သားေထာက္သမီးခံမရွိလုိ႔ ေရာဂါသည္ဇနီးရဲ႕ ေဆးဖုိးအတြက္ ေစ်းေရာင္းေနရဆဲ မ်က္မျမင္အဖုိး

204

အသက္အရြယ္ ႀကီးရင့္လွၿပီျဖစ္တဲ့ မ်က္မျမင္အဖုိးအုိတစ္ေယာက္ဟာ သားေထာက္သမီးခံမရွိတဲ့အတြက္ အခုအခ်ိန္ထိ ပင္ပင္ပန္းပန္း ေစ်းေရာင္းေနရဆဲ ျဖစ္ပါတယ္။ ဒီအေၾကာင္းကုိ WorldOfBuzz မွာ ေဖာ္ျပထားၿပီး အဖုိးရဲ႕ဇနီးဟာ အသက္(၉၈)အရြယ္ ေရာဂါသည္တစ္ဦးပါတဲ့။

အဖုိးဟာ အခုအခ်ိန္ထိ ညသန္းေခါင္ေက်ာ္အထိ ေစ်းေရာင္းေနရၿပီး၊ ေကာက္ညႇင္းက်ည္ေတာက္ ေရာင္းပါတယ္။ သူ႕အမည္ကေတာ့ Yom Homhuan လုိ႔သိရပါတယ္။ အဖုိးဟာ ၿပီးခဲ့တဲ့ ႏွစ္ေတြအေတာအတြင္းကတည္းက အခုလုိ ပင္ပင္ပန္းပန္း လုပ္ကုိင္ေနရပါတယ္။

အဖုိး Yom ရဲ႕အသက္ကေတာ့ (၆၇)ႏွစ္သာ ရွိေသးၿပီး၊ ဇနီးျဖစ္သူထက္ (၃၀)ေက်ာ္ ပုိငယ္ပါတယ္။ သူက ဇနီးထက္ေတာ့ ပုိၿပီးသန္သန္ အလုပ္လုပ္ႏုိင္ပါေသးတယ္။ အဖုိးဟာ တစ္ခါတေလမွာ စက္ဘီးျဖင့္၊ တစ္ခါတေလက်ေတာ့လည္း လုိင္းကားဆရာေတြ အကူအညီနဲ႔ ေစ်းေရာင္းမယ့္ဆီကုိ သြားပါတယ္။

သူဟာ အမ်ားအားျဖင့္ Phetchaburi စီရင္စုက Khao Ta Krao ဘုရားေက်ာင္းေရွ႕မွာ ေစ်းေရာင္းေလ့ရွိပါတယ္။ ဒါေပမယ့္ ဒီမွာကေတာ့ ဝတ္ျပဳသူမ်ားတဲ့ ေသာၾကာေန႔ေလာက္သာ ေရာင္းလုိ႕ေကာင္းတာမုိ႔ က်န္အခ်ိန္ကိုေတာ့ စက္ဘီးေလးနဲ႔ စမ္းတဝါးဝါး လွည့္လည္ရပါတယ္။

အဖုိးရဲ႕မ်က္လုံးဟာ သူ လူရြယ္ဘဝကတည္းက ေခါင္းကို ႏြာအကန္ခံရၿပီး အျမင္အာ႐ုံကြယ္ခဲ့ရတာပါ။ အသက္ႀကီမွ အိမ္ေထာင္က်ခဲ့သူမ်ားျဖစ္လုိ႔ တကယ္တမ္း ဒုကၡေတြ႕ေတာ့ မလြယ္ဘူးလုိ႔ ေျပာပါတယ္။ သူဟာ အျမင္အာ႐ုံစမ္းတဝါးဝါးနဲ႔ ေစ်းေရာင္းေနဆဲ … ဇနီးကေတာ့ ေသြးတုိးဆီးခ်ိဳေရာဂါေၾကာင့္ အိပ္ရာထဲ လဲေနပါသတဲ့။

လင္းေဇာ္ကုိ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်အရွယ် ကြီးရင့်လှပြီဖြစ်တဲ့ မျက်မမြင်အဖိုးအိုတစ်ယောက်ဟာ သားထောက်သမီးခံမရှိတဲ့အတွက် အခုအချိန်ထိ ပင်ပင်ပန်းပန်း စျေးရောင်းနေရဆဲ ဖြစ်ပါတယ်။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားပြီး အဖိုးရဲ့ဇနီးဟာ အသက်(၉၈)အရွယ် ရောဂါသည်တစ်ဦးပါတဲ့။

အဖိုးဟာ အခုအချိန်ထိ ညသန်းခေါင်ကျော်အထိ စျေးရောင်းနေရပြီး၊ ကောက်ညှင်းကျည်တောက် ရောင်းပါတယ်။ သူ့အမည်ကတော့ Yom Homhuan လို့သိရပါတယ်။ အဖိုးဟာ ပြီးခဲ့တဲ့ နှစ်တွေအတောအတွင်းကတည်းက အခုလို ပင်ပင်ပန်းပန်း လုပ်ကိုင်နေရပါတယ်။

အဖိုး Yom ရဲ့အသက်ကတော့ (၆၇)နှစ်သာ ရှိသေးပြီး၊ ဇနီးဖြစ်သူထက် (၃၀)ကျော် ပိုငယ်ပါတယ်။ သူက ဇနီးထက်တော့ ပိုပြီးသန်သန် အလုပ်လုပ်နိုင်ပါသေးတယ်။ အဖိုးဟာ တစ်ခါတလေမှာ စက်ဘီးဖြင့်၊ တစ်ခါတလေကျတော့လည်း လိုင်းကားဆရာတွေ အကူအညီနဲ့ စျေးရောင်းမယ့်ဆီကို သွားပါတယ်။

သူဟာ အများအားဖြင့် Phetchaburi စီရင်စုက Khao Ta Krao ဘုရားကျောင်းရှေ့မှာ စျေးရောင်းလေ့ရှိပါတယ်။ ဒါပေမယ့် ဒီမှာကတော့ ဝတ်ပြုသူများတဲ့ သောကြာနေ့လောက်သာ ရောင်းလို့ကောင်းတာမို့ ကျန်အချိန်ကိုတော့ စက်ဘီးလေးနဲ့ စမ်းတဝါးဝါး လှည့်လည်ရပါတယ်။

အဖိုးရဲ့မျက်လုံးဟာ သူ လူရွယ်ဘဝကတည်းက ခေါင်းကို နွာအကန်ခံရပြီး အမြင်အာရုံကွယ်ခဲ့ရတာပါ။ အသက်ကြီမှ အိမ်ထောင်ကျခဲ့သူများဖြစ်လို့ တကယ်တမ်း ဒုက္ခတွေ့တော့ မလွယ်ဘူးလို့ ပြောပါတယ်။ သူဟာ အမြင်အာရုံစမ်းတဝါးဝါးနဲ့ စျေးရောင်းနေဆဲ … ဇနီးကတော့ သွေးတိုးဆီးချိုရောဂါကြောင့် အိပ်ရာထဲ လဲနေပါသတဲ့။

လင်းဇော်ကို D Nae Khit Media