အလုပ်လက်မဲ့ ဖြစ်ပြီးနောက် အိမ်နဲ့ ထမင်းတစ်နပ်ထဲက တစ်ခုကို ရွေးချယ်ခဲ့ရတဲ့ သူ သူမ ဘာရွေးမယ် ထင်လဲ

245









Unicode

တိုင်းတစ်ပါးမှာ အလုပ်မရှိဘူးဆိုရင် အသက်ရှင်ဖို့ မလွယ်ပါဘူး။ ဘာလို့လဲဆိုရင် အများစုက မိဘတွေနဲ့ ခွဲခွာ ကြပြီး တစ်ယောက်တည်း နေထိုင်ကြလို့ပါ။

အင်္ဂလန်နိုင်ငံက အသက် (၂၀) အရွယ် အေနက်စ် (Agnes) ဟာ ကျန်းမာရေး ပြဿနာကြောင့် တက္ကသိုလ်က ထွက်ပြီနောက် ဒီနှစ် မေလက အလုပ်က အထုတ်ခံခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း သူ ငွေကြေး အခက်အခဲ ရှိလာခဲ့ပြီး နေစရာ နဲ့ စားစရာပါ ခက်ခဲလာခဲ့ပါတယ်။

အေနက်စ်ဟာ အခြားကုမ္ပဏီမှာ အလုပ်လျှောက်ဖို့ ကြိုးစားခဲ့ပေမဲ့လည်း အလုပ်လျှောက်လေလေ အလုပ်ရဖို့ ခက်လေလေ ဖြစ်ခဲ့ပါတယ်။ အစက သူမဟာ ကျောင်းချေးငွေ ရခဲ့တာကြောင့် ငွေကြေးပြေလည်ခဲ့ပေမဲ့လည်း ကျောင်းက အထုတ်ခံခဲ့ရပြီးနောက် ငွေကြေး ခက်ခဲခဲ့ပါတယ်။

သူဟာ လူ (၅) ဦးအတူစုငှားတဲ့ အိမ်မှာ နေပြီး တစ်လကို ဘေလ်ဖိုးရော နေစရိတ်ရော ပေါင် (၄၂၀)၊ ကျပ် (၈) သိန်းကျော် ပေးနေရပါတယ်။သူဟာ သူ့သူငယ်ချင်းတွေ ဘွဲရတဲ့ အချိန်မှာ ဘွဲမရနိုင်ခဲ့သလို သူ့သူငယ်ချင်းတွေ ဝယ်ကျွေးတဲ့ အစားအစာကို စားခဲ့ရပါတယ်။

အေနက်စ်ဟာ တစ်နေ့မှာ တစ်နပ်ပဲ စားရပြီး စားတာကလည်း ပဲတောင့် တစ်ဗူးပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူမဟာ တစ်နေကုန် မစားရတဲ့ နေ့တွေလည်း ရှိပါတယ်။ နောက်ပိုင်း သူမဟာ ထမင်းတစ်နပ် နဲ့ အိမ်ထဲက တစ်ခုကို ရွေးချယ်စရာ ဖြစ်လာခဲ့ပြီး နောက်ဆုံး အိမ်ကို မဖြစ်မနေ ရွေးခဲ့ရပါတယ်။

သူမဟာ အိမ်အတွက် ပေးစရာ အခွန်၊ ဘေလ်ဖိုး နဲ့ အိမ်စရိတ်တွေအတွက် တစ်နည်းနည်းနဲ့ မဖြစ်ဖြစ်အောင် ပေးရတဲ့ အတွက် အစားအသောက်ကို ဝ၀လင်လင် မစားခဲ့ရပါဘူး။

အင်္ဂလန်နိုင်ငံက လေ့လာမှု တစ်ခုအရက အသက် (၁၈-၂၂) အရွယ်ကြားက လူတွေဟာ ကုန်ကျစရိတ်တွေ လျှော့နည်းစေနိုင်ဖို့ အစားအသောက်တွေကို ဆင်ဆင်ခြင်ခြင် စားနေကြရတယ်လို့ Mirror သတင်းက အခိုင်အမာ ဖော်ပြသွားတာ ဖြစ်ပါတယ်။

Ko Khant ( D Nae Khit Media )