ရွမ္းျပည္ေျမာက္ပုိင္း ပေလာင္ေဒသ တုိက္ပဲြျပင္းထန္

116

အစိုးရနဲ႔ တရုတ္ျမန္မာနယ္စပ္အေျခစိုက္ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြအၾကားမွာ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆံုေဆြးေႏြးဖို႔ ျပင္ဆင္ေနခ်ိန္မွာပဲ ရွမ္းျပည္နယ္ေျမာက္ပိုင္း ပေလာင္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင္ရေဒသမွာ တပ္မေတာ္နဲ႔ TNLA တအန္း (ပေလာင္) အဖဲြ႔အၾကားမွာ တိုက္ပဲြေတြ ထပ္မံျဖစ္ပြားေနပါတယ္။

ဒီတုိက္ပဲြဟာ မနက္ ၇ နာရီက စတင္ျဖစ္ပြားၿပီး ေန႔ခင္း ၂ နာရီခဲြအခ်ိန္ထိ လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္တာေတြ ရိွေနသလို ရဟတ္ယာဥ္နဲ႔ပါ တိုက္ခိုက္တာေတြ ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

အစိုးရရဲ့ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္အဖဲြ႔နဲ႔ KIO ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခုိင္အဖဲြ႔ေတြ ပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ဟာ လာမယ့္္ ၁၆ ရက္နဲ႔ ၁၇ ရက္ေန႔ေတြမွာ က်ိဳင္းတံုၿမိဳ႕မွာ ေတြ႔ဆံုေဆြးေႏြးဖို႔ ျပင္ဆင္ေနၾကတာ ျဖစ္ပါတယ္။

ဒီလုိျပင္ဆင္ေနခ်ိန္မွာပဲ ဒီေန႔ နမ့္ဆန္ၿမိဳ႕အနီးမွာ တပ္မေတာ္နဲ႔ TNLA တို႔ တိုက္ပဲြေတြ ျဖစ္ပြားေနေၾကာင္း ပေလာင္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖဲြ႔ရဲ့ အလုပ္အမႈေဆာင္ ဦးမိုင္းသိန္းေဇာ္က ေျပာပါတယ္။

“နမ့္ဆန္ၿမိဳ႕နယ္ ကယားလမ္းအုပ္စု ဟိုေခ်ာင္းေက်းရြာ ေတာင္ရိုးဘုရားေအာက္မွာ ျဖစ္တာ။ မနက္ ၇ နာရီကေန ၈ နာရီမတ္တင္းေလာက္ပဲ ျဖစ္တာ။ ေတာင္ရိုးဘုရားမွာ TNLA အဖဲြ႔ေတြက သြားလုိက္လာလုိက္ဆုိရင္ ဘာလုပ္သလဲဆုိရင္ ေတာင္ရိုးဘုရားက ပင္လယ္ေရ မ်က္ႏွာျပင္ကဆုိရင္ ၆၀၀၀ ေက်ာ္ ၇၀၀၀ နားကပ္ေနတာ။

အဲဒီကုန္းေပၚေရာက္ၿပီဆုိရင္ ၿမိဳ႕နယ္ တစ္ခုလံုးကို ရႈခင္းေတြ ျမင္ရတဲ့အခါက်ေတာ့ သူတို႔က အဲဒီမွာ ခနတျဖဳတ္ေတာ့ ၀င္နားတဲ့ အေနအထား ရိွတယ္။ ဒါေပမဲ့ တပ္ကလည္း ေတာက္ေလ်ာက္ၿမိဳ႕ျပင္မွာ ထြက္ေနတဲ့အခါက်ေတာ့ ႏွစ္ဘက္ကို သြားထိေတြ႔သလို ျဖစ္သြားတာ။”

TNLA တအန္း (ပေလာင္) အဖဲြ႔က ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မွဴးတားအိုက္ေက်ာ္က တုိက္ပဲြေတြ ၾကိဳးၾကားၾကိဳးၾကားဆက္ျဖစ္ေနၿပီး ရဟတ္ယာဥ္နဲ႔ပါ တိုက္ခိုက္တာေတြရိွေၾကာင္း ေျပာပါတယ္။“ဒီမနက္ ၇ နာရီေလာက္ကေန စၿပီမွ နမ့္ဆန္ၿမိဳ႕အေနာက္ဘက္ ေတာင္ရိုးဘုရားကုန္းေပၚမွာ အဲဒီဘက္မွာ တပ္မ ၁၀၁၊ ခလရ ၂၅၅က က်ေနာ္တုိ႔ တပ္ရင္း ၉၁၉ ရိွတဲ့ေနရာကို လာေရာက္ ပစ္ခတ္တုိက္ခုိက္ေတာ့ တိုက္ပဲြ စတင္ျဖစ္ပြားတာ။

