လုပ်မယ်ဆိုလဲ အဆင်ပြေမယ်။အကျိုးဆောင်အလုပ်များ၊ ပွဲစားအလုပ်များအဆင်ပြေတိုးတတ်နိုင်ပါတယ်။ ငွေ ကြေးလာဘ်လာဘရွှင်လန်းပါလိမ့်မယ်။မိသားစုစီးပွားရေးကြောင့်ပဲ မအားလပ်နိုင်အောင်ဖြစ်ရတတ်တဲ့ကာလပါပဲ။

ကျန်းမာရေးကတော့ အအေးမိတာမျိုးဖြစ်တတ်သလို၊မိန်းကလေးများမီးယပ်နှင့်ဆိုင်သောအဖျားအနာမျိုးဖြစ်တတ် ပါတယ်။အချစ်ရေးမှာတော့ အသက်ကြီးသူတွေရဲ့ချစ်မြတ်နိုးခြင်းကိုခံရတတ်ပါတယ်။ လက်တွဲတာကြာနေပြီဖြစ်တဲ့ ချစ်သူစုံတွဲများ ပြဿဟောင်းတွေပြန်ပေါ်ပြီးစကားများရတတ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက် ကမိမိကို မျက်စိအောက်က အပျောက်မခံနိုင်ဖြစ်တတ်ပါတယ်။ ချစ်တာထက် စိတ်မချတာကပိုများနေတတ်ပါ တယ်။မိမိက အနေအထိုင်မတည်ကြည်သူဆိုရင်ပိုဆိုးပါတယ်။ ပညာရေးကတော့ ဒီကာလဟာအစစအရာရာ ကောင်းမွန်နေပါလိမ့်မယ်။နိုင်ငံခြားဘာသာလေ့လာနေသူများပိုမိုတတ်လွယ်မည်။

ယတြာ တတ်နိုင်သလောက် ငှက်စာကျွေးပါ။

(က၊ခ၊ဂ၊ဃ၊င) နှင့်စတင်မှည့်ခေါ်ထားတဲ့ အမည်ပိုင်ရှင်များ

ဒီကာလမှာအလုပ်ခွင်ထဲမိမိရာထူးနဲ့မလိုက်တဲ့ တာဝန်ကြီးကြီးတွေယူရတတ်ပါတယ်။ငွေကြေးစီးပွားဟာ ဒီ ကာလမှာတိုးတတ်နိုင်ပါတယ်။မိမိကျွမ်းကျင်ပိုင်နိုင်သော မိမိလုပ်ချင်သောအလုပ်တွေလုပ်ခွင့်ရလာပါလိမ့်မယ်။စာ ချုပ်စာတန်းချုပ်ဆိုခြင်းများကတော့ သေချာစာချုပ်တွေကို စစ်ဆေးပါ။

စာချုပ်အတုတွေဖြစ်နေတတ်ပါတယ်။ကွန် ပျူနှင့်နည်းပညာပစ္စည်းများ ၀ယ်ဖြစ်တာကြောင့်ငွေကုန်ရတတ်ပါတယ်။ စိတ်ဝင်စားနေတဲ့ ကိစ္စတွေကို လက်တွေ့ ထိတွေ့လုပ်ကိုင်ခွင့်ရပါတယ်။ အပျော်အပါးတွေကြုံရတတ်ပါတယ်။ အပျော်လွန်တာမျိုးတော့ရှောင်လိုက်စေချင်ပါ တယ်။

စည်းကမ်းမရှိ၊အလုပ်နောက်ကျတဲ့ အောက်လက်ငယ်သားကြောင့် ဆူပူဆုံးမနေရတတ်ပါတယ်။ ကျန်းမာ ရေးကတော့ ၀မ်းချုပ်နှင့်ရင်ကြပ်ချောင်းဆိုးရောဂါတွေကိုသတိထားလိုက်ပါ။ မိတ်ကပ်အသစ်များ သတိထားလိမ်း ပါ။ မျက်နှာကိုအသားအရေးကိုဒုက္ခပေးတတ်တဲ့ကာလပါပဲ။

ချစ်သူနဲ့ဆက်ဆံရေးတင်းမားနေတတ်ပါတယ်။ ညှိနှိုင်း မရသောပြဿနာလေးတွေပေါ်လာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ရဲ့အပြောသန်၊အငြင်း သန်မှုကြောင့် စိတ်ညစ်စိတ်ရှုပ်နေရတတ်ပါတယ်။ ပညာရေးမှာတော့ ပညာသင်ယူဖို့ ပြင်ဆင်သင်တန်းအပ်ပြီးမှ မတတ်ဖြစ်တာမျိုးကြုံရတတ်ပါတယ်။

