အႏုိင္က်င့္တဲ့ခ်စ္သူကုိ စြန္႔ပစ္ၿပီး လူမ်ိဳးျခားေကာင္ေလးကို ခ်စ္သူအျဖစ္ေရြးခဲ့တဲ့ ေကာင္မေလး

74

အႏုိင္က်င့္ႏွိပ္စက္ေလ့ရွိသူကို ခ်စ္သူေတာ္ထားရတဲ့ ဒုကၡေတြက မေသးပါဘူး။ အၿမဲတမ္း သူတုိ႔အႀကိဳက္ လုိက္လုပ္ေပးေနတာေတာင္မွ အခန္႔မသင့္ရင္ ရန္ရွာတုိက္ခုိက္ခံရေလ့ ရွိပါတယ္။ သူတစ္ပါးကုိ အႏုိင္က်င့္ေလ့ရွိသူေတြဟာ စိတ္ပုိင္းဆုိင္ရာ မျပည့္ဝသူေတြျဖစ္ၿပီး၊ အတၱအလြန္ႀကီးသူမ်ားမွ ဒီလုိလုပ္ရပ္မ်ိဳး လုပ္ႏုိင္ၾကတာပါ။

Sarah Grace အမည္ရ ေကာင္မေလးဟာ အႏုိင္က်င့္ႏွိပ္စက္လြန္းတဲ့ခ်စ္သူေၾကာင့္ အခ်စ္ကုိ စိတ္ကုန္ေနသူပါ။ သူမဟာ ေန႔စဥ္နဲ႔အမွ် ဒဏ္ရာေတြထဲကေန ႐ုန္းထြက္ဖုိ႔ အေတာ္ေလးႀကိဳးစားရပါတယ္။ အခ်စ္ကုိ ရွာေဖြဖုိ႔ စိတ္မပါေတာ့တဲ့အခါ အခ်စ္က သူမကို လာၿပီးရွာပါတယ္။

အခ်စ္ကို ေၾကာက္ရြံ႔ေနခ်ိန္မွာ တကယ္ ၾကင္နာတတ္တဲ့ လုပ္ေဖာ္ကိုင္ဘက္ Gurinder ကုိ သူမ စသတိထားမိလာတာပါ။ Gurinder ဟာ Sarah နဲ႔အနီးဆုံးမွာရွိတဲ့ သူငယ္ခ်င္းလည္းဟုတ္၊ လုပ္ေဖာ္ကိုင္ဘက္လည္းျဖစ္၊ တုိင္ပင္ေဖာ္ တုိင္ပင္ဖက္လည္း ျဖစ္ပါတယ္။

Sarah က Gurinder နဲ႔ အလုပ္အတူတူလုပ္ရတာ၊ အတူတူ အခ်ိန္ျဖဳန္းရတာ သူမအတြက္ လုံၿခဳံေအးေဆးတယ္လုိ႔ ခံစားခဲ့ရပါတယ္။ Gurinder ဟာ Sarah နဲ႔ လူမ်ိဳးခ်င္းမတူပါဘူး။ သူဟာ မြန္ဂုိ-ေျမာက္အိႏၵိယ ကျပားျဖစ္ပါတယ္။ Sarah ကေတာ့ ထုိင္ဝမ္တစ္ဦးပါ။

ေနာက္ေတာ့ Gurinder နဲ႔ မၾကာခဏ ဖုန္းေျပာျဖစ္ရာကေန သူ႕ကုိပုိၿပီး ခင္တြယ္လာခဲ့ပါတယ္။ အဲဒီေနာက္ ခဏခဏ Date ၾကရင္းနဲ႔ ခ်စ္သူေတြအျဖစ္ ေရာက္သြားခဲ့တာပါတဲ့။ အခုေတာ့ Sarah ဟာ နဂုိက တစ္ခါမွ မခံစားခဲ့ဖူးတဲ့ အခ်စ္ရဲ႕အရသာ၊ ေပ်ာ္ရႊင္မႈေတြကို ခံစားေနရပါၿပီ။

လင္းေဇာ္ကို D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အနိုင်ကျင့်နှိပ်စက်လေ့ရှိသူကို ချစ်သူတော်ထားရတဲ့ ဒုက္ခတွေက မသေးပါဘူး။ အမြဲတမ်း သူတို့အကြိုက် လိုက်လုပ်ပေးနေတာတောင်မှ အခန့်မသင့်ရင် ရန်ရှာတိုက်ခိုက်ခံရလေ့ ရှိပါတယ်။ သူတစ်ပါးကို အနိုင်ကျင့်လေ့ရှိသူတွေဟာ စိတ်ပိုင်းဆိုင်ရာ မပြည့်ဝသူတွေဖြစ်ပြီး၊ အတ္တအလွန်ကြီးသူများမှ ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်ကြတာပါ။

Sarah Grace အမည်ရ ကောင်မလေးဟာ အနိုင်ကျင့်နှိပ်စက်လွန်းတဲ့ချစ်သူကြောင့် အချစ်ကို စိတ်ကုန်နေသူပါ။ သူမဟာ နေ့စဉ်နဲ့အမျှ ဒဏ်ရာတွေထဲကနေ ရုန်းထွက်ဖို့ အတော်လေးကြိုးစားရပါတယ်။ အချစ်ကို ရှာဖွေဖို့ စိတ်မပါတော့တဲ့အခါ အချစ်က သူမကို လာပြီးရှာပါတယ်။

အချစ်ကို ကြောက်ရွံ့နေချိန်မှာ တကယ် ကြင်နာတတ်တဲ့ လုပ်ဖော်ကိုင်ဘက် Gurinder ကို သူမ စသတိထားမိလာတာပါ။ Gurinder ဟာ Sarah နဲ့အနီးဆုံးမှာရှိတဲ့ သူငယ်ချင်းလည်းဟုတ်၊ လုပ်ဖော်ကိုင်ဘက်လည်းဖြစ်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်ပါတယ်။

Sarah က Gurinder နဲ့ အလုပ်အတူတူလုပ်ရတာ၊ အတူတူ အချိန်ဖြုန်းရတာ သူမအတွက် လုံခြုံအေးဆေးတယ်လို့ ခံစားခဲ့ရပါတယ်။ Gurinder ဟာ Sarah နဲ့ လူမျိုးချင်းမတူပါဘူး။ သူဟာ မွန်ဂို-မြောက်အိန္ဒိယ ကပြားဖြစ်ပါတယ်။ Sarah ကတော့ ထိုင်ဝမ်တစ်ဦးပါ။

နောက်တော့ Gurinder နဲ့ မကြာခဏ ဖုန်းပြောဖြစ်ရာကနေ သူ့ကိုပိုပြီး ခင်တွယ်လာခဲ့ပါတယ်။ အဲဒီနောက် ခဏခဏ Date ကြရင်းနဲ့ ချစ်သူတွေအဖြစ် ရောက်သွားခဲ့တာပါတဲ့။ အခုတော့ Sarah ဟာ နဂိုက တစ်ခါမှ မခံစားခဲ့ဖူးတဲ့ အချစ်ရဲ့အရသာ၊ ပျော်ရွှင်မှုတွေကို ခံစားနေရပါပြီ။

လင်းဇော်ကို D Nae Khit Media