ဆင္းရဲသူမ အေခ်ာေလးကို ခ်စ္မိလုိ႔၊ ဆင္းရဲသားေယာင္ေဆာင္ၿပီး ပုိးပန္းခဲ့ရတဲ့သူေဌးသား

352
For illustration purposes only

႐ုပ္ရွင္ေတြ ဝတၳဳေတြထဲမွာ ဇာတ္နာေအာင္ တင္ျပပုံအမ်ိဳးမ်ိဳးနဲ႔ ႀကံေဆာင္ၿပီး အခ်စ္ရဲ႕အဓိပၸါယ္ကို အလြန္အက်ဳး ေဖာ္က်ဴးၾကေလ့ရွိပါတယ္။ တစ္ခ်ိဳ႕က ကုန္းေကာက္စရာမရွိေအာင္ ဆင္းရဲရာကေန ေကာင္မေလးကုိ မခံခ်င္စိတ္နဲ႔ ႀကိဳးစားလုိက္တာ အခ်မ္းသာဆုံး သူေဌးႀကီး ျဖစ္သြားတာတုိ႔-

ဆင္းရဲတဲ့လူကို ခ်စ္ႀကိဳက္မိလုိ႔ ခ်မ္းသာၾကြယ္ဝမႈေတြကို အကုန္စြန္႔လႊတ္ခဲ့တာတုိ႔တစ္ေတြဟာ ျပင္ပကမာၻမွာ တကယ္မရွိဘူးလုိ႔ ထင္ရေပမယ့္၊ အခ်စ္အတြက္ဆုိရင္ မျဖစ္ႏုိင္ဘူးဆုိတာ မရွိပါဘူး။ တစ္ခ်ိဳ႕အျပင္က ဇာတ္လမ္းေတြဟာ ႐ုပ္ရွင္ဗြီဒီယုိေတြထက္ေတာင္ ႐ုိမက္တစ္ ပုိဆန္ၾကပါတယ္။

For illustration purposes only

အခုလည္း ေလျဖတ္ေနတဲ့မိခင္ႀကီးကို ဖခင္မရွိတဲ့ေနာက္ ေက်ာင္းထြက္ၿပီး လုပ္ေကၽြးေနရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္းဟာ စိတ္ဝင္စားစရာပါ။ ဒီအေၾကာင္းကို WorldOfBuzz မွာ ေဖာ္ျပထားပါတယ္။ သူမမွာ ေမာင္ေလးတစ္ေယာက္ရွိၿပီး ေမာင္ေလး တကၠသုိလ္ဆက္တက္ႏုိင္ေရးကိုလည္း သူမက ႀကိဳးစားခဲ့ရတာပါ။

သူမရဲ႕နာမည္ကုိေတာ့ ထုတ္ေဖာ္ထာျခင္းမရွိေပမယ့္၊ တ႐ုတ္လူမႈကြန္ရက္မွာေတာ့ ဒီအေၾကာင္းဟာ အေတာ္ေလးကို စိတ္ဝင္စားမႈ ခံခဲ့ရပါတယ္။ အဲဒီေကာင္မေလးမွာ ဖခင္မရွိေတာ့ပါဘူး။ မိခင္ ေလျဖတ္သြားကတည္းက မိခင္ အရင္လုပ္ကုိင္ခဲ့တဲ့ ေခါက္ဆြဲဆုိင္လုပ္ငန္းေလးကို သူမက ဆက္လက္လည္ပတ္ခဲ့ပါတယ္။

တစ္ရက္မွာေတာ့ လူရြယ္ေကာင္ေလးတစ္ေယာက္ သူမရဲ႕ဆုိင္ကို လာေရာက္ အားေပးခဲ့ၿပီး၊ ေနာက္လည္း ေန႔တုိင္း လာၿပီး အားေပးပါသတဲ့။ အဲဒီအမ်ိဳးသားဟာ သာမန္သာ ဝတ္စားထားၿပီး၊ အလုပ္အကုိင္ သိပ္ေကာင္းတဲ့ ပုံစံမ်ိဳးေတာ့ မဟုတ္ပါဘူး။