တုိက္ပဲြကေတာ့ ၾကိဳးၾကား ၾကိဳးၾကားျဖစ္ေနတဲ့အခ်ိန္ နမ့္ဆန္တပ္စခန္းရယ္၊ ေနာက္တစ္ခါ နမ့္မေ၀ါရပ္ကြက္က တရုတ္တန္းနားကေန ေနၿပီးမွ အခုထိေပါ့ အၾကိမ္ ၅၀ ေလာက္ အဆက္မျပတ္ ေတာက္ေလ်ာက္ပစ္ခတ္ေနတယ္။ အခုေပ့ါေနာ္ အခု ၂ နာရီ ၂၀ ေလာက္မွာ ရဟတ္ယာဥ္ ႏွစ္ စီးနဲ႔ လာေရာက္ပစ္ခတ္ေနတာေတာ့ သိရတယ္။ ”

နမ့္ဆန္ၿမိဳ႕နယ္က သံဃာေတာ္ တပါးကလည္း အခုလို မိန္႔ၾကားပါတယ္။“ဒီ မန္႔တံုၿမိဳ႕နယ္နဲ႔ နမ့္ဆန္ၿမိဳ႕နယ္ကို ဦးတည္ၿပီးေတာ့ ရဟတ္ယာဥ္ ႏွစ္ စီး၊ သံုး စီးလာတယ္။ အေျမွာက္သံကေတာ့ ပစ္ေနတာပဲ။ မနက္ကတည္းက အခုထက္ထိ ပစ္ေနတယ္ေနာ္။ ၿမိဳ႕ကေန လွမ္းပစ္တာေပါ့။ ဟိုးေတာင္ကုန္းေပၚမွာ ပစ္တယ္။ ခု ရဟတ္ယာဥ္ ႏွစ္ စီးျပန္သြားၿပီ။ လားရိႈးဘက္ လွည့္သြားၿပီ။ ဗံုးသြားခ်တယ္တဲ့။ ဟိုလွတို႔၊ လီေရွာရြာတုိ႔ ဗံုးသြားခ်တယ္တဲ့။ ေတာင္ရိုးဘုရား ဟိုဘက္နည္းနည္း ေက်ာ္သြားတယ္ေလ။”

ညေန ၃ နာရီေနာက္ပိုင္းမွာလည္း ရဟတ္ယာဥ္ ႏွစ္ စီးနဲ႔ ထပ္မံပစ္ခတ္ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ဒီေန႔ တုိက္ပဲြျဖစ္ပြားမႈနဲ႔ ပတ္သက္လို႔ ေမးျမန္းႏိုင္ဖို႔ တပ္မေတာ္ဘက္ကို ဆက္သြယ္ခဲ့ေပမဲ့ ဆက္သြယ္လုိ႔ မရခဲ့ပါဘူး။ဒီေန႔ညေန ၄ နာရီခဲြအခ်ိန္အထိေတာ့ တိုက္ပဲြအတြင္း အရပ္သားေတြ ထိခိုက္တဲ့သတင္းနဲ႔ ထြက္ေျပး တိမ္းေရွာင္တဲ့ သတင္းေတြမရရိွေသးေၾကာင္း ပေလာင္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖဲြ႔က ေျပာပါတယ္။

လက္ရိွ တုိက္ပဲြျဖစ္ပြားေနခ်ိန္ဟာ တပ္မေတာ္က ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္အတြင္းက စစ္တို္င္းေဒသၾကီး ငါး ခုမွာ စစ္ေရးလႈပ္ရွားတာေတြ ရပ္ဆုိင္းေၾကာင္း ေၾကညာထားခ်ိန္ျဖစ္ၿပီး TNLA အပါအ၀င္ ေျမာက္ပိုင္း အဖဲြ႔ေတြဘက္ကလည္း တလ အပစ္အခတ္ရပ္စဲေၾကာင္း ေၾကညာထားခ်ိန္ ျဖစ္ပါတယ္။

ယခုသတင္းကို VOA Burmese News တရားဝင္ခြင့္ျပဳခ်က္ျဖင္႔ေဖာ္ျပျခင္း ျဖစ္ပါသည္။

[Unicode Version]

အစိုးရနဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအကြားမှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင်ရဒေသမှာ တပ်မတော်နဲ့ TNLA တအန်း (ပလောင်) အဖွဲ့အကြားမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပါတယ်။ ဒီတိုက်ပွဲဟာ မနက် ၇ နာရီက စတင်ဖြစ်ပွားပြီး နေ့ခင်း ၂ နာရီခွဲအချိန်ထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေသလို ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ KIO ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ လာမယ့် ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျိုင်းတုံမြို့မှာ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ဒီလိုပြင်ဆင်နေချိန်မှာပဲ ဒီနေ့ နမ့်ဆန်မြို့အနီးမှာ တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရဲ့ အလုပ်အမှုဆောင် ဦးမိုင်းသိန်းဇော်က ပြောပါတယ်။

