ကေလးအျမန္အိပ္ေအာင္ ဘိန္းျဖဴေကၽြးတဲ့မိခင္ ကေလးကုိ သတ္မႈနဲ႔အမႈဖြင့္ခံရ

160

မိခင္တစ္ဦးဟာ ကေလးအျမန္ အိပ္ေမာက်ေစဖုိ႔၊ ကေလးရဲ႕ သြားဖုံးေပၚကို ဘိန္းျဖဴေတြသုတ္လိမ္းကာ ေကၽြးခဲ့ပါတယ္။ လူမမယ္သမီးျဖစ္သူမွာ ဘိန္းျဖဴရဲ႕ဒဏ္ေၾကာင့္ ေသဆုံးခဲ့ရာ၊ မိခင္ျဖစ္သူကုိ လူသတ္မႈနဲ႔အမႈဖြင့္ၿပီး ရဲက ဖမ္းဆီးခဲ့ေၾကာင္း Metro သတင္းက ေဖာ္ျပထားပါတယ္။

မိခင္ရဲ႕အမည္မွာ Kimberly Nelligan ျဖစ္ၿပီး အသက္(၃၃)နွစ္ပါ။ သူမဟာ သမီးေလးအျမန္အိပ္ေစဖုိ႔ (၁၅)ႀကိမ္ထက္မနည္း ဘိန္းျဖဴေတြ ေကၽြးခဲ့ဖူးေၾကာင္း ဝန္ခံခဲ့ပါတယ္။ သမီးေလးဟာ (၂၀၁၈) ေအာက္တုိဘာမွာ ေသဆုံးခဲ့တာ ျဖစ္ပါတယ္။

Kimberly တုိ႔ မိသားစုဟာ Bangor, Maine မွာ ေနထုိင္ၾကၿပီး၊ သမီးေလးအမည္မွာေတာ့ Jordy လုိ႔ သိရပါတယ္။ ကေလးမေလးမွာ တစ္ႏွစ္သာ ရွိေသးၿပီး၊ မိခင္ျဖစ္သူဟာ ယခင္က အကုိက္အခဲေပ်ာက္ေဆးေတြကုိ သီးသန္႔တုိက္ေလ့ရွိေၾကာင္း၊ အျမန္အိပ္ေစခ်င္ရင္ ဘိန္းျဖဴထည့္ေၾကာင္း ဆုိပါတယ္။

ဒါေပမယ့္ သူမ ေဆးစပ္လုိက္တဲ့အခါ ေဆးရဲ႕အားဟာ အဆေပါင္း(၅၀)အထိ ျပင္းသြားၿပီး သာမန္လူႀကီးတစ္ေယာက္ေတာင္ ႐ုတ္တရက္ ေရွာ့ျဖစ္ႏုိင္တဲ့ အေနအထားပါ။ ကေလးရဲ႕အေလာင္းကုိ သက္ဆုိင္ရာက စစ္ေဆးတဲ့အခါ ကေလးရဲ႕ေသြးစနစ္ထဲမွာ Synthetic opioid fentanyl ေတြ႕ခဲ့တယ္လုိ႔ သိရပါတယ္။

မိခင္ျဖစ္သူကို လူသတ္မႈသာမက မူးယစ္ေဆးမ်ား လက္ဝယ္ပုိင္ဆုိင္မႈနဲ႔ပါ အမႈဖြင္ထားေၾကာင္း သိရပါတယ္။ သူမကုိ သက္ဆုိင္ရာ တရား႐ုံးက စစ္ေဆးေနၿပီး၊ မၾကာမီမွာ အမႈၿပီးျပတ္ဖုိ႔ ရွိေၾကာင္း သိပါတယ္။ သူမဟာ ေထာင္ဒဏ္အနည္းဆုံး (၁၀)နွစ္ေလာက္ ခ်မွတ္ခံရဖုိ႔ ရွိပါတယ္။

လင္းေဇာ္ကုိ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

မိခင်တစ်ဦးဟာ ကလေးအမြန် အိပ်မောကျစေဖို့၊ ကလေးရဲ့ သွားဖုံးပေါ်ကို ဘိန်းဖြူတွေသုတ်လိမ်းကာ ကျွေးခဲ့ပါတယ်။ လူမမယ်သမီးဖြစ်သူမှာ ဘိန်းဖြူရဲ့ဒဏ်ကြောင့် သေဆုံးခဲ့ရာ၊ မိခင်ဖြစ်သူကို လူသတ်မှုနဲ့အမှုဖွင့်ပြီး ရဲက ဖမ်းဆီးခဲ့ကြောင်း Metro သတင်းက ဖော်ပြထားပါတယ်။

မိခင်ရဲ့အမည်မှာ Kimberly Nelligan ဖြစ်ပြီး အသက်(၃၃)နှစ်ပါ။ သူမဟာ သမီးလေးအမြန်အိပ်စေဖို့ (၁၅)ကြိမ်ထက်မနည်း ဘိန်းဖြူတွေ ကျွေးခဲ့ဖူးကြောင်း ဝန်ခံခဲ့ပါတယ်။ သမီးလေးဟာ (၂၀၁၈) အောက်တိုဘာမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Kimberly တို့ မိသားစုဟာ Bangor, Maine မှာ နေထိုင်ကြပြီး၊ သမီးလေးအမည်မှာတော့ Jordy လို့ သိရပါတယ်။ ကလေးမလေးမှာ တစ်နှစ်သာ ရှိသေးပြီး၊ မိခင်ဖြစ်သူဟာ ယခင်က အကိုက်အခဲပျောက်ဆေးတွေကို သီးသန့်တိုက်လေ့ရှိကြောင်း၊ အမြန်အိပ်စေချင်ရင် ဘိန်းဖြူထည့်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် သူမ ဆေးစပ်လိုက်တဲ့အခါ ဆေးရဲ့အားဟာ အဆပေါင်း(၅၀)အထိ ပြင်းသွားပြီး သာမန်လူကြီးတစ်ယောက်တောင် ရုတ်တရက် ရှော့ဖြစ်နိုင်တဲ့ အနေအထားပါ။ ကလေးရဲ့အလောင်းကို သက်ဆိုင်ရာက စစ်ဆေးတဲ့အခါ ကလေးရဲ့သွေးစနစ်ထဲမှာ Synthetic opioid fentanyl တွေ့ခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူကို လူသတ်မှုသာမက မူးယစ်ဆေးများ လက်ဝယ်ပိုင်ဆိုင်မှုနဲ့ပါ အမှုဖွင်ထားကြောင်း သိရပါတယ်။ သူမကို သက်ဆိုင်ရာ တရားရုံးက စစ်ဆေးနေပြီး၊ မကြာမီမှာ အမှုပြီးပြတ်ဖို့ ရှိကြောင်း သိပါတယ်။ သူမဟာ ထောင်ဒဏ်အနည်းဆုံး (၁၀)နှစ်လောက် ချမှတ်ခံရဖို့ ရှိပါတယ်။

လင်းဇော်ကို D Nae Khit Media