For illustration purposes only

သူဟာ ေခါက္ဆြဲဆုိင္ ေကာင္မေလးကို ျမင္ျမင္ခ်င္း ခ်စ္မိသလုိ၊ သူမရဲ႕ ေခါက္ဆြဲလက္ရာကိုလည္း စြဲလန္းတာေၾကာင့္ ေန႔တုိင္း လာေရာက္ေနပါေတာ့တယ္။ ၾကာေတာ့ ဆုိင္ရွင္ ေကာင္မေလးကလည္း ရိပ္မိခဲ့ပါတယ္။ ဒီလုိနဲ႔ တစ္ရက္မွာ စကားေျပာရင္း ရည္းစားရွိလားလုိ႔ ေမးလာခဲ့ပါသတဲ့။

သူမက ” ကၽြန္မက ဆင္းရဲတယ္ … ေနာက္ ရည္းစားထားဖုိ႔ အခ်ိန္လည္း ေလာက္ေလာက္ငင မရွိပါဘူး … အေမက ေလျဖတ္ေနၿပီး .. ေမာင္ေလးက ေက်ာင္းတက္ေနရတယ္ေလ … ကၽြန္မမွ အလုပ္မလုပ္ရင္ မိသားစု ရပ္တည္ဖုိ႔ မျဖစ္ႏုိင္ဘူး … ဒီၾကားထဲ ဘယ္လုိလုပ္ ရည္းစားထားႏုိင္မွာလဲ … ေနာက္ ဘယ္သူက ကၽြန္မကုိ ႀကိဳက္မွာလဲ”လုိ႔-

For illustration purposes only

အေသာ့ေလးနဲ႔ ျပန္ေျဖခဲ့ပါတယ္။ ရက္ေတြၾကာလာေတာ့ သာမန္အမ်ိဳးသားေလးနဲ႔ သူမတုိ႔ရဲ႕ဆက္ဆံေရးဟာ အတုိင္းအတာတစ္ခုအထိ ခရီးေရာက္လာၿပီး၊ နားလည္စ ျပဳလာခဲ့ပါတယ္။ တ႐ုတ္ခ်စ္သူမ်ားေန႔မွာေတာ့ ေကာင္ေလး ေပၚမလာေတာ့ပါဘူး။

သူ ဒီလုိေန႔မွာ ေပၚမလာတာ တစ္ေယာက္ေယာက္နဲ႔ သြားခ်ိန္းေတြ႕လုိ႔ ျဖစ္လိမ့္မယ္လုိ႔ သူမက စဥ္းစားခဲ့ေပမယ့္၊ မနက္(၈)နာရီေလာက္မွာ မေျပာမဆုိ ပန္းစည္းေတြနဲ႔ သူေရာက္လာပါတယ္။ ဒီလုိနဲ႔ သူမစိတ္ထဲမွာ အားငယ္စိတ္ဟာ အေပ်ာ္အျဖစ္ အသြင္ေျပာင္းသြားၿပီး ခ်စ္သူဘဝ ေရာက္ခဲ့ပါတယ္။

အဲဒီေနာက္ ကာလအတန္ၾကာေတာ့ ေကာင္ေလးက သူ႕မိဘေတြနဲ႔ ေတြ႕ဖုိ႔ ဖိတ္ေခၚခဲ့ပါတယ္။ အႀကိမ္ႀကိ္မ္ ျငင္းၿပီးေနာက္၊ မလြန္ဆန္ႏုိင္ေတာ့လုိ႔ လုိက္ေတြ႕ခဲ့ပါတယ္။ ဒီအခါေရာက္မွ ေကာင္ေလးဟာ အဲဒီၿမိဳ႕မွာ က်ိက်ိတက္ခ်မ္းသာသူမွန္း သိခဲ့ရတာပါ။ သူမအေနနဲ႔ အလြန္စိတ္ဆုိးသြားခဲ့ေပမယ့္-