“နမ့်ဆန်မြို့နယ် ကယားလမ်းအုပ်စု ဟိုချောင်းကျေးရွာ တောင်ရိုးဘုရားအောက်မှာ ဖြစ်တာ။ မနက် ၇ နာရီကနေ ၈ နာရီမတ်တင်းလောက်ပဲ ဖြစ်တာ။ တောင်ရိုးဘုရားမှာ TNLA အဖွဲ့တွေက သွားလိုက်လာလိုက်ဆိုရင် ဘာလုပ်သလဲဆိုရင် တောင်ရိုးဘုရားက ပင်လယ်ရေ မျက်နှာပြင်ကဆိုရင် ၆၀၀၀ ကျော် ၇၀၀၀ နားကပ်နေတာ။

အဲဒီကုန်းပေါ်ရောက်ပြီဆိုရင် မြို့နယ် တစ်ခုလုံးကို ရှုခင်းတွေ မြင်ရတဲ့အခါကျတော့ သူတို့က အဲဒီမှာ ခနတဖြုတ်တော့ ဝင်နားတဲ့ အနေအထား ရှိတယ်။ ဒါပေမဲ့ တပ်ကလည်း တောက်လျောက်မြို့ပြင်မှာ ထွက်နေတဲ့အခါကျတော့ နှစ်ဘက်ကို သွားထိတွေ့သလို ဖြစ်သွားတာ။”

TNLA တအန်း (ပလောင်) အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော်က တိုက်ပွဲတွေ ကြိုးကြားကြိုးကြားဆက်ဖြစ်နေပြီး ရဟတ်ယာဉ်နဲ့ပါ တိုက်ခိုက်တာတွေရှိကြောင်း ပြောပါတယ်။

“ဒီမနက် ၇ နာရီလောက်ကနေ စပြီမှ နမ့်ဆန်မြို့အနောက်ဘက် တောင်ရိုးဘုရားကုန်းပေါ်မှာ အဲဒီဘက်မှာ တပ်မ ၁၀၁၊ ခလရ ၂၅၅က ကျနော်တို့ တပ်ရင်း ၉၁၉ ရှိတဲ့နေရာကို လာရောက် ပစ်ခတ်တိုက်ခိုက်တော့ တိုက်ပွဲ စတင်ဖြစ်ပွားတာ။

တိုက်ပွဲကတော့ ကြိုးကြား ကြိုးကြားဖြစ်နေတဲ့အချိန် နမ့်ဆန်တပ်စခန်းရယ်၊ နောက်တစ်ခါ နမ့်မဝေါရပ်ကွက်က တရုတ်တန်းနားကနေ နေပြီးမှ အခုထိပေါ့ အကြိမ် ၅၀ လောက် အဆက်မပြတ် တောက်လျောက်ပစ်ခတ်နေတယ်။ အခုပေ့ါနော် အခု ၂ နာရီ ၂၀ လောက်မှာ ရဟတ်ယာဉ် နှစ် စီးနဲ့ လာရောက်ပစ်ခတ်နေတာတော့ သိရတယ်။ ”

နမ့်ဆန်မြို့နယ်က သံဃာတော် တပါးကလည်း အခုလို မိန့်ကြားပါတယ်။“ဒီ မန့်တုံမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်ကို ဦးတည်ပြီးတော့ ရဟတ်ယာဉ် နှစ် စီး၊ သုံး စီးလာတယ်။ အမြှောက်သံကတော့ ပစ်နေတာပဲ။ မနက်ကတည်းက အခုထက်ထိ ပစ်နေတယ်နော်။ မြို့ကနေ လှမ်းပစ်တာပေါ့။ ဟိုးတောင်ကုန်းပေါ်မှာ ပစ်တယ်။ ခု ရဟတ်ယာဉ် နှစ် စီးပြန်သွားပြီ။ လားရှိုးဘက် လှည့်သွားပြီ။ ဗုံးသွားချတယ်တဲ့။ ဟိုလှတို့၊ လီရှောရွာတို့ ဗုံးသွားချတယ်တဲ့။ တောင်ရိုးဘုရား ဟိုဘက်နည်းနည်း ကျော်သွားတယ်လေ။”

ညနေ ၃ နာရီနောက်ပိုင်းမှာလည်း ရဟတ်ယာဉ် နှစ် စီးနဲ့ ထပ်မံပစ်ခတ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ဒီနေ့ တိုက်ပွဲဖြစ်ပွားမှုနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒီနေ့ညနေ ၄ နာရီခွဲအချိန်အထိတော့ တိုက်ပွဲအတွင်း အရပ်သားတွေ ထိခိုက်တဲ့သတင်းနဲ့ ထွက်ပြေး တိမ်းရှောင်တဲ့ သတင်းတွေမရရှိသေးကြောင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ပြောပါတယ်။လက်ရှိ တိုက်ပွဲဖြစ်ပွားနေချိန်ဟာ တပ်မတော်က ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းက စစ်တိုင်းဒေသကြီး ငါး ခုမှာ စစ်ရေးလှုပ်ရှားတာတွေ ရပ်ဆိုင်းကြောင်း ကြေညာထားချိန်ဖြစ်ပြီး TNLA အပါအဝင် မြောက်ပိုင်း အဖွဲ့တွေဘက်ကလည်း တလ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားချိန်ဖြစ်ပါတယ်။