ယတြာ ရှေ့ဟောင်းဘုရားတစ်ဆူကိုသွားပြီး ၂၄ပစ္စည်းကိုသက်စေ့ရွတ်ပွားလိုက်ပါ။

(စ၊ဆ၊ဇ၊ဈ၊ည)နှင့် စတင်မှည်ခေါ်ထားသောအမည်ပိုင်ရှင်များ

ဒီကာလမှာတော့ ကိုယ်ဝယ်လှောင်ထားတဲ့ပစ္စည်းတွေဈေးကျသွားတာကြောင့်စိတ်ညစ်ရတတ်ပါတယ်။ စက်ကား၊ယန္တရားနှင့်ပက်သက်သောအလုပ်များအခက်အခဲများပါတယ်။နာမည်ကြီးထမင်းငတ်မဲ့နေ့ရက်တွေ ပါပဲ။ ဆရာမိဘတွေကူညီစောင့်ရှောက်မှုကြောင့်ပဲ စီးပွားရေးပြန်လည်တည့်မတ်လာပါလိမ့်မယ်။

သတ္ထုတွင်းတူးဖော်ရေး အလုပ်လုပ်ကိုင်သူတွေ၊ဆည်မြောင်းလမ်းတံတားအလုပ်လုပ်နေသူတွေ အထူးတိုးတတ်ပါလိမ့်မယ်။နိုင်ငံခြားနှင့် ဆက်စပ်လုပ်ကိုင်သောအလုပ်များမှဝင်ငွေတိုးတတ်လာပါလိမ့်မယ်။ ကျန်းမာရေးအထူးညံ့ဖျင်းနေတာကိုတော့ မတွေ့ရပါဘူး။

စားဝင်၊အိပ်ပျော်နေကောင်းပါလိမ့်မယ်။နိုင်ငံခြားသွားဖို့စောင့်ဆိုင်းနေသူများသတင်းကောင်းကြား ရတတ်ပါတယ်။ စိတ်ကူးထားသမျှအကြံကောင်းတွေကို အရာရာထုတ်မပြောသင့်ပါဘူး။ သူများကမိမိထက်ဦး အောင်လုပ်သွားတတ်ပါတယ်။အချစ်ရေးမှာတော့ ချစ်သူသက်တမ်းနည်းသေးသူများ ပြဿနာပေါင်းစုံတတ်ပါလိမ့် မယ်။

ချစ်သူသက်တမ်းကြာနေသူများလက်ထပ်ရန်အခွင့်အရေးကောင်းများပေါ်လာမည်။ အိမ်ထောင်ရေးက တော့ အိမ်ထောင်ဘက်ရော၊ကိုယ်ရော သွေးအေးနေတတ်ပါတယ်။ ပညာရေးမှာတွက်စာပိုမိုပိုင်နိုင်လာလိမ့်မယ်။

ယတြာ အိမ်ကဘုရားဆောင်ကိုသန့်ရှင်းရေးလုပ်ပါ။ဘုရားရှင်ကိုရေသပ္ပယ်ပါ။

(ယ၊ရ၊လ၊၀၊ဠ)နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ဒီကာလမှာတော့ အလုပ်များအင်တိုက်အားတိုက်နှင့်လုပ်နေရတတ်ပါတယ်။မိဘနှင့်ဆရာသမားတွေထံမှ အကူအညီမရနိုင်ပေမဲ့ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ပါလိမ့်မယ်။ဈေးသည်များ ဆိုင်များ အမြတ်အစွန်းနည်းနေတတ် ပါတယ်။ အဆင်ပြေပေမဲ့ ငွေအရနည်းတဲ့သဘောပါ။ လောင်းကစားသမားများသတိထားပါ။

အရှုံးများပြီး ဒုက္ခ ရောက်ရတတ်ပါတယ်။ အလုပ်သစ်လျှောက်သူများ အလုပ်ရဖို့လွယ်ကူနေမဲ့ကာလပါပဲ။ စက်ပစ္စည်းများဝယ်မယ် ဆိုရင်တော့ ဒီကာလကောင်းပါတယ်။မြေ၊ခြံ၊အိမ်ရောင်းချင်သူများ ဈေးကောင်းရဖို့ခက်ခဲတဲ့ကာလပါပဲ။ခရီးကိစ္စ တွေအဆင်ပြေလိမ့်မယ်။ ကုန်သွယ်စီးပွားနှင့်ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများအဆင်ပြေပါလိမ့်မယ်။

