မဂၤလာကားေပၚမွာပဲ ဦးေႏွာက္ေသြးေၾကာပိတ္ၿပီး ေသဆုံးခဲ့ရတဲ့ သတုိ႔သမီးရဲ႕အျဖစ္ဆုိး

199

အသက္(၃၀)အရြယ္သာရွိေသးတဲ့ သတုိ႔သမီးေလာင္းတစ္ဦးဟာ ဘုရားေက်ာင္းကိုသြားတဲ့ မဂၤလာကားေပၚမွာပဲ ဦးေႏွာက္ေသြးေၾကာပိတ္ ေသဆုံးခဲ့တာမုိ႔၊ က်န္ရစ္သူ မိဘနဲ႔ ေဆြမ်ိဳးသားခ်င္းေတြအတြက္ေတာ့ အေတာ္ေလး ယူႀကဳံးမရ ျဖစ္ေစခဲ့ပါတယ္။

အဲဒီသတုိ႔သမီးဟာ (၆)လအရြယ္ ကိုယ္ဝန္ကိုလည္း လြယ္ထားရၿပီး၊ နာမည္ကေတာ့ Jessica Guedes လုိ႔ သိရပါတယ္။ သူမဟာ ဘုရားဇီးႏုိင္ငံ၊ Sao Paulo ၿမိဳ႕က ႀကိဳတင္စီစဥ္ထားတဲ့ မဂၤလာပြဲက်င္းပရာ ဘုရားေက်ာင္းကိုအသြားမွာပဲ ဦးေႏွာက္ေသြးေၾကာ ပိတ္ခဲ့ရတာပါ။

ဦးေႏွာက္ထဲကို ေသြးစီးစင္းမႈ လုံးဝျပတ္ေတာက္သြားၿပီး၊ ခ်က္ခ်င္းသတိလစ္သြားခဲ့ပါတယ္။ ဒါေၾကာင့္ ကားကုိရပ္ၿပီး တက္သေလာက္မွတ္သေလာက္ ျပဳစုၾကေပမယ့္၊ သူမရဲ႕အသက္ကုိေတာ့ မကယ္ႏုိင္ခဲ့ပါဘူး။ သတုိ႔သားေလာင္းကေတာ့ Flavio Gonçalvez ျဖစ္ပါတယ္။

သူတုိ႔ဟာ ၿပီးခဲ့တဲ့ တနဂၤေႏြက မဂၤလာပြဲက်င္းပဖုိ႔ စီစဥ္ထားခဲ့တာဆုိေပမယ့္ ဒီမေမွ်ာ္လင့္တဲ့အျဖစ္ဆုိးေၾကာင့္ ခ်စ္သူနဲ႔ ေသကြဲ ကြဲခဲ့ရၿပီ ျဖစ္ပါတယ္။ သတုိ႔သမီး Jessica ဟာ ကားေပၚမွာ လည္ပင္းအလြန္ေအာင့္ေၾကာင္း ေျပာရာကေန သတိေမ့သြားခဲ့တာပါ။ ေဆး႐ုံေရာက္ခ်ိန္မွာ သူမ အသက္ မမီေတာ့ပါဘူး။

ကေလးကုိေတာ့ အျမန္ခြဲထုတ္ ကယ္တင္ႏုိင္ခဲ့ပါတယ္။ သူမဟာ လည္ပင္းက ေသြးျပန္ေၾကာဟာ ႐ုတ္တရက္ပိတ္သြားတဲ့အတြက္ အလြန္ေအာင့္ၿပီး နာက်င္တဲ့သေဘာကို ဦးေႏွာက္ေသြးေၾကာမပိတ္မီ ေရွ႕ေျပးလကၡဏာအျဖစ္ လာျပတာျဖစ္ပါတယ္။ ဒီအျဖစ္အပ်က္ကို DailyStar သတင္းစာက ေဖာ္ျပထားတာပါ။

လင္းေဇာ္ကို D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၃၀)အရွယ်သာရှိသေးတဲ့ သတို့သမီးလောင်းတစ်ဦးဟာ ဘုရားကျောင်းကိုသွားတဲ့ မင်္ဂလာကားပေါ်မှာပဲ ဦးနှောက်သွေးကြောပိတ် သေဆုံးခဲ့တာမို့၊ ကျန်ရစ်သူ မိဘနဲ့ ဆွေမျိုးသားချင်းတွေအတွက်တော့ အတော်လေး ယူကြုံးမရ ဖြစ်စေခဲ့ပါတယ်။

အဲဒီသတို့သမီးဟာ (၆)လအရွယ် ကိုယ်ဝန်ကိုလည်း လွယ်ထားရပြီး၊ နာမည်ကတော့ Jessica Guedes လို့ သိရပါတယ်။ သူမဟာ ဘုရားဇီးနိုင်ငံ၊ Sao Paulo မြို့က ကြိုတင်စီစဉ်ထားတဲ့ မင်္ဂလာပွဲကျင်းပရာ ဘုရားကျောင်းကိုအသွားမှာပဲ ဦးနှောက်သွေးကြော ပိတ်ခဲ့ရတာပါ။

ဦးနှောက်ထဲကို သွေးစီးစင်းမှု လုံးဝပြတ်တောက်သွားပြီး၊ ချက်ချင်းသတိလစ်သွားခဲ့ပါတယ်။ ဒါကြောင့် ကားကိုရပ်ပြီး တက်သလောက်မှတ်သလောက် ပြုစုကြပေမယ့်၊ သူမရဲ့အသက်ကိုတော့ မကယ်နိုင်ခဲ့ပါဘူး။ သတို့သားလောင်းကတော့ Flavio Gonçalvez ဖြစ်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေက မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားခဲ့တာဆိုပေမယ့် ဒီမမျှော်လင့်တဲ့အဖြစ်ဆိုးကြောင့် ချစ်သူနဲ့ သေကွဲ ကွဲခဲ့ရပြီ ဖြစ်ပါတယ်။ သတို့သမီး Jessica ဟာ ကားပေါ်မှာ လည်ပင်းအလွန်အောင့်ကြောင်း ပြောရာကနေ သတိမေ့သွားခဲ့တာပါ။ ဆေးရုံရောက်ချိန်မှာ သူမ အသက် မမီတော့ပါဘူး။

ကလေးကိုတော့ အမြန်ခွဲထုတ် ကယ်တင်နိုင်ခဲ့ပါတယ်။ သူမဟာ လည်ပင်းက သွေးပြန်ကြောဟာ ရုတ်တရက်ပိတ်သွားတဲ့အတွက် အလွန်အောင့်ပြီး နာကျင်တဲ့သဘောကို ဦးနှောက်သွေးကြောမပိတ်မီ ရှေ့ပြေးလက္ခဏာအဖြစ် လာပြတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို DailyStar သတင်းစာက ဖော်ပြထားတာပါ။

လင်းဇော်ကို D Nae Khit Media