ေကာင္ေလးက အေကာင္းဆုံးေျဖရွင္းႏုိင္ခဲ့ပါသတဲ့။ အခုဆုိရင္ေတာ့ သူတုိ႔ႏွစ္ေယာက္ဟာ အိမ္ေထာင္သည္ဘဝမွာ ကိုယ္ပိုင္လုပ္ငန္းေတြနဲ႔ ဆက္လက္ လည္ပတ္ေနၾကပါၿပီ။ ဒီအထဲမွာ သူမ ေျပာခ်င္တာက အမ်ိဳးသားေတြဟာ တကယ္ခ်စ္မိၿပီဆုိရင္၊ အလြန္စိတ္ရွည္ၿပီး လုိရာကုိ ပုံေဖာ္ႏုိင္စြမ္းရွိတယ္ ဆုိတာပါဘဲ။

လင္းေဇာ္ကုိ  D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ရုပ်ရှင်တွေ ဝတ္ထုတွေထဲမှာ ဇာတ်နာအောင် တင်ပြပုံအမျိုးမျိုးနဲ့ ကြံဆောင်ပြီး အချစ်ရဲ့အဓိပ္ပါယ်ကို အလွန်အကျုး ဖော်ကျူးကြလေ့ရှိပါတယ်။ တစ်ချို့က ကုန်းကောက်စရာမရှိအောင် ဆင်းရဲရာကနေ ကောင်မလေးကို မခံချင်စိတ်နဲ့ ကြိုးစားလိုက်တာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်သွားတာတို့-

For illustration purposes only

ဆင်းရဲတဲ့လူကို ချစ်ကြိုက်မိလို့ ချမ်းသာကြွယ်ဝမှုတွေကို အကုန်စွန့်လွှတ်ခဲ့တာတို့တစ်တွေဟာ ပြင်ပကမ္ဘာမှာ တကယ်မရှိဘူးလို့ ထင်ရပေမယ့်၊ အချစ်အတွက်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ တစ်ချို့အပြင်က ဇာတ်လမ်းတွေဟာ ရုပ်ရှင်ဗွီဒီယိုတွေထက်တောင် ရိုမက်တစ် ပိုဆန်ကြပါတယ်။

အခုလည်း လေဖြတ်နေတဲ့မိခင်ကြီးကို ဖခင်မရှိတဲ့နောက် ကျောင်းထွက်ပြီး လုပ်ကျွေးနေရတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဟာ စိတ်ဝင်စားစရာပါ။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားပါတယ်။ သူမမှာ မောင်လေးတစ်ယောက်ရှိပြီး မောင်လေး တက္ကသိုလ်ဆက်တက်နိုင်ရေးကိုလည်း သူမက ကြိုးစားခဲ့ရတာပါ။

သူမရဲ့နာမည်ကိုတော့ ထုတ်ဖော်ထာခြင်းမရှိပေမယ့်၊ တရုတ်လူမှုကွန်ရက်မှာတော့ ဒီအကြောင်းဟာ အတော်လေးကို စိတ်ဝင်စားမှု ခံခဲ့ရပါတယ်။ အဲဒီကောင်မလေးမှာ ဖခင်မရှိတော့ပါဘူး။ မိခင် လေဖြတ်သွားကတည်းက မိခင် အရင်လုပ်ကိုင်ခဲ့တဲ့ ခေါက်ဆွဲဆိုင်လုပ်ငန်းလေးကို သူမက ဆက်လက်လည်ပတ်ခဲ့ပါတယ်။

တစ်ရက်မှာတော့ လူရွယ်ကောင်လေးတစ်ယောက် သူမရဲ့ဆိုင်ကို လာရောက် အားပေးခဲ့ပြီး၊ နောက်လည်း နေ့တိုင်း လာပြီး အားပေးပါသတဲ့။ အဲဒီအမျိုးသားဟာ သာမန်သာ ဝတ်စားထားပြီး၊ အလုပ်အကိုင် သိပ်ကောင်းတဲ့ ပုံစံမျိုးတော့ မဟုတ်ပါဘူး။

