ခုိးတာမေကာင္းေပမယ့္ မတတ္သာလုိ႔ ကေလးေတြကုိ ခုိးေကၽြးေနရတဲ့ တစ္ခုလပ္မိခင္

140

မေကာင္းမႈ က်ဴးလြန္းတာ မေကာင္းပါဘူး။ တစ္ခ်ိဳ႕ေသာ မေကာင္းမႈေတြက ျပစ္မႈဆုိင္ရာ ဥပေဒေတြနဲ႔လည္း ၿငိစြန္းတတ္တာေၾကာင့္ က်ဴးလြန္သူေတြ ေထာင္က်အခ်ဳပ္က် ျဖစ္တတ္ပါတယ္။ ေခြးမိခင္ႀကီးဟာ သူ႕ကေလးေတြ အစာစားရဖုိ႔ အန္ၿပီး ေကၽြးသလုိ …

အသိပညာပုိရွိတဲ့ မိခင္ေတြကေတာ့ ကေလးေတြ အစာစားရဖုိ႔ ဘယ္လုိမွ မတက္ႏုိင္တဲ့အခါ၊ တစ္ျခားနည္းလမ္းေတြနဲ႔ ႀကိဳးစားၿပီး ေကၽြးၾကရပါတယ္။ ဒီလုိ ရွာေဖြေကၽြးေမြးမႈေတြဟာ ရာဇဝတ္မႈနဲ႔ ကင္းခ်င္မွ ကင္းမွာဆုိေပမယ့္၊ တစ္ခ်ိဳ႕ေသာ အျပစ္ေတြကိုေတာ့ သူတုိ႔စိတ္ထဲက က်ဴးလြန္ဖုိ႔ ဆႏၵ မရွိၾကပါဘူး။

အခုလည္း မေလးရွားႏုိင္ငံက တစ္ခုလပ္မိခင္တစ္ဦးဟာ တစ္လမွာ ဝင္ေငြက ရင္းဂစ္(၅၀၀)ေလာက္ပဲ ရွိတာမုိ႔၊ သူမရဲ႕ကေလးေတြကို ခုိးေကၽြးေနရတယ္လုိ႔ ဆုိပါတယ္။ သူမဟာ အသက္(၃၁)ႏွစ္သာ ရွိေသးၿပီး၊ ကေလးေတြက (၄-၆-၁၀)ႏွစ္ အသီးသီး ေရာက္ေနပါၿပီ။

ကေလးေတြကုိေကၽြးဖုိ႔ ဝင္ေငြက ဘယ္လုိမွ မေလာက္ငတာေၾကာင့္ သူမဟာ နီးစပ္ရာ စတုိးဆုိင္ေတြမွာ အစားအစာေတြ လွည့္လည္ခုိးယူရင္း၊ မေကာင္းမႈကုိ သားသမီးေတြအတြက္ မေၾကာက္မရြံ႕ လုပ္ေနရပါတယ္။ သူမအေနနဲ႔ ဒီထက္ဝင္ေငြပုိေကာင္းတဲ့ အလုပ္ကို ဘာလုိ႔မလုပ္တာလဲ …

မရွာတာလား .. မရတာလားဆုိတာေတာ့ ေသခ်ာမသိရပါဘူး။ သူမက ေဒသခံသတင္းမီဒီယာတစ္ခုနဲ႔ ေတြ႕ဆုံစဥ္မွာ ” ကေလးေတြအတြက္ လုပ္တာပါ … ကၽြန္မအတြက္ဆုိ ေသခ်င္ေသပါေစ ေနႏုိင္ပါတယ္ … “လုိ႔ ေျပာပါတယ္။ သူမဟာ စူပါမားကတ္မွာ ခုိးမႈနဲ႔ အဖမ္းခံခဲ့ရတာပါ။

တစ္ခုလပ္မိခင္ကို အမ်ိဳးသမီးအခြင့္ေရးလႈပ္ရွားသူ Rohaidatul Asma Jusoh က တက္ႏုိင္သေလာက္ အကူညီေပးေနၿပီး၊ ၿပီးခဲ့တဲ့ႏွစ္ကတည္းက တက္ႏုိင္သေလာက္ ေထာက္ပံ့မႈေတြ လုပ္ခဲ့ပါတယ္။ အခု သူမဟာ ရဲစခန္းမွာ အဖမ္းခံထားရေသးၿပီး၊ ကေလးေတြကို အဖုိးအဖြားေတြက ေခတၱေစာင့္ေရွာက္ထားပါသတဲ့။

ေနသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မကောင်းမှု ကျူးလွန်းတာ မကောင်းပါဘူး။ တစ်ချို့သော မကောင်းမှုတွေက ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့လည်း ငြိစွန်းတတ်တာကြောင့် ကျူးလွန်သူတွေ ထောင်ကျအချုပ်ကျ ဖြစ်တတ်ပါတယ်။ ခွေးမိခင်ကြီးဟာ သူ့ကလေးတွေ အစာစားရဖို့ အန်ပြီး ကျွေးသလို …

အသိပညာပိုရှိတဲ့ မိခင်တွေကတော့ ကလေးတွေ အစာစားရဖို့ ဘယ်လိုမှ မတက်နိုင်တဲ့အခါ၊ တစ်ခြားနည်းလမ်းတွေနဲ့ ကြိုးစားပြီး ကျွေးကြရပါတယ်။ ဒီလို ရှာဖွေကျွေးမွေးမှုတွေဟာ ရာဇဝတ်မှုနဲ့ ကင်းချင်မှ ကင်းမှာဆိုပေမယ့်၊ တစ်ချို့သော အပြစ်တွေကိုတော့ သူတို့စိတ်ထဲက ကျူးလွန်ဖို့ ဆန္ဒ မရှိကြပါဘူး။

အခုလည်း မလေးရှားနိုင်ငံက တစ်ခုလပ်မိခင်တစ်ဦးဟာ တစ်လမှာ ဝင်ငွေက ရင်းဂစ်(၅၀၀)လောက်ပဲ ရှိတာမို့၊ သူမရဲ့ကလေးတွေကို ခိုးကျွေးနေရတယ်လို့ ဆိုပါတယ်။ သူမဟာ အသက်(၃၁)နှစ်သာ ရှိသေးပြီး၊ ကလေးတွေက (၄-၆-၁၀)နှစ် အသီးသီး ရောက်နေပါပြီ။

ကလေးတွေကိုကျွေးဖို့ ဝင်ငွေက ဘယ်လိုမှ မလောက်ငတာကြောင့် သူမဟာ နီးစပ်ရာ စတိုးဆိုင်တွေမှာ အစားအစာတွေ လှည့်လည်ခိုးယူရင်း၊ မကောင်းမှုကို သားသမီးတွေအတွက် မကြောက်မရွံ့ လုပ်နေရပါတယ်။ သူမအနေနဲ့ ဒီထက်ဝင်ငွေပိုကောင်းတဲ့ အလုပ်ကို ဘာလို့မလုပ်တာလဲ …

မရှာတာလား .. မရတာလားဆိုတာတော့ သေချာမသိရပါဘူး။ သူမက ဒေသခံသတင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံစဉ်မှာ ” ကလေးတွေအတွက် လုပ်တာပါ … ကျွန်မအတွက်ဆို သေချင်သေပါစေ နေနိုင်ပါတယ် … “လို့ ပြောပါတယ်။ သူမဟာ စူပါမားကတ်မှာ ခိုးမှုနဲ့ အဖမ်းခံခဲ့ရတာပါ။

တစ်ခုလပ်မိခင်ကို အမျိုးသမီးအခွင့်ရေးလှုပ်ရှားသူ Rohaidatul Asma Jusoh က တက်နိုင်သလောက် အကူညီပေးနေပြီး၊ ပြီးခဲ့တဲ့နှစ်ကတည်းက တက်နိုင်သလောက် ထောက်ပံ့မှုတွေ လုပ်ခဲ့ပါတယ်။ အခု သူမဟာ ရဲစခန်းမှာ အဖမ်းခံထားရသေးပြီး၊ ကလေးတွေကို အဖိုးအဖွားတွေက ခေတ္တစောင့်ရှောက်ထားပါသတဲ့။

နေသူရိန် D Nae Khit Media