ကျန်းမာ ရေးကတော့ ဖျားနာတာမဖြစ်ဘဲ ၊ချော်လဲတာမျိုး၊ ထိခိုက်မှု၊သွေးထွက်သံယိုအသေးစားလေးတွေအလွန်ပဲဖြစ်ရ တတ်ပါတယ်။ အချစ်ရေးကအဆင်ပြေပါတယ်။ ဒါပေမဲ့ဆွေမျိုးတွေအနှောက်အယှက်တော့ရှိနေတာမျိုးတွေ့ ရပါတယ်။ အိမ်ထောင်ရေးမှာတော့ ငွေကြေးနဲ့ဆက်နွယ်ပြီး လင်မယားချင်းစကားများရတတ်ပါတယ်။ပညာရေး မှာတော့ ရုတ်တရက် ပညာရေးမှာအခက်အခဲပေါ်မည်။ ပညာရေးရပ်ဆိုင်းမှုတွေကြုံရမည်။

ယတြာ. ကိတ်မုန့်နဲ့ ကော်ဖီဘုရားကပ်လှူဆုတောင်းလိုက်ပါ။

(ပ၊ဖ၊ဗ၊ဘ၊မ) နှင့်စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ဒီကာလမှာလျှို့ဝှက်လုပ်ကိုင်ခြင်းများက ပိုမိုကောင်းမွန်ပါတယ်။ မိမိတို့ရဲ့သတင်းအချက်အလက်တွေ ပေါက်ကြားတတ်ပါတယ်။သတိထားရမဲ့အချက်ပါပဲ။အနုပညာအလုပ်များ၊ ခံစားပြီးလုပ်ရတဲ့အလုပ်များကပိုမို အဆင်ပြေတတ်ပါတယ်။ရပ်ဝေးကမိတ်ဆွေများ၊ နိုင်ငံခြားကမိတ်ဆွေများထံကနေ အကူအညီတွေရလာတတ်ပါ တယ်။

မမျှော်လင့်ဘဲ မိမိတတ်ကျွမ်းတဲ့ပညာတွေကိုသူများကိုသင်ပေးခွင့်ကြုံပါတယ်။ရတနာရောင်းဝယ်ရေးလုပ် သူများ၊ကျောက်အရောင်းအ၀ယ်လုပ်သူများပိုမိုအဆင်ပြေ တိုးတတ်ပါလိမ့်မယ်။ ပြည်ပခရီးစဉ်များသွားရောက်လို့ အဆင်ပြေပါလိမ့်မယ်။ကျန်းမာရေးကတော့ အကြောတတ်၊ညောင်းကိုက်တာမျိုးတွေဖြစ်လွယ်ပါတယ်။

သွေးတိုး သမားများ သွေးပေါင်အမြဲချိန်ပြီး ဆေးသောက်သင့်တဲ့နေ့ရက်တွေပါပဲ။ အချစ်ရေးအဆင်ပြေပါလိမ့်မယ်။ အများ တကာတွေအားကျရတဲ့ထိ အချစ်ရေးအဆင်ပြေပါလိမ့်မယ်။အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့တကျက် ကျက်ဖြစ်နေတတ်သော်လည်း အိမ်ထောင်ဘက်ရဲ့စီးပွားရေးကျန်းမာရေးကအလွန်ကောင်းနေတတ်ပါတယ်။

ပညာရေးကတော့ ပညာနှစ်ခုကိုပြိုင်တူသင်ယူခွင့်ရပါတယ်။ ပညာသင်ရင်းပျော်ရွှင်မှုရပါလိမ့်မယ်။

ယတြာ ဘုရားပန်းအိုးများ၊ သောက်တော်ရေဖလားများကိုတော့သေချာတိုက်ချွတ်ဆေးကြောလိုက်ပါ။

(သ၊ဟ)နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

အလွန်မှအလုပ်အကိုင်ကျပ်သောအချိန်ကာလပါပဲ။ မိမိစိတ်သဘောနှင့် လုပ်ဖော်ကိုင်ဖက်များ၊အောက် လက်ငယ်သားများရဲ့စိတ်သဘောနဲ့က မတိုက်ဆိုင်ဖြစ်ရတတ်ပါတယ်။စပ်တူရှယ်ယာအလုပ်တွေအဆင်ပြေတိုး တတ်နိုင်ပါတယ်။ လုပ်ငန်းရှင်များငွေကြေးလည်ပတ်မှုခက်ခဲနေတတ်ပါတယ်။ငွေမမြုပ်အောင်သတိထားဆောင် ရွက်လိုက်ပါ။

စကားအပြောအဆိုကောင်းသူများ ငွေကြေးလာဘ်လာဘ၀င်ပါလိမ့်မယ်။ပစ္စည်းတွေအလွယ်မထား ပါနဲ့။ပျောက်ရှတတ်ပါတယ်။taxi တွေ၊စားသောက်ဆိုင်တွေမှာ ထိုင်ရင်း ပစ္စည်းမေ့ကျန်ခဲ့ရာကနေပျောက်ဆုံးတတ် ပါတယ်။အလုပ်စာမေးပွဲများ၊ အင်တာဗျူးများအဆင်ပြေတိုးတတ်ပါလိမ့်မယ်။