သူဟာ ခေါက်ဆွဲဆိုင် ကောင်မလေးကို မြင်မြင်ချင်း ချစ်မိသလို၊ သူမရဲ့ ခေါက်ဆွဲလက်ရာကိုလည်း စွဲလန်းတာကြောင့် နေ့တိုင်း လာရောက်နေပါတော့တယ်။ ကြာတော့ ဆိုင်ရှင် ကောင်မလေးကလည်း ရိပ်မိခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ စကားပြောရင်း ရည်းစားရှိလားလို့ မေးလာခဲ့ပါသတဲ့။

သူမက ” ကျွန်မက ဆင်းရဲတယ် … နောက် ရည်းစားထားဖို့ အချိန်လည်း လောက်လောက်ငင မရှိပါဘူး … အမေက လေဖြတ်နေပြီး .. မောင်လေးက ကျောင်းတက်နေရတယ်လေ … ကျွန်မမှ အလုပ်မလုပ်ရင် မိသားစု ရပ်တည်ဖို့ မဖြစ်နိုင်ဘူး … ဒီကြားထဲ ဘယ်လိုလုပ် ရည်းစားထားနိုင်မှာလဲ … နောက် ဘယ်သူက ကျွန်မကို ကြိုက်မှာလဲ”လို့-

အသော့လေးနဲ့ ပြန်ဖြေခဲ့ပါတယ်။ ရက်တွေကြာလာတော့ သာမန်အမျိုးသားလေးနဲ့ သူမတို့ရဲ့ဆက်ဆံရေးဟာ အတိုင်းအတာတစ်ခုအထိ ခရီးရောက်လာပြီး၊ နားလည်စ ပြုလာခဲ့ပါတယ်။ တရုတ်ချစ်သူများနေ့မှာတော့ ကောင်လေး ပေါ်မလာတော့ပါဘူး။

သူ ဒီလိုနေ့မှာ ပေါ်မလာတာ တစ်ယောက်ယောက်နဲ့ သွားချိန်းတွေ့လို့ ဖြစ်လိမ့်မယ်လို့ သူမက စဉ်းစားခဲ့ပေမယ့်၊ မနက်(၈)နာရီလောက်မှာ မပြောမဆို ပန်းစည်းတွေနဲ့ သူရောက်လာပါတယ်။ ဒီလိုနဲ့ သူမစိတ်ထဲမှာ အားငယ်စိတ်ဟာ အပျော်အဖြစ် အသွင်ပြောင်းသွားပြီး ချစ်သူဘဝ ရောက်ခဲ့ပါတယ်။

အဲဒီနောက် ကာလအတန်ကြာတော့ ကောင်လေးက သူ့မိဘတွေနဲ့ တွေ့ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အကြိမ်ကြိ်မ် ငြင်းပြီးနောက်၊ မလွန်ဆန်နိုင်တော့လို့ လိုက်တွေ့ခဲ့ပါတယ်။ ဒီအခါရောက်မှ ကောင်လေးဟာ အဲဒီမြို့မှာ ကျိကျိတက်ချမ်းသာသူမှန်း သိခဲ့ရတာပါ။ သူမအနေနဲ့ အလွန်စိတ်ဆိုးသွားခဲ့ပေမယ့်-

ကောင်လေးက အကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပါသတဲ့။ အခုဆိုရင်တော့ သူတို့နှစ်ယောက်ဟာ အိမ်ထောင်သည်ဘဝမှာ ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ဆက်လက် လည်ပတ်နေကြပါပြီ။ ဒီအထဲမှာ သူမ ပြောချင်တာက အမျိုးသားတွေဟာ တကယ်ချစ်မိပြီဆိုရင်၊ အလွန်စိတ်ရှည်ပြီး လိုရာကို ပုံဖော်နိုင်စွမ်းရှိတယ် ဆိုတာပါဘဲ။

လင်းဇော်ကို  D Nae Khit Media