ေဘာလုံးပြဲ ၾကည့္ခြင့္မရလုိ႔ လူျမင္ကြင္းမွာ မီး႐ႈိ႕သတ္ေသခဲ့တဲ့ အီရန္အမ်ိဳးသမီး

132

အီရန္မွာ အမ်ိဳးသမီးထုရဲ႕အခြင့္အေရးေတာ္ေတာ္မ်ားမ်ားကို ပိတ္ပင္ထားရာ၊ အမ်ိဳးသမီးေတြ ေဘာလုံးပြဲၾကည့္ခြင့္မရျခင္းကလည္း ပိတ္ပင္မႈေတြထဲက တစ္ခုျဖစ္ပါတယ္။ အခုလည္း အသက္(၂၉)ႏွစ္အရြယ္ Sahar Khodayari အမည္ရ အမ်ိဳးသမီးဟာ ေဘာလုံးပြဲၾကည့္ခြင့္မရလုိ႔ မိမိကုိယ္ကုိ သတ္ေသခဲ့ပါတယ္။

Sahar ဟာ လူျမင္ကြင္းမွာ ဦးေခါင္းစြပ္မဝတ္လုိ႔ ဆုိတဲ့ျပစ္မႈနဲ႔ တရားရင္ဆုိင္ရဖုိ႔ ရွိေနခဲ့ပါတယ္။ သူမဟာ Tehran က ေဘာလုံးပြဲစဥ္တစ္ခုကို ေယာက္်ားေလးပုံစံနဲ႔ ဝင္ေရာက္ဖုိ႔ ႀကိဳးစားခဲ့ရာ၊ သက္ဆုိင္ရာက သိရွိသြားခဲ့ၿပီး တားျမစ္ခံခဲ့ရပါတယ္။


သူမဟာ စက္တင္ဘာ(၉)ရက္မွာ မိမိကိုယ္ကိုယ္ ဓာတ္ဆီးေလာင္းၿပီး မီး႐ႈိ႕သတ္ေသခဲ့တာျဖစ္ပါတယ္။ သူမဟာ မီးေလာင္ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့ၿပီး၊ ေဆး႐ုံေရာက္ၿပီး မၾကာမီမွာ ေသဆုံးသြားခဲ့ပါတယ္။ Sahar ကုိ သတင္းမီဒီယာေတြက Blue Girl ဆုိၿပီး ဂုဏ္ျပဳေနၾကပါတယ္။

ဒီနာမည္ကေတာ့ သူမ အားေပးတဲ့ Esteqlal of Tehran အသင္းရဲ႕အေရာင္ကုိ အစြဲျပဳၿပီးေတာ့ ေပးခဲ့တာပါ။ အဆုိပါ အသင္းကလည္း Sahar ေသဆုံးခဲ့မႈအတြက္ တစ္မိနစ္ၿငိမ္သက္ၿပီး၊ ဝမ္းနည္းေၾကာင္း အေလးထားေၾကာင္း ျပသခဲ့တယ္လုိ႔ သိရပါတယ္။

အီရန္မွာ (၁၉၇၉)ခုႏွစ္ကတည္း အစၥလာမ္မစ္ေခတ္ေျပာင္းေတာ္လွန္ေရး ဆင္ႏႊဲခဲ့ၿပီး၊ သက္ဆုိင္ရာက အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးေတြကို စတင္ပိတ္ပင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ေဘာလုံးပြဲမၾကည့္ရ ပိတ္ပင္မႈလည္း ပါဝင္ခဲ့ၿပီး၊ ဘာသာေရးအရ အျခားပိတ္ပင္မႈ မ်ားစြာလည္း ရွိေနပါတယ္။

Sahar ေသဆုံးမႈအတြက္ ႐ုိးမားအသင္းနဲ႔ ကမာၻေက်ာ္ေဘာလုံးသမားတစ္ခ်ိဳ႕က ဝမ္းနည္းေၾကာင္း၊ အီရန္အမ်ိဳးသမီးအခြင့္အေရး အျပည့္အဝရလာေစဖုိ႔အေၾကာင္း ေၾကညာမႈေတြျပဳလုပ္ခဲ့ရာ၊ အီရန္အစိုးရဘက္က ထူးျခားတဲ့တုန္႔ျပန္မႈေတြ မျပဳလုပ္ေသးပါဘူး။