လျှောက်ထားတဲ့အလုပ်တွေရလွယ်မဲ့ ကာလလဲဖြစ်ပါတယ်။နိုင်ငံရပ်ခြားရောက်နေသူများလစာတိုးခြင်းတွေ၊ နေရာပေးခံရခြင်းတွေကြုံရတတ်ပါတယ်။ ကိုယ်ခံအားနည်းနေတတ်ပါတယ်။ဒါကြောင့်ပဲဥတုနဲ့ ညီအောင်နေထိုင်စားသောက်ပါ။အချစ်ရေးမှာတော့ အေးစက် စက်ဖြစ်နေတဲ့အချစ်ရေးတွေပြန်လည်နွေးထွေးလာတတ်ပါတယ်။

အဆင်ပြေမဲ့အချစ်ရေးပါ။ အိမ်ထောင်ရေးမှာ တော့လိုတာထက်ပိုပြီးတော့ဂရုစိုက်တဲ့အိမ်ထောင်ဘက်ကြောင့်စိတ်ချမ်းမြေ့ရမည်။ပညာရေးအလွန်ကောင်းမည်။

ယတြာ နီးစပ်ရာစေတီရဲ့မွေးနံထောင့်မှာပန်းပေါင်းစုံ ၅မျိုးဘုရားကပ်လှူလိုက်ပါ။

(တ၊ထ၊ဒ၊ဓ၊န၊ဌ) နှင့် စတင်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ

ဒီကာလမှာတော့ လုပ်ငန်းတွေပြန်လည်လမ်းပွင့်လာပါလိမ့်မယ်။လုပ်ငန်းလည်ပတ်မှုအရှိန်ကောင်းနေ ပါလိမ့်မယ်။ နိုင်ငံခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများ၊ အကျိုးဆောင်လုပ်ငန်းများပိုမိုတိုးတတ်ပါလိမ့်မယ်။လခစား လုပ်ကိုင်သူများ မိမိစွမ်းဆောင်ရည်ကို အထက်လူကြီးကမျက်စိကျနေတတ်ပါတယ်။

လက်ဝယ်ရှိတဲ့စက်ပစ္စည်း တွေခဏခဏပျက်တတ်တဲ့အတွက် ငွေကုန်ရတတ်ပါတယ်။ ဆရာ၊မိဘတွေရဲ့အကူအညီတွေကိုအပြည့်အ၀ရလာ မဲ့အချိန်လဲဖြစ်ပါတယ်။ မီး၊လျှပ်စစ်ကိုင်တွယ်ရာမှာတော့ သတိထားပါ။ ဓာတ်လိုက်တတ်ပါတယ်။ မူလပင်မအလုပ် ထက် ထပ်ချဲ့ထားတဲ့လုပ်ငန်းတွေကပိုမိုငွေဝင်တတ်ပါတယ်။

ဒီကာလဟာ အချိန်ပိုလေးတွေရလာတတ်တာ ကြောင့် မိမိလုပ်ချင်တာတွေလုပ်ဖို့အချိန်ရလာတတ်ပါတယ်။ မိမိလက်စမသတ်နိုင်သေးတဲ့အလုပ်တွေကိုတော့ ပြီး ပြတ်အောင်လုပ်သွားနိုင်ပါလိမ့်မယ်။ကျန်းမာရေးကတော့ ရေချိုးမှားတတ်ပါတယ်။ ခေါင်းကိုလဲအကြာကြီးအချိန်ဆွဲ ပြီးမလျှော်လိုက်ပါနဲ့။

အချစ်ရေးမှာတော့ ချစ်သူထံကအကူအညီတွေရလွယ်ပါတယ်။ မိမိထက်အသက်ကြီးတဲ့ချစ် သူကိုရထားသူများ ပိုကံကောင်းတဲ့နေ့ပါ။ အိမ်ထောင်ရေးသင့်ပါတယ်။ ပညာရေးကတော့ မိမိကပဲအထူးကြိုးစားရ လိမ့်မယ်။ကံကမပေးဘူး။

ယတြာ နေ့စဉ် ၁၅ မိနစ်ခန့် တစ်ပတ်တိတိ တရားရှုမှတ်ပေးပါ။

၇ရက်သားသမီးများအားလုံးကောင်းကျိုးလိုအင်ဆန္ဒတွေပြည့်ဝကြပါစေ။

ငြိမ်းအေးလူ – ဗေဒင်သုတေသီ( D Nae Khit Media )