မိုင္းျဖတ္တြင္ မိသားစုေျခာက္ဦး အဆိပ္ေသာက္၊ ေလးဦးေသဆံုး

82

က်ဳိင္းတံု၊ စက္တင္ဘာ ၁၃

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕ ေဈးတန္း (ကြက္သစ္) ရပ္ကြက္တြင္ ယေန႔ (စက္တင္ဘာ ၁၃ ရက္) နံနက္ ၈ နာရီခန္႔က အဆိပ္ေသာက္ခဲ့သည့္ မိသားစုဝင္ေျခာက္ဦးအနက္ ေလးဦးေသဆံုးခဲ့ေၾကာင္း က်ဳိင္းတံုၿမိဳ႕ ျပည္နယ္ဒုတိယ ရဲတပ္ဖြဲ႔မွဴး႐ံုးမွ ရဲအရာရိွတစ္ဦးက ေျပာၾကားသည္။

“မေန႔က ည ၉ နာရီေလာက္မွာ လားဟူလို နံငိုပင္လို႔ေခၚတဲ့ အဆိပ္ပင္ရဲ႕ အျမစ္နဲ႔အရြက္ကို ေရေႏြးအိုးနဲ႔ႀကိဳၿပီး မိဘနဲ႔သားသမီးေလးဦး ေသာက္ခဲ့ၾကတယ္။ ေအာ့အန္ခဲ့တဲ့ သမီးတစ္ေယာက္နဲ႔သားတစ္ေယာက္သာ အသက္ရွင္ၾကတယ္။ ကေလးေတြအားလံုးက ေက်ာင္းသား၊ ေက်ာင္းသူေတြပါ။ စားဝတ္ေနေရး အဆင္မေျပဘူးလို႔ သိရတယ္”ဟု ၎က ဆိုသည္။

အဆိပ္ေသာက္သံုးသူမ်ားအနက္ ဦးအားျမာ(၄၆ ႏွစ္)၊ ေဒၚအီနား(၄၈ ႏွစ္)၊ ေမာင္ေထာမ (၁၅ ႏွစ္)၊ ေနလင္းထြန္း (၈ ႏွစ္) တို႔မွာ ေသဆံုးခဲ့ၿပီး မေနာ္မိ (၁၃ ႏွစ္) ႏွင့္ ေမာင္ဆီလွ (၉) တို႔ အသက္ရွင္ခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသမႈေသခင္းအမွတ္စဥ္ (၄/၂၀၁၉) ျဖင့္ေရးဖြင့္ကာ စစ္ေဆးေနသည္။

[ ယခုသတင္းကို မိတ္ဖက္မီဒီယာ The Voice ၏ တရားဝင္ခြင့္ျပဳခ်က္ျဖင့္ေဖာ္ျပျခင္း ျဖစ္ပါသည္။ ]

Unicode

ကျိုင်းတုံ၊ စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ဈေးတန်း (ကွက်သစ်) ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၁၃ ရက်) နံနက် ၈ နာရီခန့်က အဆိပ်သောက်ခဲ့သည့် မိသားစုဝင်ခြောက်ဦးအနက် လေးဦးသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“မနေ့က ည ၉ နာရီလောက်မှာ လားဟူလို နံငိုပင်လို့ခေါ်တဲ့ အဆိပ်ပင်ရဲ့ အမြစ်နဲ့အရွက်ကို ရေနွေးအိုးနဲ့ကြိုပြီး မိဘနဲ့သားသမီးလေးဦး သောက်ခဲ့ကြတယ်။ အော့အန်ခဲ့တဲ့ သမီးတစ်ယောက်နဲ့သားတစ်ယောက်သာ အသက်ရှင်ကြတယ်။ ကလေးတွေအားလုံးက ကျောင်းသား၊ ကျောင်းသူတွေပါ။ စားဝတ်နေရေး အဆင်မပြေဘူးလို့ သိရတယ်”ဟု ၎င်းက ဆိုသည်။

အဆိပ်သောက်သုံးသူများအနက် ဦးအားမြာ(၄၆ နှစ်)၊ ဒေါ်အီနား(၄၈ နှစ်)၊ မောင်ထောမ (၁၅ နှစ်)၊ နေလင်းထွန်း (၈ နှစ်) တို့မှာ သေဆုံးခဲ့ပြီး မနော်မိ (၁၃ နှစ်) နှင့် မောင်ဆီလှ (၉) တို့ အသက်ရှင်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၉) ဖြင့်ရေးဖွင့်ကာ စစ်ဆေးနေသည်။