ေနသူရိန္ D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အီရန်မှာ အမျိုးသမီးထုရဲ့အခွင့်အရေးတော်တော်များများကို ပိတ်ပင်ထားရာ၊ အမျိုးသမီးတွေ ဘောလုံးပွဲကြည့်ခွင့်မရခြင်းကလည်း ပိတ်ပင်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ အခုလည်း အသက်(၂၉)နှစ်အရွယ် Sahar Khodayari အမည်ရ အမျိုးသမီးဟာ ဘောလုံးပွဲကြည့်ခွင့်မရလို့ မိမိကိုယ်ကို သတ်သေခဲ့ပါတယ်။

Sahar ဟာ လူမြင်ကွင်းမှာ ဦးခေါင်းစွပ်မဝတ်လို့ ဆိုတဲ့ပြစ်မှုနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေခဲ့ပါတယ်။ သူမဟာ Tehran က ဘောလုံးပွဲစဉ်တစ်ခုကို ယောက်ျားလေးပုံစံနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့ရာ၊ သက်ဆိုင်ရာက သိရှိသွားခဲ့ပြီး တားမြစ်ခံခဲ့ရပါတယ်။

သူမဟာ စက်တင်ဘာ(၉)ရက်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီးလောင်းပြီး မီးရှို့သတ်သေခဲ့တာဖြစ်ပါတယ်။ သူမဟာ မီးလောင်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး၊ ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးသွားခဲ့ပါတယ်။ Sahar ကို သတင်းမီဒီယာတွေက Blue Girl ဆိုပြီး ဂုဏ်ပြုနေကြပါတယ်။

ဒီနာမည်ကတော့ သူမ အားပေးတဲ့ Esteqlal of Tehran အသင်းရဲ့အရောင်ကို အစွဲပြုပြီးတော့ ပေးခဲ့တာပါ။ အဆိုပါ အသင်းကလည်း Sahar သေဆုံးခဲ့မှုအတွက် တစ်မိနစ်ငြိမ်သက်ပြီး၊ ဝမ်းနည်းကြောင်း အလေးထားကြောင်း ပြသခဲ့တယ်လို့ သိရပါတယ်။

အီရန်မှာ (၁၉၇၉)ခုနှစ်ကတည်း အစ္စလာမ်မစ်ခေတ်ပြောင်းတော်လှန်ရေး ဆင်နွှဲခဲ့ပြီး၊ သက်ဆိုင်ရာက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေကို စတင်ပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဘောလုံးပွဲမကြည့်ရ ပိတ်ပင်မှုလည်း ပါဝင်ခဲ့ပြီး၊ ဘာသာရေးအရ အခြားပိတ်ပင်မှု များစွာလည်း ရှိနေပါတယ်။

Sahar သေဆုံးမှုအတွက် ရိုးမားအသင်းနဲ့ ကမ္ဘာကျော်ဘောလုံးသမားတစ်ချို့က ဝမ်းနည်းကြောင်း၊ အီရန်အမျိုးသမီးအခွင့်အရေး အပြည့်အဝရလာစေဖို့အကြောင်း ကြေညာမှုတွေပြုလုပ်ခဲ့ရာ၊ အီရန်အစိုးရဘက်က ထူးခြားတဲ့တုန့်ပြန်မှုတွေ မပြုလုပ်သေးပါဘူး။

နေသူရိန် D Nae Khit Media

Previous articleမိသားစုလိုက္ အဆိပ္ရည္ေသာက္ ေသဆုံး
Next articleမုံ႐ြာၿမိဳ႕ Beauty Gold KTV မီးေလာင္
လင်းဇော်ကိုသည် ... D Nae Khit Media ၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်ပါသည်။ လင်းဇော်ကို သည် ဂျာနယ်/မဂ္ဂဇင်းများတွင် ဘာသာပြန်၊ အယ်ဒီတာ၊ လက်ထောက်အယ်ဒီတာ၊ စီနီယာအယ်ဒီတာ အစရှိသည့် ရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိအချိန်တွင်လည်း နိုင်ငံခြားသတင်းများ၊ ဆောင်းပါးများ၊ ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာများကို ရေးသားလျှက် ရှိပါသည်။ လင်းဇော်ကိုသည် နတ်စည်တော်၊ လင်းသူရိန်၊ လင်းသုတ၊ နေသူရိန် အစရှိသည့် ကလောင်ခွဲများဖြင့်လည်း ဘာသာပြန်သတင်းဆောင်းပါးများ ရေးသားလျှက် ရှိပါသည်။